Tuesday, August 11, 2009

ပုံပြောပြမယ်..


မောင်လေးရေ မငို ပါနဲ့ ပုံပြောပြမယ် ကွဲ့
ညီမလေးရေ မငိုပါနဲ့ ပုံပြောပြမယ် ကွဲ့

နားစိုက်ထောင်လို့ မှတ်တော့ကွယ်
မမ ပြောပြမယ်..
..
(ရီလိုက်ရတာ ဖတ်ဖတ်မော
ရင်ဘတ်နောက်ကကျော...
လူ မိုက် တတော ရဲ့ .. မှတ်သားဖွယ်)
...
...

အရောင်မှိန်လေနိုး
ပြာပူနဲ့ တိုးတိုက်
မိုက်လိုက်တဲ့ ဒီလူတွေ
အဲဒီပတ္တမြား.. ပိုလို့တောင်ရဲသွား သတဲ့
..
..
အရှိန်အ၀ါ ညှိုးလေနိုး
တိမ်မိုး တွေ ကြိုးစားကာ
မိုက်ပါပေ့ ဒီလူများ..
အဲဒီနေမင်း ကတော့ သူ့ဖာသာ လင်း မြဲ တဲ့
..
..
အမျိုးပြုတ်လေနိုး
ဖိနစ်ငှက်ကို အတောင်ချိုး
အိုးထဲ ထည့်ဖို့ ကြံ
ငမိုက်သားတွေ ဖန်
အပြုံး မပျက် အဲဒီငှက်
အရောင်စုံ တောင်ပံဖြန့် ပျံဖို့ အသင့် တဲ့
...


အသိဥာဏ်..ပညာမဲ့
ငမိုက်သားတဖွဲ့
လျှောက်ရမဲ့ လမ်းပျောက်တော့
အကြံကုန် ဂဠုန် ဆားချက်
ပညာရှိတွေ ရယ်ပွဲ ဖွဲ့
...
...

ညီမလေး နဲ့ မောင်လေးရေ
မှတ်သား လိုက်တော့လေ..

မင်းတို ဘ၀မှာ ရှောင်လေ ရှား
အဲသလို ဘ၀ နဲ့ ငမိုက်သား ....။


မမသီရိ (၁၂.၉.၂၀၀၉)

9 comments:

Moe Cho Thinn said...

ရီလိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက်က ကျော။

ဒီမိုဝေယံ said...

မမသီရိရဲ့ ကဗျာခံစားသွားပါတယ်။

အမျိုးပြုတ်လေနိုး
ဖိနစ်ငှက်ကို အတောင်ချိုး
အိုးထဲ ထည့်ဖို့ ကြံ
ငမိုက်သားတွေ ဖန်
အပြုံး မပျက် အဲဒီငှက်
အရောင်စုံ တောင်ပံဖြန့် ပျံဖို့ အသင့် တဲ့
...
ကျွန်တော်တို့လည်း ရှေ့ဆက်ပြီး တောင်ပံဖြန့်တက်ဖို့ အသင့်ပါ။

Anonymous said...

ဟုတ်၏.. ဟုတ်၏။... နှောငင်းလူများမှတ်သားလေ..
ပုံလေးကချစ်စရာ.. သားသားပုံလေးလားဟင် ဟိုဟာ။

Yu Ya said...

မမသီရိရေ.. ကလေးကဗျာလေးကို လူကြီးလေးတစ်ယောက် ဖတ်သွားပါတယ်ခင်ဗျာ..။

yu ya

လင်းဒီပ said...

ကလေးကဗျာဆိုပေမယ့် လူကြီးတွေနားထောင်သင့်တဲ့ ပုံပြင်လေး ဖတ်သွားပါတယ်...။

ပတ္တမြား နေမင်း ဖီးနစ်ငှက် တင်စားထားတာလေးတွေကို မှတ်သားသွားပါတယ် အစ်မ...။

မီယာ said...

ကောင်းလိုက်တာ မမရေ... ကလေးတွေကို ပြောပြဖို့ ကူးသွားတယ်

kiki said...

မမရဲ့  ကလေးချော့ ကဗျာလေးက
လူကြီး တွေပါ ပညာရစေတယ်နော် ။
အိုင်ဒီယာ လေး ကောင်းလိုက်တာ ။

ခင်မင်လျှက်
ကိကီ ။

Anonymous said...

ကဗျာရဲ့ အိုင်ဒီယာလေးက ခံစားလို့ကောင်းလိုက်တာ ငမိုက်သားတွေကို ဖတ်စေချင်တယ် .. သူတို့ကို တိုက်ရိုက်ထိစေတယ်.. အားပေးသွားတယ်.
ကိုဇော်

မိုးခါး said...

အဲလိုငမိုက်သားတွေကို ဝေးဝေးကကိုရှောင်ရမှာ .............