Wednesday, June 17, 2009

မြန်မာစကားပုံများ

စေ့စေ့ တွေးကြည့်တော့ ကျမတို့ မြန်မာလူမျိုးဆိုတာ အနုပညာဗီဇတွေ

အတော်ပါတဲ့ လူမျိုးတွေပါ။ ရှေးက လူကြီးတွေများ စကားပြောကြရင်

ကာရံလေးတွေ နဘေလေးတွေနဲ့။ အဖွဲ့ အနွဲ့လေးတွေကလဲ ပါလိုက်သေး။

ကွက်စိပ်ဟောဆရာတွေဆို ဟိုတခေတ်ဆီတုန်း မှာ ပွဲတိုင်းကျော် မပါမပြီး ရှင်ပြု

အလှူ၊ နားသ၊ အသုဘ မကျန် အင်မတန် ခေတ်စားခဲ့တာကလား..။

ဘီအီးဒီအောင်သိုက် တို့ ဂီတစာဆိုကိုခင်မောင်ဝင်း တို့ခေတ်စားခဲ့တဲ့

ရေဒီယိုအသံလွှင့် ဇာတ်လမ်းတွေ၊ ကက်ဆက် ဇာတ်လမ်းခွေတွေ ရဲ့

ခောတ်ကလဲ မသေးလှ။ နဘေတွေ ကာရံ တွေ အကြောင်း ပြောတာပါ။

ကျမတို့ရဲ့ ရှေးလူကြီးတွေက စကားပုံတွေဆိုလဲ အဓိပါယ်ပြည့်ဝရုံတင်မက

ဆိုလို့ကောင်းအောင်လှလှ ပပ ရေးခဲ့ ကြတာလေ။

ဘ၀မှာတစုံတခု၊ တစုံတယောက်၊ တစုံတရာ ကိုမကျေမချမ်း မကျေမနပ်၊

ကြိတ်မနိုင်ခဲမရ ဖြစ်တဲ့ခါမျိုး၊ အံတကြိတ်ကြိတ် ဖြစ်ရတာမျိုးတွေရှိလာတဲ့ခါမျိုးမှာ

ပြောဖြစ်တတ်ကြတဲ့မြန်မာစကားပုံ တချို့ထဲကမှတ်မိသလောက်

ချရေးထားကြည့်ပါတယ်။

တခြားရှိသေးရင် ၀င်ရေးပေးသွား ကြပါ.. ကျေးဇူးတင်ပါမယ်..။


ဘုရားကအောက် မျောက်ကအထက်

ဗူးတောင်းနစ်လို့ ဇောင်းချမ်းပေါ်

အမြင်မတော် ဆင်တော်နဲ့ ခလောက်

ဖွတ်က မိကျောင်းဖြစ်တော့

ချောင်းမဆန့် မြစ်မဆန့်

ဘုန်းကြီးရူး နဲ့ လှေလူးနဲ့

လူလွန်မသား ရွာသား မနိုင်

သူခိုးက လူ..လူ.. ဟစ်

ပိုးစုန်းကြူးနဲ့ ဖိုးလမင်း လင်းတာချင်းတူပေမဲ့

မနှိုင်းဝံ့ မနှိုင်းသာ

အကြံပက်စက်ဆန်ကောလောက်မှ ဇောက်မနက်

သူတောင်းစားပါးစပ် က နတ်စကားထွက်


+++++(အပေါင်း)+++++

--- --- --- (အနှုတ်) --- --- ---

xxxxxx(အမြှောက်)xxxxxx

-ံ့ -ံ့ -ံ့ -ံ့ -ံ့ (အစား) -ံ့ -ံ့ -ံ့ -ံ့ -ံ့ -ံ့


လှေခွက်ချည်းကျန် အလံမလှဲ

သစ်ငုတ်မြင့်တုံ မြက်မြင့်တုံ

ဗုံလုံ တလှည့် ငါးပျံ တလှည့်

ပေဖြစ်တုန်းခံ .. တူဖြစ်တော့မှ နှံ

မိုးကောင်းတုန်း ရွာနှင့်အုံး

ပတ္တမြားမှန် နွံ မနစ်

လမ်းဆုံးရင် ရွာတွေ့.....။


(လမ်းဆုံးရင် ရွာတွေ့မယ်ဆိုတဲ့ ယုံကြည်ချက် ခုထိခိုင်မြဲနေဆဲပါ)


မမသီရိ

(၁၉.၆.၂၀၀၉)

13 comments:

Anonymous said...

