Thursday, June 25, 2009

Remember The Time





သူ လောကကြီးကို စွန့်ခွာသွားတဲ့အတွက် ၀မ်းနည်းကြေကွဲနေကြမဲ့ သူတွေကတော့ ကျမ ကိုယ်တိုင်အပါ အ၀င် ကမ္ဘာပေါ် က လူသန်းပေါင်းများစွာ ဆိုရင် မှားမယ် မထင်ပါ။

သူဆုံးပြီ ဆိုတော့ ကျမ တမိနစ်ကျော်လောက် အံ့သြ ငြိမ်သက်သွားမိတယ်..။ သူက သူ့ ဘ၀ကို ပြန်လည် အဖတ်ဆည်ဖို့ ကြိုးစားနေသူ..။ သူ့ အနုပညာတွေကို လူတွေရဲ့ ရင်ထဲ ပြန်လည်ထည့်ပေးဖို့ ကြိုးစားနေသူ..။ ရှေ့ လမှာ ပဲ သူ လန်ဒန် ကို သွားပြီး ဖျော်ဖြေမှာ.. ခုတော့... ရုတ်တရက်ကြီး.. သူ ထွက်ခွာ သွားခဲ့ပြီ........။

ကျမ ရဲ့ DVD ခွေတွေ VCD ခွေတွေ ထားတဲ့ စင်လေးနား ကျမ ဖြည်းဖြည်းလေး သွားမိတယ်.။ ကျမနှစ်သက်တဲ့ သူ့ MTV အခွေ တွေ အဲဒီမှာ.. ငြိမ်ငြိမ်လေး လဲ လျောင်းလို့...။

သူ့ရဲ့ လပေါ် လမ်းလျှောက် အက
သူ့သီချင်းပေါင်း များစွာထဲက ဘယ်အချိန် နားထောင်ထောင် နားထောင်မိတိုင်း မျက်ရည်ကျမိတဲ့ We are the World.
နားထောင်တဲ့ အချိန်တိုင်း ဆွဲ ဆောင်မှု ရှိနေတဲ့ Beat It.
ခွဲခြားမှုတွေ မြင်တွေ့ရတိုင်း ပြေးသတိရမိတဲ့ Black or White.
ရင်ခုန်ရင်း ဆွေးလျ စေရတဲ့ Remember the Time.

ဝင်ရိုးစွန်းမှသည် အီကွေတာထိ တောရော မြို့ပါ မကျန်၊ လူကြီး လူငယ် လူရွယ် ကလေး မကျန် သူ့ကို လူတိုင်းနီးပါး သိကြပါတယ်။ သူရဲ့ တမူထူးခြားတဲ့ သီချင်းဆိုဟန်၊ သူမတူတဲ့ ကကွက်တွေ နဲ့ သူ့ရဲ့ ကျော်ကြား မှုကို ဆယ်စုနှစ်ပေါင်းများစွာ ပိုင်ပိုင်ကြီး ဆုပ်ကိုင်ထားနိုင်ခဲ့တဲ့သူပါ။ လောကဓံ အတက်အကျ ကြောင့် သူရင်ဆိုင်ခဲ့ရတဲ့ ပြသနာတွေ အရှုပ်အထွေးတွေ နာမည်ပျက်မှုတွေ ဘယ်လိုပဲ ရှိခဲ့ပေမဲ့ သူ့ရဲ့ ဂီတနဲ့ ဖန်တီးမှုတွေကို မြတ်နိုးနှစ်သက်နေဆဲ လူတွေက သန်းပေါင်းမြောက်များစွာ ရှိနေပါသေးတယ်။ နောင်ရာစုပေါင်းများစွာမှာလဲပဲ သူ့အမည်က လူတွေရဲ့ နှလုံးသားထဲမှာ စွဲမြဲကျန်နေအုံးမှာဖြစ်တဲ့ အပြင်၊ ကမ္ဘာ့မြေပြင်အနှံ့မှာလဲ သူ့သီချင်းတွေ ၀ဲ ပျံနေအုံးမှာ အသေအချာပါ။

ကမ္ဘာကျော် ဂီတ သမားကြီး မိုက်ကယ်ဂျက်ဆင် ကောင်းရာ သုဂတိလားပါစေ။


မမသီရိ

11 comments:

Anonymous said...

အံ့သြတုန်လှုပ် , နှမြောတသ ဖြစ်မိပါတယ်...လူသေပေမယ့် သူ့ရဲ့  အနုပညာကတော့ အမြဲတမ်းရှင်သန်နေဦးမှာပါ.... mie nge

JulyDream said...

ရောက်လာပြီးရင် ပြန်သွားရအုံးမှာပဲ...
သူကတော့ အမည်တစ်ခု ကျန်ခဲ့တာပေါ့။

Sonata Cantata said...

မိုက်ကယ်ဂျက်ဆင် ကောင်းရာ သုဂတိလားပါစေ။

ခြေလှမ်းသစ် said...

ငယ်စဉ်ကလေးဘ၀ကပင် စွဲစွဲလန်းလန်းဖြစ်ခဲ့ရသော အချစ်ဆုံး အနုပညာသည် တယောက်ပါ မိုက်ကယ်လ်တယောက် ကောင်းရာသုဂတိ လးပါစောလို့ ဒီနေရာကနေ ဆုတောင်းလိုက်ပါတယ်
ကိုဇော်

မင်းအိမ်ဖြူ said...

အနုပညာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့တဲ့ Jackson တစ်ယောက် ကောင်းရာသုဂတိလားပါစေ ၊၊
လောကကြီးမှာ အသက်ရှင်ရပ်တည် နိုင်ခဲ့ဘူးတယ် ဆိုတာ မှတ်တမ်းတင်နိုင်ခဲ့သူတစ်ယောက် အဖြစ် ဂုဏ်ယူပါတယ်

Unknown said...

Jackson တစ်ယောက် ကောင်းရာသုဂတိလားပါစေ ၊၊

မင်းမင်းက သူကတာကို အရမ်း ခိုက်တယ်။
သူ့ရဲ့ ဆံပင်ပုံကိုတော့ ခရေစီပဲ

နှင်းနဲ့မာယာ said...

မမရေ စိတ်ထဲမှာမကောင်းဘူး...
သူ့ရဲ့ လန်ဒန်ရှိုးကိုစောင့်နေတာ....
ရုတ်တရက်ကြီးနော်....
ကောင်းရာဘုံဘဝရောက်ပါစေ မိုက်ကယ်ရေ...

Anonymous said...

Jackson ကောင်းသောဘုံဘ၀ကိုရောက်ပါစေ.


နဒင်း

Moe Cho Thinn said...

သူက တခေတ်မှာ တယောက် ဆိုတဲ့ အနုပညာရှင် တယောက်ပါ။ မနေ့က သူ့ သီချင်းတွေ ပြန်နားထောင်နေတာ.. သီချင်းတွေ အကုန် ကောင်းအောင်ဆိုနိုင်တာ အံ့သြစရာ..

kaungkinpyar said...

မနေ့ က တနေ့လုံး စိတ်မကောင်းတာ မရယ်၊ ကောင်းရာမွန်ရာ ရောက်ပါစေ

Yu Ya said...

မမသီရိနဲ့ ကျွန်တော်နဲ့ သံစဉ်တွေ တူနေပါရောလား ဗျာ...