Tuesday, June 23, 2009

အလွမ်းပန်းတွေ စမ်းမျက်ရည်


...တကြိမ် အလွမ်း
ပန်းတပွင့် စီ..
ရာချီထောင်သောင်း မောင်းမောင်းမြင်ြ့မင့်
အလွမ်းပွင့်တွေ....
ဆင့်ရင် မိုးထိ.. လွင့်မည့်တောင်တန်း..
လွမ်းရောင်သန်းနေ...
..
..
..
တကြိမ်လွမ်းတိုင်း
တချက်လွင့်ကြွေ..မျက်ရည်တွေကို
တစက်စီစု.. အခုထိ ဆို..
ကို.. ရေ မြင်လှည့်
လွမ်းသမုဒ္ဒရာ မျက်ရည်ပြာတွေ
လျှံလုခမန်း.. လွမ်းတန်းရှည်..
..
..
..
အလွမ်းတောင်တန်း
စမ်းချောင်း မျက်ရည်.
မှုံသီသီဝေ့ လွမ်းဓလေ့ဆို..
ချိန်တွေ အိုဟောင်း..
ရက်ပေါင်း ကြာရှည် ဝေးခဲ့ပြီမို့
မချိ ဒီရင်..တစဉ်စဉ် လွမ်း..
ဘယ်စခန်းမှ ဆုံရမလဲ
အသဲထဲမှာ.. အလွမ်းစာတွေ
သီရေ စီကုံး...
လွမ်းတုန်းမှာ ငို.. စကားဆိုမယ်..
အချိန်တိုင်းဝယ် မမေ့တယ် လို့..
ပန်းပွင့် သက်သေ..
စမ်း မျက်ရည်နဲ့..
ကာရံဖွဲ့ လွမ်း.. တမ်း တလျက်နေ..
ကို့... ကိုလေ......။

မမသီရိ

14 comments:

ATN said...

ှSo touching...

ကိုရင်နော်ခင်လေးငယ် said...

ပန်းပွင့် သက်သေ..
စမ်း မျက်ရည်နဲ့..
ကာရံဖွဲ့ လွမ်း.. တမ်း တလျက်နေ..
ကို့... ကိုလေ......။

မကြီး ကဗျာတွေက အလွမ်းငွေ့တွေနဲ့နော်..
တော်တော်လွမ်းနေတာ သေချာတယ်..း)

mysterysnow said...

မမရေ
ကို့...ကိုလေ...တဲ့
အရမ်းလွမ်းတာပဲလားဟင်...
မမကဗျာလေးတွေက အရမ်းကောင်းတယ် မမရယ်..
ပန်းခင်းကြီးလဲ မြင်ယောင်မိတယ်...

လင်းဒီပ said...

ကျွန်တော်လည်း ဖတ်လိုက်တာ ဆွေးဆွေးလေး ဖြစ်သွားတယ်..။

kaungkinpyar said...

အဟင့် အလွမ်းပေါ်အလွမ်းဆင့် တူ တိတ်ဆိုးတယ်:)

Anonymous said...

အလွမ်းကဗျာဖတ်၍ လွမ်းခဲ့ရပြီ ...
နေဒေးသစ်။

သီဟသစ် said...

မမသီရိ

အနော်လည်း လွမ်းသွားပြီ။ နှင်းဆီဖြူလေးနဲ့ ချန်းချန်ကို.

Ree Noe Mann said...

မောင် ပြီးတော့ ကို့ အလှည့်ပေါ့နော်။

ရီနို (ငယ်ငယ်)

Moe Cho Thinn said...

အလွမ်းတွေ သိပ်သည်းနေတဲ့ ကဗျာက အသက်ဝင်လိုက်တာ။
မျက်ရည်များလဲ ခမ်းစေ..
အလွမ်းတွေလဲ ငြိမ်းစေ..

PhotoVigor said...

Really touching..

Anonymous said...

မမသီရိ

အလွမ်းများငြိမ်းစေသတည်း။။။။။။။။။

အစဉ်အားပေးလျှက်
ကို

နဒီမိုးညို said...

မမေ၇
အလွမ်းကဗျာ ..ဖတ်ပြီး
အလွမ်း၇င်ဝယ်ပိုက်..သွားပါတယ်..

မေ့သမီး said...

အဟမ်း အဟမ်း လွမ်းနေကြောင်းကတော့ကဗျာရေး တိုင်းပါတယ်။ အခုတော့ ကိုဆိုတာ ပါလာပြီ။ ဆက်အစ်ရရင်ကောင်းမလားမသိဘူး။ :P

စိတ်စမ်းရေ said...

အလွမ်းကဗျာ လှလှလေးကို ခံစားသွားပါတယ်...။