Saturday, June 27, 2009

အလွမ်းသူဌေး

မနက်အလွမ်း..
ည အလွမ်းနဲ့

အလွမ်းချင်းဆက်..
အလွမ်းနဲ့ပျော်

အလွမ်းနဲ့နာကျင်..
အလွမ်းနဲ့ကြေကွဲ

အလွမ်းနဲ့ နား..
အလွမ်းနဲ့စား
.
.
.

နှင်းတွေဝေတော့လွမ်း
Numbered Listမိုးစက်ကြွေတော့လွမ်း
လေပြေအနော့မှာလွမ်း..
တိမ်တွေတောက်ချိန် လွမ်း..
ပန်းပွင့်တွေကြည့်လွမ်း..
လိပ်ပြာ မြင်တော့ လွမ်း..

တောင်ပြာပြာတွေ လွမ်း..
ရေပြာပြာ မှာလွမ်း..
မိုးတွေမှောင်တော့လွမ်း
အာရုဏ်ကျင်း ချိန် လွမ်း

ငှက်တေးသီခိုက်လွမ်း..

လမ်းလျှောက်နေရင်း လွမ်း...
လွမ်း...
လွမ်း...
လွမ်း..
အချိန်တိုင်းမှာ လွမ်း.. ....
နေရာတိုင်းမှာလွမ်း.. ....
အလွမ်းသူဌေးလေး ဖြစ်နေ..

ရွှေပြည်တော် မျှော်တိုင်းဝေးလေ...။



တကယ်တော့ ကျမ ကိုယ်တိုင်က အတော့ကို လွမ်းတတ်တဲ့သူတယောက်ပါ...
ဒါပေမဲ့ ဒီကဗျာလေးကိုတော့ ကျမနဲ့ဆုံတိုင်း သူ့မှာချမ်းသာတာဆိုလို့
အလွမ်းတွေပဲ ရှိတယ် ပြောတတ်သူ အလွမ်းသူဌေးလေး တယောက်အတွက် ရည်ရွယ်ရေးဖွဲ့ပါတယ်...................။



ချစ်ခင်ခြင်းများစွာဖြင့်

မမသီရိ
(၂၉.၅.၀၉)

15 comments:

ကိုရင်နော်ခင်လေးငယ် said...

လွမ်း...
လွမ်းလွန်လွန်းလို့..
လေလိုလွင့် လွမ်းလို လွမ်း
လက်လေး လှမ်းလည်း လွမ်း
လမ်းလေး လျှောက်လည်း လွမ်း
လုံးလုံးလျားလျား လွမ်းလို့
လုံးလည်လိုက် လူးလိမ့်လွမ်း
..။

ကိုရင်လွမ်း.. အဲ့လေ.. ကိုရင်နော်

မကြီးရေ.. အားပေးနေတယ်နော်..း)

Anonymous said...

မိုးတွေမှောင်တော့လွမ်း
အာရုဏ်ကျင်း ချိန် လွမ်း
ငှက်တေးသီခိုက်လွမ်း..
လမ်းလျှောက်နေရင်း လွမ်း...
အလွမ်းသူဌေးလေး မောင်လွမ်းပိုလား

အော် မေ့လို့ မသီိရီရေ...မလွမ်းပိုပေါ့နော်.....
အစဉ်အားပေးလျှက်
(နဒင်း)

Anonymous said...

ကျနော်လည်း လွမ်းတယ်ကော

phoe thu taw said...

ကိုယ့် မလွမ်းတက်ခဲ့ပါဘူး...ကိုယ့်ရဲ့ရင်ထဲ့.... ဟတ်ဟတ်.. သီချင်းလေး လာငြီးတာပါ..

သူတော်

မင်းနေဝေး said...

ဟိုက် ....
တကယ်ကို ပေါများတဲ့ အလွမ်းတွေပါလား ..
လာလွမ်းသွားပါတယ်ဗျာ ....

