Monday, August 10, 2009

ချစ်ညီမလေး သို့



အဲဒီ မှောင်မိုက်တဲ့ညတွေ ပေါ့
ကျမ ရိုက်ချိုး ဖျောက်ဖျက်ပြစ်ချင်တာ

အဲဒီ ရိုင်စိုင်းတဲ့ သားရဲတွေကိုပေါ့
ကျမ နုပ် နုပ် စင်းချင်နေမိတာ

ဒီ သားရဲ တွေကြောင့်
ညီမလေး အဝေး မှာရှိနေရတာ

ဒီ သားရဲတွေကြောင့်
ညီမလေး ချစ်တဲ့မြေ မှာ ရှိမနေတော့တာ

ဒီ သားရဲတွေကြောင့်
ညီမလေး မေမေ့ ကို လွမ်းနေရတာ

ဒီ သားရဲတွေ ကြောင့်....

ညီမလေး ၀မ်းနည်း အားငယ် နေရော့မယ်

အားတင်းထားပါ ညီမလေး
မုန်တိုင်းတွေ လွန်ရင်တော့ လှိုင်းတွေ ငြိမ်သွားမှာလေ
အမှောင်ဆုံးကို ဖြတ်ပြီးတဲ့အခါ
အလင်းရောင် ရှိနေတာ အသေအချာ ပါပဲ

ဝမ်းမနည်းပါနဲ့ ညီမလေးရေ

တို့တွေ ပြန်ဆုံ ကြတဲ့ အခါ..

ညီမလေး ပါးပြင် ဖောင်းဖောင်းလေး
မမ သနပ်ခါးသွေး ပြီး လိမ်းပေးမယ်

သနပ်ခါး ဖွေးဖွေး နဲ့ ညီမလေး ကို
မမ မွှေးမွှေး ပေး ပေး မယ်..

ဝမ်းနည်းနေခဲ့ ရတဲ့ ညီမလေး ကို
မမ ထွေးပွေ့ ထားပေးပါ့မယ်
...
...
...

မမ ရဲ့ အလွမ်းတွေ ကို လဲ
ညီမလေး နားလည်ပေးမှာ မမ သေချာတာပေါ့

မမကြေကွဲနေတာတွေ လဲ
ညီမလေး ဖေး မ ပေးပေါ့..

ရင်မော ကြရတာတွေ ခံစားချက်ခြင်း ဖလှယ်ကြမယ်..
ပင်လယ်ကမ်းစပ်တလျှောက် မမ တို့ ခရုကောက်ထွက်မယ်..

တောအုပ်ညို ခင်တန်းနဘေး လိပ်ပြာလေးတွေ လိုက်ငေး မယ်

မိုးကောင်းကင်ပြာပြာပေါ်က တာရာလေးတွေ တို့ရေ ကြမယ်

ကဲ..
ညီမလေးရေ..
လုံးဝ အားမလျှော့လေနဲ့
ဝမ်းနည်း အားငယ် မနေနဲ့
မမ တို့ရဲ့ နေ့
ညီမလေးရဲ့ နေ့
ရှေ့မှာ မဝေးတော့ ဘူးကွယ့် နော်....။

(ချစ်သော ညီမလေး အတွက်)

ချစ်ခြင်းများစွာဖြင့်

မမသီရိ

8 comments:

Unknown said...

မမသီရိရေ...

ညီမလေးရဲ့ မျှော်လင့်ချက်တွေလည်းပြည့်ဝပါစေ
မမလည်း ရည်မှန်းထားတွေ ဖြစ်မြောက်ပါစေဗျာ...

ကဗျာလေးဖတ်ပြီး ရင်ထဲခံစားမှု တခုတိုးလာသလိုပဲဗျာ....

မဝေးတော့ပါဘူး...
ရွှေပြည်တော်ကြီး ပြန်လည်လှပါလာအုံးမှာ သေချာပါတယ်ဗျာ...

ကိုရင်နော်ခင်လေးငယ် said...

မမရေ..
ကဗျာလေး လာဖတ်သွားပါတယ်..း(

Yu Ya said...

မမသီရိရေ... ကဗျာလေး ဖတ်သွားပါတယ်။ မမသီရိရဲ့ ညီမလေးနဲ့ အမြန်ဆုံး ဆုံတွေ့နိုင်ပါစေလို့ ဆုတောင်းပေးနေပါမယ်ဗျာ..

yu ya

မြစ်ကျိုးအင်း said...

မမသိရိရေ
“ညီမလေး ပါးပြင် ဖောင်းဖောင်းလေး
မမ သနပ်ခါးသွေး ပြီး လိမ်းပေးမယ်”
အဲဒီစာသားလေးတော့ အကြိုက်ဆုံးပါပဲ
ချစ်ခြင်းတွေကို ထင်ထင်ရှားရှားမြင်လိုက်ရတယ်..။

တနေ့မှာပြန်ဆုံကြမယ်လို့ ယုံကြည်မျှော်လင့်ပေးပါတယ်

သီဟသစ် said...

မမသီရိရေ

သားရဲတွေနဲ့ ဝေးတဲ့တစ်နေ့ကို မြန်မြန်ရောက်ပြီး ချစ်တဲ့ညီမလေးနဲ့ ဆုံနိုင်ပါစေဗျာ

ခင်မင်စွာဖြင့်
သီဟသစ်

kaungkinpyar said...

ကောင်းကင်ပြာပြာကြီးအောက်မှာ ကြယ်တာရာလေးတွေ မြန်မြန် ရေတွက်နိုင်ပါစေ မမ

မိုးခါး said...

မြန်မြန်ရောက်ချင်နေပြီနော်
ရောက်စေချင်နေပြီ
မြင်ယောင်ပြီး ကြည်နူးမိပါတယ် မမသီရိရေ

kyalkalay said...

ကျနော်လဲ အရမ်းမျှော်လင့်တဲ့ ဘဝတူတခုပါ

ဆုတောင်းပေးပါ၏ အမ ဖြစ်ခြင်တာတွေဖြစ်ခွင့်ရပါစေ မြန်မြန်လို့