Sunday, August 02, 2009

သမီးပါးက ပန်းချီကား


ပါးကွက်လေးနဲ့ မကြေးမုံ

သနပ်ခါးလေး ခပ်ဖုံဖုံ


မွှေးမွှေး ရီရီ ပါးကွက်လေး

ဘယ်သူလိမ်းချယ်ပေး


ဖေဖေကသွေး မေမေရေး

သမီးပါးက ပန်းချီကားလေး


ချစ်ဖို့ကောင်းလို့ မွှေးချင်တယ်

သမီးက ခေါင်းဖယ်

ပါးပါးမွှေးတော့ အလှလျော့

ပါးကွက်ပျက်မှာပေါ့…။


မမသီရိ


ကဗျာဟောင်းလေး တပုဒ်ပါ။ အလွန်ချစ်စရာ ကောင်းသော ကျမရဲ့ အကိုဝမ်းကွဲ တယောက်ရဲ့ သမီးလေးကို ကြည့်ရင်းရေးခဲ့တဲ့ ကဗျာလေး တပုဒ်ဖြစ်ပါတယ်။ အဲဒီ တူမ ပိစိကွေးလေးက ခုတော့ တက္ကသိုလ် ရောက်နေပါပြီ။


Thanks to Oatara Cho being as Model in this Post.

6 comments:

မြစ်ကျိုးအင်း said...

ကလေးလေးက ချစ်စရာလေးပါလား
ကဗျာလေးဖတ်ရတော့ ပိုလို့တောင် ချစ်စရာကောင်း သွားသေးတယ်...။

ကလေးကဗျာတွေရေးရတာ လွယ်မလိုလိုနဲ့ မလွယ်ဘူးနော်...။

kiki said...

သနပ်ခါးလေး လိမ်းရတာ ကြိုက်တယ် .
အေးအေးလေးနဲ့ မွှေးမွှေးလေး လေ ..
သမီးလေး က သနပ်ခါးပါးကွက်ကျားနဲ့
ချစ်ဖို့ ကောင်းတယ် ..
ကဗျာလေးကလည်း ရိုးစဉ်းပြီး ရွတ်လို့ ကောင်းတယ် ။

(ခု အဲဒီ သမီးလေး က သနပ်ခါးရော ..ကြိုက်သေးရဲ့လား လို့ တွေးမိသေးတယ် မမသီရိ ရေ )

သီဟသစ် said...

မမသီရိရေ

ကဗျာလေးရော ကလေးလေးပုံရော ချစ်စရာကောင်းတယ်နော်

ခင်မင်စွာဖြင့်
သီဟသစ်

Sonata Cantata said...

ကဗျာလေးနဲ့ သမီးလေး ပုံလေးက မွှေးပျံသင်းကြိုင်...
ရင်ထဲကို အေးသွားတာပဲ

မေ့သမီး said...

သနပ်ခါးလေးနဲ့သမီးလေးပုံနဲ့ မမရေးတဲ့ကဗျာလေး ချစ်ဖို့ကောင်းလိုက်တာ။

ကောင်းကင်ပြာ said...

ပျက်ပျက် မွှေးမယ်နော်