Monday, June 15, 2009

ကော်ဖီကြိုက်တဲ့သူ


အိပ်ရေးပျက်ညတွေများခဲ့ပြီ..
......
ဆက်တိုက်သောက်ခဲ့တဲ့
ကော်ဖီ ၃ ခွက်ကြောင့်လို့ တော့
ယိုးမယ် မဖွဲ့လိုပါ...ကောင်လေးရေ...
.....

ငါ .. သောက်မိတယ်.. ဒီတခွက်
မင်းကိုလွမ်းလို့...
..
ငါ .. သောက်မိတယ် နောက်တခွက်
မင်းကိုသတိရလို့..
..
ငါ.. ထပ်သောက်မိတယ် နောက်တခွက်..
မင်းကို တမ်းတလို့...
...
...
ရင်တွေ ခုန်နေခဲ့..
ကော်ဖီကြောင့်တော့ မဟုတ်လေဘူး..
ရူးခဲ့တာ မင်းကြောင့် ကွဲ့... ကောင်လေးရဲ့....
...
.....
သန်းခေါင်ယံ တွန်တဲ့ ကြက်သံ.
ညဥ့် နှစ်ယံကျော်တဲ့ထိ အိပ်မပျော်.
ပိုးကောင်လေးတွေ အော်..
လမင်းလေးကို ခေါ်..
ကြယ်ကလေးတွေက တို့ အဖော်...
....
.....
တလူးလူး တလိမ့်လိမ့်
အိပ်ယာထဲ အိပ်မပျော်....
........
.....
အင်း.............
..........
ငါတော့ ရူးခဲ့ပြီ..
အဲဒါ မင်းကြောင့်ပဲ ကောင်လေးရဲ့
ငါ့ . ရင်တွေ ခုန်နေတယ်..
ကော်ဖီကြောင့်တော့ မဟုတ်လေဘူး....။


မမသီရိ (၁.၆.၂၀၀၉)

ပုံတွေရတဲ့ နေရာ .......www.catherineartcorner.com/Paintings.html

6 comments:

ကောင်းကင်ပြာ said...

ချစ်မရယ် ဘယ်လိုလေးရေးလိုက်တာလဲ ဒီမှာ ထိကုန်ပီ၊ ကြိုက်လိုက်တာ ကြိုက်လိုက်တာ၊၊ ကော်ဖီလဲ ကြိုက် ကဗျာလဲ ကြိုက်၊ မမ ကိုလဲ ချစ်:)

Anonymous said...

ကဗျာလေးကိုဖတ်ရင်း
ကော်ဖီလေးသောက်မိလိုက် ...
ကြက်တွန်သံတွေကြားမိလိုက် ...
ကြယ်ကလေးတွေကို မြင်မိလိုက် ...
သြော် ငါကဗျာဖတ်နေတာပါလား ....
နေဒေးသစ်။

လင်းဒီပ said...

ဟိ...
ကော်ဖီကို လျော့သောက်ပါ
ကောင်လေးကို လျော့လွမ်းပါ...:P

သီဟသစ် said...

မမသီရိရေ

တော်သေးတယ် အနော်ကြီုက်တဲ့ ကော်ဖီကို တရားခံမရှာလို့..

ရင်ခုန်သံဖြင့် ယစ်မူး
အချစ်ဖြင့်ပြည့်စုံသော
ကော်ဖီလေး သောက်နိုင်ပါစေ မမရေ..


ခင်မင်စွာဖြင့်
သီဟသစ်

ဆောင်းယွန်းလ said...

ကော်ဖီလျှော့သောက်ပြီး ကောင်လေးကိုတိုးလွမ်းလိုက်

နဒင်း said...

လွမ်းလို့ (၁)ခွက်
သတိရလို့(၁)ခွက်
တမ်းတလို(၁)ခွက်....
သုံးခွက်ကြီးများတောင် သောက်ပစ်လိုက်တာလား...


မသိရိ အိပ်ရေးပျက်လွန်းလို့ အတော်ပိန်သွားမှာပဲ...:)