Wednesday, June 10, 2009

မောင်ဟာ အကုန်လုံးပဲ


အကြည့်တွေရဲ့ အရိပ်..
တိတ်တိတ်လေးပေါ့...မောင်...

......
အချစ်တွေရဲ့ နိမိတ်

ရင်ခုန်ခြင်းစိတ်တွေနဲ့..

(ညတုန်းက ..အိပ်မက်ထဲမှာ)..
ကျမပါးပြင်..

မောင်........နမ်းစဉ်တုန်းက...

......

ပန်းကလေးတွေ ရှက်..
မျက်နှာဝှက်လို့..
ဟိုဖက်ကို လှည့်ကုန်ကြပေါ့......။

.........
ပြေပြေ သင်းသင်း....

လေညင်းလေးလဲ ဘယ်နားမှာ

မျက်တောင် ခပ်သိပ်
ဖျောက်ဆိပ်ကြယ်လေးက ဘယ်နားမှာ..

ကျမ တကယ် သတိမထားလိုက်တော့...
......
ချိုမြိန်တဲ့ အနမ်းပေါ်..

ပန်းဖွဲ့လို့ ပျော်နေတုန်း....
.. အကြည့်ထဲမှာ....မောင်...
အတွေးထဲ မှာ...မောင်...

အသဲ ထဲမှာ ...မောင်...

...မောင်...

..........မောင်...
မောင်.............
.................မောင်......

အရာရာ တိုင်းက...မောင်....

တလော ကလုံး..မှာ မောင်...

ကျမ အတွက်တော့...

မောင်..... မောင်..သာပါပဲ.. ကွယ်....။



မမသီရိ (၂၁.၅.၀၉)

ဓါတ်ပုံက အင်တာနက်ထဲကပါ။ ကိုယ်တိုင်မရှာတတ်လို့ မောင်လေးတယောက် ကူရှာပေးထားတာပါ။ ကျေးဇူးပါ မောင်လေးရေ..။

20 comments:

ကောင်းကင်ပြာ said...

ပန်းကလေးတွေ ရှက်ကုန်ပီ မောင်(ညတုန်းက အိမ်မက်ထဲမှာ)

မိုးခါး said...

ညလေးလည်း ရှက်လို့ ပြန်ပီ .. :D
မောင်ကတော့ ကြွေနေတော့မှာပဲ ..း)

ပျော်ရွှင်ပါစေ

လင်းဒီပ said...

ပြေပြေ သင်းသင်း....
လေညင်းလေးလဲ ဘယ်နားမှာ
မျက်တောင် ခပ်သိပ်
ဖျောက်ဆိပ်ကြယ်လေးက ဘယ်နားမှာ..
ကျမ တကယ် သတိမထားလိုက်တော့...
......
ချိုမြိန်တဲ့ အနမ်းပေါ်..
ပန်းဖွဲ့လို့ ပျော်နေတုန်း..

အိပ်မက်ကလေးကို ပြန်ပြောပြနေတာ ပြုံပင်လေးတစ်ပုဒ်လိုပါ...။

Anonymous said...

လေညင်းတောင် တိုးပြီးမတိုက်ခတ်နိုင်ရှာပါလားကွယ်ရို့

Anonymous said...

ကဗျာလေး ဖတ်ပြီး ကိုယ်တွေတောင် ရှက်လာတယ် ... ရေးတတ်လိုက်တာ ... တစ် မောင် မောင်နဲ့ ... ကိုယ်တွေတောင် မောင်ပြောင်းခေါ်ခိုင်းရင် ကောင်းမလား ... :D ကဗျာထဲမှာတောင် ဒီလောက်ကြည်နူးဖို့ ကောင်းနေရင် အပြင်မှာ အခေါ်ခံရတဲ့ သူဆိုရင်လည်း အတော် ပျော်ဖို့ ကောင်းမယ် ထင်တယ် ... မောင် မောင် မောင် မောင် ... အားးးးးးးးးးးးးးးး .. ရေးတတ်လိုက်တာ အစ်မရေ .. :)

Unknown said...

မောင် ကျမပါးမှာ......
မောင် အတူနေကြရအောင်နော်...
မောင်...
မောင်....
မောင်...

Sein Lyan Tun said...

မောင် ဆိုတဲ့ နာမ်စားကို အရမ်းကြိုက်တယ်
ဒါပေမယ့် ခုထိခေါ်မယ့်သူမရှိသေးလို့ ခက်နေတယ်
ကိုယ်ကပဲ တခြားတစ်ယောက်ကိုပြန်ခေါ်ရမလိုဖြစ်နေတယ်
အဟီးးး
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
ကဗျာလေးကနုတယ် မမသီ

Ree Noe Mann said...

ကောင်းလိုက်တဲ့ မောင် ကဗျာလေးဗျာ

ဟီး ဟီး ကျနော်ကို ဘယ်သူကများ
ခေါ်မလဲ ဆိုတာတော့ စောင့်ကြည့်
ရအုံးမှာပေါ့ဗျာ။

အားကျလိုက်တာ..........

