Friday, August 21, 2009

ဝိုင်နီပုလင်းလေး တလုံး...


တိမ်တွေကို အထူအပါးညှိကြည့်ဖို့
စိန်စီသောလမ်း လဲ

မလျှောက်လှမ်းလိုပါဘူး ကလေးလေး ရယ်...


မင့် မျက်ဝန်း ညိုညို တွေ
အဝေး က ငေး ရုံလေးပါပဲ....။

မင့် အပြုံး မှုန်မှုန်တွေ
အဝေး က ငေး ရုံလေးပါပဲ....။

မင့် ကိုယ်ငွေ့ နွေးနွေး
အဝေး က တွေး ရုံလေးပါပဲ...။

အသက်တွေသာ
တနေ့ ပြီး တနေ့ ကြီးလာခဲ့

နှလုံးသားလေး က နဂိုနေရာမှာ ရပ်တန့်

ခံစားလွယ်လွန်း သူ လူကလေး အတွက်

အကြင်နာ ၀တ်ရုံလေးတခု ခြုံပေးချင်တာက လွဲပြီး.....



လမင်း လမ်းလျှောက်ထွက်တဲ့ ည

ကြယ်ကြွေတွေ အတူကောက်
အိပ်မက်ဝိုင် ချိုချိုကို အိပ်မက်ထဲ ပဲ အတူသောက်

အိပ်မက်ထဲမှာပဲ ရောက်ခဲ့တဲ့မြို့မှာ

အိပ်မက်ထဲ မှာပဲ အတူတူ ရှိနေရုံက လွဲ ပြီး...



ကသစ်ပန်း နီနီ တွေ

အစီအရီ ပွင့်တဲ့ ရာသီတခု

တိမ် အကြွင်း အကျန်တွေ စုလို့ မြေသြဇာကျွေး

အိပ်မက်ထဲမှာပဲ ပြုစု မွေးထားတာက လွဲပြီး....



ကျမရဲ့ ချစ်ခြင်းမေတ္တာတွေ

မင့် ချစ်ခြင်း အကြင်နာတွေ
....
အတူတူ ရောဖောက် ရက်ထားတဲ့

ကော်ဇော ပြာပြာလေးတချပ်
..
အတူတူ ထိုးစိုက် အလှဆင်ခဲ့တဲ့
ရောင်စုံ ပန်းအိုးလေး တလုံး
ကျမ ထာဝရ သိမ်းထုပ်ပေးသွား မှာက လွဲပြီး....



တိမ်တွေကို အထူအပါးညှိဖို့

စိန်စီသော လမ်းကိုလဲ မလျှောက်ခဲ့ချင်..

(ကလေးလေး ရယ်..
)
မှန်တာပြော သစ္စာ လို့ဆိုခဲ့ရင်..

တို့...ဆံပင်တွေ သိပ်မဖြူ ကြခင်..

တွေ့ ကို တွေ့ ချင်တာပေါ့နော်...



တကယ်လက်တွေ့ဘ၀ မှာတော့

နေ့ဆိုတာတွေ

ည ဆိုတာတွေ
ဝေးကွာခြင်းရဲ့ သဘောတရားတွေ

တရွက်..စီ

တလွှာ..စီ
ခွဲခြား စိတ်ဖြာ ကြည့်လိုက် တဲ့ အခါ....



မင်းရဲ့ နာကျင် ကြေကွဲခြင်း အထွေထွေ

ကျမရဲ့ ဆူးပြွမ်းတဲ့ ဒဏ်ရာ ဗရပွ
အသီးသီး အ.သ.က.. အ.သ.က..

စီးကျလာတဲ့ နှလုံးသွေး ကိုယ်စီကို...
အနီရောင် ၀ိုင်ပုလင်းထဲ ထည့် .. ချိပ်ပိတ်..

နောင်ဘ၀ တခု မှာ အတူဖွင့်ကြဖို့ တံဆိပ်နှိပ်..



မျက်ရည်တွေ ကိုယ်စီနဲ့...တို့...
.
တိတ်တိတ်လေး.. ငေးကြည့်နေကြ ရုံ.........။



မမသီရိ (၁၁.၈.၂၀၀၉)

15 comments:

Yu Ya said...

အော်...မမသီရိရယ်.. တိတ်တိတ်လေး ငေးကြည့်ရုံနဲ့ ကျေနပ်နိုင်ပြီလားဗျာ...

yu ya

kiki said...

တိမ်တွေကို အထူအပါးညှိဖို့
စိန်စီသော လမ်းကိုလဲ မလျှောက်ခဲ့ချင်..
(ကလေးလေး ရယ်.. )
မှန်တာပြော သစ္စာ လို့ဆိုခဲ့ရင်..
တို့...ဆံပင်တွေ သိပ်မဖြူ ကြခင်..
တွေ့ ကို တွေ့ ချင်တာပေါ့နော်.....

နုနုရွရွ စကားလုံးလေးတွေ နဲ့ 
နွမ်းနွမ်းမြမြ အလွမ်းလေးတွေ
ဆွေးဆွေး မြေ့ မြေ့ လေး ဖတ်နေရင်း မှာ
ဒီကဗျာလေး ထဲ နစ်မြောသွားမိတယ်
အိပ်မက်လှလှလေး တွေဆီက မနိုးထချင်တော့ဘူး ကွယ်..

