Friday, August 14, 2009

မင်းရဲ့အရုပ်ကလေး


မင်း ထိုင် ဆို ထိုင်

ထ ဆို ထ ပေးမဲ့

အရုပ်ကလေး တရုပ် က ငါ..


မင်း လာ ဆို လာ

သွား ဆို ထွက်သွားပေးမဲ့

အရုပ်ကလေး တရုပ် က ငါ..


မင်းငို ဆိုရင် ငို

ရီ ဆိုရင် ရီ ပေးမဲ့

အရုပ်ကလေး တရုပ် က ငါ…


မင်း ဆို ဆို ရင် ဆို

က ဆို ရင် ထက မဲ့

အရုပ်ကလေး တရုပ် က ငါ…


မင်း ပြောသမျှ ခေါင်း ညိတ်

မင်း ခိုင်းတိုင်း လိုက် လုပ်

အရုပ် တရုပ် လို လေ


အရာရာ မင်း အလိုကျ

မင်း ဆန္ဒ အတိုင်း ဖြစ်ရစေ့မယ်

အဲဒါ ချစ်လွန်းလို့ ပါ ချစ်သူ ရဲ့


တခုတော့ ရှိတယ်

မင်း ချစ်ဆိုရင် ချစ်

မုန်း ဖို့ ကို လာမပြောနဲ့

မင်း အဝေး နေရင် လွမ်း

မလွမ်းဖို့ ကိုတော့ လာမပြောနဲ့

(ဒီလို မျိုး ကျတော့)

မင်း ရဲ့ အရုပ်ကလေး ခေါင်းမာတယ်.. ။


မမသီရိ
(၂၉.၇.၂၀၀၉)

13 comments:

kyalkalay said...

မမသိရိ ကို လေ စိတ်ထဲ အမကြီး
အရွယ်လို့သတ်မှတ်ထားလို့လားမသိ
ဒီလို post တွေ ဆိုရီချင်တယ်းP

Yu Ya said...

တယ်ဟုတ်တဲ့ အရုပ်လေးပါလား မမသီရိရေ...

yu ya

Yu Ya said...

ဝေး..ကြယ်ကလေးရေ.. ဒီလိုပြောရအောင် မမသီရိကိုများ.. ဘယ်အရွယ်ထင်လို့လဲ...

ကျွန်တော်လည်း မသိဘူး.. အဟီး။

yu ya

မြစ်ကျိုးအင်း said...

ဒီလိုခေါင်းမာပုံမျိုးကတော့ အရုပ်ကလေးရဲ့ချစ်သူ ကျေနပ်နားလည်မှာပါ...။

လင်းဒီပ said...

ခေါင်းမာတဲ့ အရုပ်ကလေးကို လာကြည့်သွားပါတယ် အစ်မ...။

kiki said...

လွမ်းပဲလွမ်းတတ် ၊ မမုန်းတတ် တဲ့  အရုပ်ကလေးကို ပိုင်ရတဲ့  ပိုင်ရှင် ကတော့ ကံကောင်းသူတယောက်ပေါ့ နော် ။ ပြီးတော့ ကြိုးဆွဲရာလည်း က တတ်တာ တယ်ဟုတ်ပါလား။
အဲ့လို အရုပ်လေး တရုပ်လောက်တော့ လိုချင်သား မမသီရိ ရေ ..

ခင်မင်လျှက်
ကိကီ..

ခြေလှမ်းသစ် said...

ဒီအရုပ်လေးက ဒါမျိုးကျတော့ တယ်ဟုတ်ပါလား သူလဲ အတော်လည်သားပဲနော် .....

စည်သူ said...

မင်း ဆို ဆို ရင် ဆို

က ဆို ရင် ထက မဲ့...... အဲဒါက

မင်းဆိုရင်ဆို.. ကဆိုရင်ထကမဲ့.. အဲလိုမှတ်လားအမ

I saw my Toy now..,HO... HO... HO...

ခင်မင်စွာဖြင့်
စည်သူ။

ကိုရင်နော်ခင်လေးငယ် said...

တခုတော့ ရှိတယ်
မင်း ချစ်ဆိုရင် ချစ်
မုန်း ဖို့ ကို လာမပြောနဲ့
မင်း အဝေး နေရင် လွမ်း
မလွမ်းဖို့ ကိုတော့ လာမပြောနဲ့
(ဒီလို မျိုး ကျတော့)
မင်း ရဲ့ အရုပ်ကလေး ခေါင်းမာတယ်.. ။


ဟုတ်တယ်... ကျနော်လည်း ခေါင်းမာတယ်..

emayarKhin said...

ခေါင်းမာပုံခြင်းတူတယ်...မမ...ရေ...

ဆောင်းယွန်းလ said...

ခေါင်းမာတဲ့အရုပ်ကလေးကိုလာကြည့်တာမသီရိရေ

kaungkinpyar said...

မမ အရုပ်လေး မဖြစ်ချင်ဘူးးး

သီဟသစ် said...

မမသီရိ

အရုပ်ကလေးဖြစ်ချင်ဘူး အနော်လည်း
:D
ခင်မင်စွာဖြင့်
သီဟသစ်