ဂျစ် said...

အလွမ်း...တွေက တကယ်များပါ့
မယုံလို့....တကယ်ဖတ်ပြီးမှ ....တကယ်ဖြစ်နေမှန်းသိသွားရတယ် ....
ဘာပဲဖြစ်ဖြစ် အလွမ်းရပ်ဝန်းမှလွတ်မြောက်ပါစေ ။

ခင်တဲ့
ဂျစ်

နဒီမိုးညို said...

အိပ်ပျော်သွား၇င်လဲ...လွမ်း..
နိုးလာတော့..လဲ..လွမ်း..
နဒီ..လဲ..အလုပ်အား၇င်..
လွမ်းတဲ့အလုပ်ပဲ..ရှိတယ်..မမေ၇
ပျော်ရွှင်မူတွေ..ပိုင်ဆိုင်ပါစေ..။

မီယာ said...

လွမ်းနေတယ် မမ

သီဟသစ် said...

အင်း
လွမ်း ရင်ထဲလှိုက်လို့ အတိတ်ကိုလွမ်း

ကိုတိုးကြီးသီချင်းတောင် သတိရသွားပြီ မမသီရိရေ

ခင်မင်စွာဖြင့်
သီဟသစ်

Ree Noe Mann said...

လာလွမ်းသွားတယ်နော်။

ဟဲဟဲ အလွမ်းဓာတ်ခံရှိပြီနော်

ရီနို (ငယ်ငယ်)

လင်းဒီပ said...

ကိုလွမ်းပိုတွေ မလွမ်းပိုတွေ ပေါ့နော် အစ်မ...။

နှင်းနဲ့မာယာ said...

မမရေ
အရာရာတိုင်းဟာ အလွမ်းနဲ့
အတိတ်မှာလဲ လွမ်း
ပစ္စုပန်မှာလဲ လွမ်း
နောင်အနာဂတ်မှာလဲ လွမ်း
တသသနဲ့လွမ်း
နေ့နေ့ညညလွမ်း
ဘီလ်ဂိတ်ရှုံးမယ့် အလွမ်းသူဌေးပေါ့နော်....

ကောင်းကင်ပြာ said...

မမ မမ လွမ်းတယ်ဆိုတာ ဘာလဲ ဟင်:P၊ လွမ်းနေတယ် မမ

နေဒေးသစ် said...

အလွမ်းတွေ ခံစားခဲ့ပါတယ် အစ်မရေ ...
နေဒေးသစ်။

ဇာနည်မောင် said...

မမသီရိရေ အလယ်တန်းကျောင်းတုန်းက ကဗျာတပုဒ် ထဲမှာ တိုက်ဆိုင်မူရှိရင် ဈာန်ရထားတဲ့ ရသေ့သူတော် တောင်မှ ဥာဏ်မခိုင်ပဲ ဈာန်ယိုင်လျှောရတယ်လို့ သင်ခဲ့ ဖူးတယ်။ ကျနော်တို့ သာမန်လောကီသားတွေဆိုလို့က တော့ တိုက်ဆိုင်မူတွေရှိတဲ့ အခါမှာ ဈာန်ရထားတဲ့ ရသေ့ သူတော်စဉ်တွေလောက်တော့ စိတ်မခိုင်နိုင်ကြ မှာသဘာဝတခုလို့ပဲ ကျနော်မြင်ပါတယ်။ ဒါပေမယ့် ကျနော်က အသဲမာသူ ( ကိုယ့ိုယ်ကိုထင်တာပါ ) တယောက်ဆိုတော့ တော်ယုံတန်ယုံအရာလောက်ကို တော့ ဥပေက္ခာပြုထားတတ်ပါတယ် ... ဟဲ ဟဲ ဟဲ ...... အဲ့ဒါလည်းပဲ ကိုယ့်ကိုယ်ကိုထင်တာပါပဲနော်