Monday, August 17, 2009

ရူးသွပ်ခြင်း


တကယ်တမ်းပြောရရင်...
အချစ်ဦးလို့ ဖြစ်ဖူးချင်တာပေါ့

ဒါပေမဲ့..
...
..
ဆန္ဒနဲ့ လက်တွေ့
ထပ်တူမကျနိုင်တော့တဲ့ အဆုံး
ဘယ်လိုပဲ ချစ်ရ ချစ်ရ..
ချစ်ခွင့်ရဖို့ကလေးပဲ.. တပ်မက်နေမိ...။

ညဥ့်နက်နက်တွေလဲ လှောင်ပြီပေါ့ ချစ်သူရေ...။

တကယ်တော့..
ကွန်ပျူတာ အွန်လိုင်းပေါ်က
မင်းရဲ့ အပြုံးသင်္ကေတလေးကိုတောင်
ရူးသွပ်စွာ... ရူးသွပ်မိသူ ..ငါ..
.....
.....
အာရုဏ် အတက်
မက်တဲ့ အိပ်မက်ထဲက
မင်းရဲ့ ကိုယ်ငွေ့ လေးကိုတောင်
ရူးသွပ်စွာ တပ်မက်မိသူ ငါ...
...
....
ကိုယ့်အတွက် မဖြစ်နိုင်မဲ့
သံစဉ်တွေ အတွက်... ၀မ်းနည်းခဲ့ရသလို..

မင်း အတွက်ပါ... လို့...ပြောလာမဲ့
ကဗျာလေး တပုဒ်..ရယ်

မင်း ကို ချစ်လိုက်တာ လို့
ပြောလာမဲ့ စကားလေး တခွန်း ရယ်...

အဲဒါ ရင်ထဲက ပါ ဆိုတဲ့
အနမ်းလေး တပွင့် ရယ်...

ကဲ အတူတူ လျှောက်ရအောင် ဆိုပြီး
ကမ်းလာမဲ့ လက်ကလေး တဖက်ရယ်....

မရုပ်သိမ်းချင်မိသေးတဲ့.. မျှော်လင့်ချက်.နဲ့.
မနက်ဖြန် ဆိုတာတွေ ရှိနေသရွေ့
ငါ မျှော်လင့် နေမိအုံး မှာ..

ငါ ..မျှော်လင့်နေမိတာ.. ဆန်းမလား ကွယ်....။


မမသီရိ

8 comments:

Yu Ya said...

လုပ်ပလိုက် မမသီရိရေ.. မျှော်လင့်ပလိုက်..အဟီး။ လူဆိုတာ မျှော်လင့်ရင်းနဲ့ အသက်ရှင်နေတာတဲ့.. ကျွန်တော်ပြောတာမဟုတ်ဘူး. ဘယ်သူလဲမသိဘူးပြောတာ။

yu ya

Unknown said...

မမသီရိရေ...
ကဗျာလေးအရမ်းထိတယ်ဗျာ...
အရမ်းလည်းကောင်းတယ်...
ထပ်တူခံစားရတယ်...
ကျနော်လည်း အခုတလော ဘာမှလုပ်ချင်စိတ်မရှိဖြစ်နေတယ်...
လေနေတာအစုံပဲဗျာ...

မမသီရိလည်း....

မျှော်လင့်ထားသမျှတွေ မျှော်လင့်သလိုဖြစ်ပါစေဗျာ...

ကျနော်ကတော့ မျှော်လင့်နေတုန်းပဲဗျာ....

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)

Anonymous said...

နည်းပညာ၏ နှိပ်စက်ခြင်းပေါ့ကွယ်.. ခွိ..

kiki said...

မျှော်လင့်ရင်းရူး ၊
ရူးရင်းမျှော်လင့် ၊
ဒီလိုနဲ့ ပဲ .ဒီလိုနဲ့ ပဲ ..
ရူးသထက်ရူး ..
ဟိ ..ဒီအရူးက တမူးသာတာပေါ့ ။
အွန်လိုင်းပေါ်ရူးရတာ ..
ပိုမိုက်တယ် နော် ..

ဆက်ရူးနိုင်ကြပါစေ ..

အရူးချုပ်မှူးကြီး
(ကွိကွိ )

စည်သူ said...

မနက်ဖြန်ဆိုတာ
ရှိနေသေးသ၍ ချစ်ခွင့်ရှိသေးတယ်

မင်းလေးဘယ်ရင်ထဲမှာနေနေ ခွင့်လွတ်နေမယ့်သူ

ငါ့ရဲ့ချစ်စိတ်ကတော့ အရာရာဟာ အရင်လိုပဲ...

အဲဒီသီချင်းကိုပဲဆိုလိုက်တော့မယ်...

ပျော်ရွှင်ပါစေမမသီရရေ....

ထင်းထင်း said...

မမရေ
ကဗျာကောင်းလေး လာရောက်ခံစားသွားပါတယ်နော်။ မနက်ဖြန်ဆိုတာ ရှိနေသေးသရွှေ့ မျှော်လင့်ချက်ရှိနေမှာပါ မမရယ်။

ပျော်ရွှင်ပါစေ။
ထင်းထင်း

သုခုမလေဒီ said...

မသီရိရေ အရမ်းကြိုက်တယ်၊ အရမ်းမိုက်တယ်၊ အရမ်းခိုက်တယ်။း) အဲလိုကဗျာမျိုးလေးရေးချင်တာ မရေးတတ်လို့ ။ တကယ်ခံစားသွားတယ်။
copy လုပ်သွားပြီနော်။ ကျေးဇူးးးးးးးးးးးးးးးး
အဆင်ပြေပျော်ရွှင်ပါစေ။

ဆောင်းယွန်းလ said...

မျှော်လင့်နေမိတာကတော့ ရူးသွပ်ခြင်းမဟုတ်တန်ရာကောင်းပါဘူးနော်

မျှော်လင့်ခြင်းကို စွန်ကလေးတကောင်လိုလွှင့်ထားလိုက်ပေါ့