ဆွေးပြီး ပြန်ပြေးသွားရပါပြီ မမသီရိရေ .....
ဖတ်ရင်း နဲ့ သနားလွန်းလို့  ...
သူ့ ကို ၊ ဆံပင်တွေ ဖြူတဲ့အထိတော့ မစောင့်နေပါနဲ့ တော့ နော်
ကူညီပြီးတွေ့ အောင် ရှာပေးပါ့မယ် ... :(
လိုရင် လှမ်းအော်ခေါ်လိုက်ပါ ...

ခင်လို့ စတာ .. စိတ်ဆိုးလိုက်နော် ..

စိတ်စမ်းရေ said...

တကယ့်ရင်တွင်းဖြစ်တွေလား...ဟင်...။

Anonymous said...

သနားပါတယ်ဗျာ..း(

ဆောင်းယွန်းလ said...

စာသားတွေကနူရွလှပနေပါလားမသီရိရေ....

တိတ်တိတ်လေးငေးကြည့်နေကြရုံနဲ့ ကျေနပ်နေပြီပေါ့လေ....အချစ်နဲ့ပတ်သက်ဖူးတဲ့လူတိုင်းကဒီလိုပဲနူးညံ့နေကြတာလားမသိဘူး......

ငြိမ်းဝေ said...

ဒီဘ၀ ဒီလိုခံစားရပေမယ့် နောင်ဘ၀မှာတော့ အဆင်ပြေနိုင်ကြပါစေ..

စည်သူ said...

မမတီရိရယ်....

ဘာချစ်ယို့ယဲ...

ဘယ်ဒ ထယေးယေးယဲ...

ဘယ်မှာ တွားတွေ့တာယဲ မမတီရိ....

ဟဲဟဲဟဲ.... တားတားတော့ဟုတ်ပါဘူးနော်.....းP

အဲလိုညိုး ထံဂျားရတာ.. မိုက်ဘူးကွာ..

ထံဂျားချင်ဘူး... ကျော်ချွင်ပါဂျေ...

ထင်မင်ဂျွာဖြင့်
ကျီတူ။

လင်းဒီပ said...

အစ်မကဗျာလေးက နုနုလေး
ဖြည်းဖြည်းလေး ဖတ်ရတယ်.. ထိခိုက်မိမှာ စိုးလို့...
တခါတလေတော့လည်း တိတ်တိတ်ကလေးက အဝေးက ကြည့်ငေးနေရုံ...။

နှင်းနဲ့မာယာ said...

မမရေ
ကဗျာလေးဖတ်ပြီး စိတ်တောင် မကောင်းဘူး...
မမရဲ့ စကားလုံးလေးတွေက နူးညံ့တယ်
အသုံးအနှုန်းလေးတွေက သိမ်မွေ့တယ်...
ခံစားပြီး ဖတ်သွားပါတယ်နော်....

နှင်း

sonata-cantata said...

ဝိုင်နီ(ကဗျာ) ကြိုက်တယ် မမသီရိ

သက်ဝေ said...

အနီရောင် ၀ိုင်ပုလင်းထဲ ထည့်... ချိပ်ပိတ်...
နောင်ဘဝတခု မှာ အတူဖွင့်ကြဖို့ တံဆိပ်နှိပ်...

သိပ်ကြိုက်တယ်...
မမရဲ့ ကဗျာလေးကို...

tin min htet said...

အရင်နေ့က ဖတ်ပြီးပြီ၊ ကြိုက်လည်း ကြိုက်ပါတယ်
ခု မသီတာကဗျာဖတ်ပြီး တခေါက်လာဖတ်တာ :P

Unknown said...

တကယ်လက်တွေ့ဘ၀ မှာတော့
နေ့ဆိုတာတွေ
ည ဆိုတာတွေ
ဝေးကွာခြင်းရဲ့ သဘောတရားတွေ
တရွက်..စီ
တလွှာ..စီ
ခွဲခြား စိတ်ဖြာ ကြည့်လိုက် တဲ့ အခါ....


အရမ်းကောင်းတဲ့အဖွဲ့လေးတွေပါ မမသီရိရေ..

အခုတလော မမသီရိ ထိနေလားမသိဘူး....

မမသီရိရေ...
ခံစားမှုတွေဟာ ခဏပါ ဒါပေမယ့်လည်း ဝေဒနာက မသက်သာတာ ဆိုတယ်နော်....

ပျော်ရွှင်ချမ်းမြေ့ပါစေနော်..
ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)

ကောင်းကင်ပြာ said...

ချစ်မ ငေးကြည့်နေရုံနဲ့ ကျေနပ်နေသူ တယောက်ပါ

သီဟသစ် said...

မမသီရိရေ

ချိုသာသိမ်မွေ့တဲ့
ဝိုင်နီလေးကိုလာသောက်ပါတယ်မမရေ

ခင်မင်စွာဖြင့်
သီဟသစ်