Wednesday, August 26, 2009

နောင်တမဲ့သော... (၂)

အလွမ်းတွေ တိုက်စားသွားတဲ့ .... ဟာ
တဖြည်းဖြည်း ပါးလျ လာခဲ့လိုက်တာ
နောက်ဆုံးတော့
အလင်းမှုန် ယဲ့ယဲ့ လေး တွေတောင် ပြုံးပြ..

သံသရာအတွင်းမှာ
ရှင်းလို့ မလင်း နိုင်သေးသရွေ့
ဝဋ်ကြွေးမကျေတဲ့ နေ့တွေ..
အလွမ်းနွံ ထဲ ကျွံ ဆဲ
ဒုက္ခ သစ္စာ .. ဒီ ဆင်းရဲ...
ပြုံးပြုံး လေးပဲ နှစ်သက်နေ.....


ပင်လယ်အတွင်း.. ရေဆင်းချိုးတဲ့.. နေ..
ကမ္ဘာ တဖက်.. လေညင်းခံထွက်တဲ့ .. .
ဒီကမ္ဘာ ဂြိုလ် နှစ်ပါးခွင်မှာ
နှစ်ပါး သွား...
ကတော့ က ပါရဲ့ ထာဝရ..
ဒါပေမဲ့.. တနေရာစီ
(ဒီအမိုက်မ.. ကတော့)..
အဲဒီ ကမ္ဘာခြား ဝေဒနာ လေး ကိုပဲ
နစ်မျော တွယ်တာဆဲ..


တကယ်ပါပဲ ကွယ်..
ခေါက်ရိုးကျိုး နေတဲ့ အလွမ်းတွေနဲ့
အသားကျ နေခဲ့ပြီးပြီ မို့..
ရာသီပေါ် အချစ်တွေ
မက်မော မနေတော့ ပါဘူး လေ....


ညီမလေး ရေ...
သူ့ကို ငါ.. တကယ်ချစ်ခဲ့တာ ပါ.....။


မမသီရိ
၂၆.၈.၂၀၀၉

10 comments:

ဆောင်းယွန်းလ said...

သူဆိုတာ.....သူလား။။

ကဗျာကတော့မိုက်တယ်ဗျာ...

လင်းဒီပ said...

တကယ်ပါပဲ ကွယ်..
ခေါက်ရိုးကျိုး နေတဲ့ အလွမ်းတွေနဲ့
အသားကျ နေခဲ့ပြီးပြီ မို့..
ရာသီပေါ် အချစ်တွေ
မက်မော မနေတော့ ပါဘူး လေ....

တကယ်တမ်း နှစ်နှစ်ကာကာ ချစ်ခဲ့ရတဲ့အချစ်ကြောင့် ဖြစ်ရတဲ့ လွမ်းဆွတ်ခြင်းတွေ သိမ်းထားပြီးပြီဆို နောက်ထပ် ရလာမယ့် ရာသီပေါ် ပေါ့ရွှတ်ရွှတ် အချစ်မျိုးကို ဘယ်သူမှ ထပ်မလိုချင်တော့ပါဘူး...။

စည်သူ said...

တကယ်ပါပဲ ကွယ်..
ခေါက်ရိုးကျိုး နေတဲ့ အလွမ်းတွေနဲ့
အသားကျ နေခဲ့ပြီးပြီ မို့..
ရာသီပေါ် အချစ်တွေ
မက်မော မနေတော့ ပါဘူး လေ....

တကယ်ပြောတာလား မမမမတီရိ..
ဟုတ်ပါတယ်.. အရင်က ခေါက်ထားတဲ့အတိုင်းပဲ
ကောင်းပါတယ်..

မော်ဒန်အချစ်တွေ,အလွမ်းတွေက မကောင်းဘူးနော်..
ဘာတွေမှန်းလဲမသိဘူး..

ဒီမှာ... ဟေ့ရောင်
မင်းဘာတွေလာပြောနေတာလဲ..
လာကျူမနေနဲ့ ပါးချထည့်လိုက်လို့
ဆယ်မိုင်ခရီးကို အမြန်ယာဉ် မစီးပဲ
ရောက်သွားမယ်.. အဲလိုမျိုးလေ

ကြက်သီးတောင်ထတယ်....

kiki said...

မမရေ ..
ခေါက်ရိုးကျိုးနေတဲ့ အလွမ်းတွေကို ပြန့်သွားအောင် မီးပူ ထိုးပေးပါ့မယ် ။
နေ့  တွေ ည တွေ ၊ နေ တွေ လ တွေ ကို
ကြင်ကြင်နာနာလေး မက်မောစွာနဲ့  ဆက်ချစ်ပါတော့လား ။
ကူညီ ပါရစေ ။ ဟိဟိ

ခင်မင်လျှက်
ကိကီ

အရုပ်ကလေး said...

ကဗျာကိုဖတ် နင့်နင့်လေးလွမ်းတာ
နေနှင့်လကြားက
နေ့ညပြောင်းလဲမှုဖြစ်စဉ်ကြား
ယဲ့ယဲ့လေးကျန်ခြင်းမှာ
ကဗျာဟာ ပင့်သက်ပြင်းစေတယ် ..။

ခင်မင်စွာ
idulize(အရုပ်ကလေး)

sonata-cantata said...

"နောင်တမဲ့သော" ကိုပါ ပြန်ရှာပြီး ဖတ်သွားတယ် မမသီရိ

emayarKhin said...

တကယ်ပါပဲ ကွယ်..
ခေါက်ရိုးကျိုး နေတဲ့ အလွမ်းတွေနဲ့
အသားကျ နေခဲ့ပြီးပြီ မို့..
ရာသီပေါ် အချစ်တွေ
မက်မော မနေတော့ ပါဘူး လေ......

စာသားလေးတွေကြိုက်လိုက်တာ....

ကောင်းကင်ပြာ said...

အလွမ်းနွံ ထဲ ကျွံ ဆဲ
ဒုက္ခ သစ္စာ .. ဒီ ဆင်းရဲ...
ပြုံးပြုံး လေးပဲ နှစ်သက်နေ.....

ပြုံးနေပါတယ် မမ

Anonymous said...

ရာသီပေါ်အချစ်တွေရမယ်.. တစ်ချစ်မှ ရင်းဂစ် ၉သိန်းထဲ.. :P

Sugar said...

The Day & the Night meet each other twice a day.
Sometimes, the Sun & the Moon are seen together even in day time. Only when the Night nobody can see the Sun.