မမသီရိရေ

စကားပြောရင် အညာသူအညာသားပီပီ ချက်နဲ့လက်နဲ့ ပုံတိုပတ်စနဲ့ ပြောတတ်တဲ့ အဖွားကို သွားသတိရမိတယ်။ ကာရံလေးတွေချိတ်ဆက်ပြီး ပြောတတ်လိုက်တာများ ဘေးနားက အငေးသားနေရတာကလားဗျာ။

မြန်မာစကားပုံတွေကို စုဆောင်းတင်ပြပေးနေတဲ့ ဘလော့လေးရှိသဗျ

http://www.myanmar-proverbs.co.cc

Anonymous said...

အရိပ်နေနေ အခက်ချိုးချိုး

အမဲရိုးနှယ် ဟင်းအိုးမှအားမနာ

အနူလက်နဲ့ ရွှေခွက်နှိုက်

သိသမျှအကုန်ရေးရရင် အလုပ်က ထွက်ရလိမ့်မယ် အဟဲ

မီယာ said...

မမရေ စကားပုံတွေ သိပ်မသုံးဖြစ်ဘူး။ မောင်နှမတွေ ဆုံရင်တော့ စကားပုံတွေ သုံးပြီး သာသာလေးနဲ့ နာနာလေး နှက်ကြတယ်။ တခါတလေ ကလေးတွေက အသုံးမတော်လို့ ငိုအားထက် ရယ်အား သန်ရသေးတယ်။

လင်းဒီပ said...

ကြော်တော့ အီကြာကွေး စားတော့ ပလာတာ... :P

မင်းအိမ်ဖြူ said...

အစ်မေ၇ စေ့စေ့တွေးမှ ရေးရေးပေါ်တယ်....

ဖျော်တော့ ကော်ဖီ သောက်တော့ လီမွန်တီး ...

ပျော်ရွှင်ပါစေ...
ကိုဒီပကို နောက်ယောင်လိုက်တာ

သီဟသစ် said...

မမသီရိ

လမ်းဆုံးရင် ရွာတွေ့မယ် ဆိုတာ ယုံပါတယ် မမရယ် လမ်းဘယ်တော့ဆုံးမှာလဲ ဆိုတာရော သိချင်လိုက်တာ

ခင်မင်စွာဖြင့်
သီဟသစ်

mgngal said...

မကောင်းကျောင်းပို့  မရှိကျောင်းအစ်မ
ပိုးသာကုန် မောင်ပုံ စောင်းမတတ်
အရင်းမစိုက် လှေထိုးလိုက်
ဖွတ်မရ ဓါးဆုံး
ဆိုင်လားတော့ မသိဘူး သိတာတွေ ရေးသွားတာပဲ ။

Unknown said...

မမသီရိရေ...

လမ်းဆုံးတော့မယ်... ရွာက အခုထိမတွေ့ဘူးဗျာ...

ကျနော် အဆင်မပြေဘူးဖြစ်နေတယ်.....

မမသီရိလည်း အစစ အဆင်ပြေပါစေနော်....

Sein Lyan Tun said...

မမသီရေ....

ကျနော့်ကိုအားပေးစကားပြောကြားသွားတဲ့အတွက် အတိုင်းမသိဝမ်းသာပီတိအားတက်ရပါကြောင်းး

စကားပုံအရဆိုရင်တော့
တရွာမကောင်းသူကောင်းမဖြစ်နဲ့
သေချင်တဲ့ကျားတောပြောင်း ကြားမှာ
ရွာလည်နေလို့ပါဗျာ....

ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်

JulyDream said...

အထွေအထူး ဘာမှတော့ မဟုတ်ဘူး...
ဒါပေမယ့်... ပုဆိုးခြုံထဲက လက်သီး မပြစမ်းပါနဲ့။

kaungkinpyar said...

လမ်းကို မတွေ့သေးဘူး ထင်တယ် မမရယ်

mysterysnow said...

မမရေ
စကားပုံတွေကြားးးးး
ခုလောလောဆယ်တော့ သေမထူး နေမထူး ကိုသတိရနေတယိ...

Unknown said...

ဒေသကွာလို့လားတော့မသိဘူးနော်
ကြားဖူးတာတချို့က မဆိုသလောက် နဲနဲလေးကွဲနေတယ်

ဥပမာ။
ဘုရားကားအောက်၊ မျောက်ကားအထက်
ဖွတ်မိကျောင်းဖြစ်တော့ မြစ်မချမ်းသာ
ဘုန်းကြီးရူးနဲ့ လှေလူး (နဲ့မပါ)
ဖိနပ်ကြားက နတ်စကားထွက်