ချစ်ခင်တဲ့
ငယ်ငယ်

May Moe said...

မမရေ မောင့် ကိုပေးဖတ်မလို့ ကဗျာလေး ယူသွားမယ်နော် ။ အဲလိုရေးတတ်ချင်လိုက်တား)

Anonymous said...

တလောကလုံး မောင်တဲ့လား မမရယ်။ ကဗျာလေးက အရမ်းခံစားလို့ ကောင်းပါတယ်။ ကဗျာလေးတွေကို ချစ်တဲ့ နှင်းဆီဖြူ အမြဲတမ်းလာခဲ့ပါ့မယ်။

ဆောင်းယွန်းလ said...

ကဗျာလေးကလှလိုက်တာ...

ပျော်ရွှင်နိုင်ပါစေမသီရိရေ

သက်ဝေ said...

မမ..
နူးညံ့လှပပြီး ကြည်နူးစရာ၊ ချစ်စရာ ကဗျာလေးတပုဒ်ကို လာခံစားသွားပါတယ်...

Unknown said...

မမသီရိ...

အဲဒီလောက်တောင် ချစ်ရသည်ပေါ့လေ....

အော်... ဖတ်ပြီးပြန်တော့လည်း.... ကြေကွဲရပါတယ်..

သူသာ အဲဒီလိုဆိုရင်ဆိုတဲ့အတွေးပေါ့ဗျာ...

မမသီရိရေ....

ပျော်ရွှင်ပါစေဗျာ...

အတွေးတွေထဲမှာတောင် မဝေးပါစေနဲ့လို့ ဆုတောင်းပေးပါတယ်....

ပြည့်စုံ (ဝေါသားလေး)

ကိုရင်နော်ခင်လေးငယ် said...

ကြည်နူးစရာ ကဗျာလေးပါပဲ မမရေ..

ပန်းကလေးတွေ ရှက်..
မျက်နှာဝှက်လို့..
ဟိုဖက်ကို လှည့်ကုန်ကြပေါ့......။

အိမ်မက်ထဲမှာတဲ့..း)

ဆိုးသွမ်း said...

မောင်..မောင် မောင်
မောင်မောင်မောင်မောင်..မောင် မောင်
မောင်မောင်မောင်မောင်..မောင် မောင်
မောင်မောင်မောင်မောင်..မောင် မောင်
....

အော်...မောင်တဲ့လား ဟုတ်ပ့ါ မောင်ပါပဲလေ

Rita said...

ကောင်းလိုက်တာ ကောင်းလိုက်တာ လို့ ပြောမိတယ်

Anonymous said...

ဟိုက်ရှားပါ .. လန်းတယ်ဟေးး .. ဒို့ အမကြီးကတော့ ..မိုက်တယ် .. ရှယ်ပဲ ... ဆက်ရေးပါဗျို့ ..အားပေးလျှက်ပါ ..


ခင်မင်စွာဖြင့်

မနောသား

မေ့သား said...

ငါ့ရင်တွေတုန်နေတယ် နို့သောက်လို့တော မဟုတ်လေ.....တော်သေးတာပေါ့ ကော်ဖီသောက်တော့မဟုတ်လေလို့ပါသေးလို့ ...ဟုတ်ကရော ကော်ဖီတွေ ရောင်းဈေးကျအုံးမယ်.....ကဗျာတွေက တော်တော်ထိတယ်..အပေါ်က မောင်ကဗျာကလေး ..မောင်နေလိုက်တာ...ယောင်ထူးမိတော့မလို့ ...ဟဲဟဲ....ပျော်ရွင်ပါစေ...အားပေးလျှက်ပါ....

မေ့သား said...

ငါ့ရင်တွေတုန်နေတယ် နို့သောက်လို့တော မဟုတ်လေ.....တော်သေးတာပေါ့ ကော်ဖီသောက်တော့မဟုတ်လေလို့ပါသေးလို့ ...ဟုတ်ကရော ကော်ဖီတွေ ရောင်းဈေးကျအုံးမယ်.....ကဗျာတွေက တော်တော်ထိတယ်..အပေါ်က မောင်ကဗျာကလေး ..မောင်နေလိုက်တာ...ယောင်ထူးမိတော့မလို့ ...ဟဲဟဲ....ပျော်ရွင်ပါစေ...အားပေးလျှက်ပါ....

laylaymyint said...

တကယ် မိ၊ ထိ တရ် မမသီရိရေ...
မမ ရဲ့ မောင်တော့ မသိဘူး ... ညီမ တော့ မတ်မတ်တောင် မရပ်နိုင်တော့ဘူး ...
"အကြည့်တွေရဲ့ အရိပ်.. တိတ်တိတ်လေးပေါ့...မောင်..." ဆိုတာလေးလည်း ကြိုက် ... အကုန်ပါဘဲ မမသီရိရေ ကြိုက်တယ်...