Saturday, June 06, 2009

ငါ့ရဲ့ ကဗျာဆရာလေး



ဟိုးရှေ့မှာ
ပန်းတခင်းရှိတယ် ကွဲ့
ငါ့ရဲ့ ကဗျာဆရာလေးရေ..
…….
မင်းအတွက်
ကာရံတွေ စီးကျစေမဲ့
ပျားပိတုန်းတောင်ပံခပ်သံတွေနဲ့
စမ်းချောင်းလေးကလဲ စီးဆင်းလို့
ကောင်းကင်ပေါ်မှာတော့ တိမ်ဖြူဖြူ တွေ
……
….
ရောင်စုံဖြာနေတဲ့
ပန်းစုံတောမှာ
လိပ်ပြာလေးတွေ ကူးလူးလို့ယှက်
ညှာတံစိမ်းနေတဲ့ သစ်ခွတွေ
ဆူးတွေဝန်းရံထားတဲ့ နှင်းဆီဖူး
ခရေတွေက မြူးပေါ့
စမ်းချောင်းလေးရဲ့ နဖူးပေါ်မှာ…
….
ငါ့အတွက်
ကဗျာလေး တပုဒ်တော့ မွေးဖွားပေးပါ
ငါ့ ရဲ့ ကဗျာဆရာလေးရယ်
..
ဘ၀မှာ
ရူးသွပ်ခဲ့ဖူးတဲ့
အချစ်ဆိုတဲ့ အရာတွေ
မရချင်လဲနေပါစေတော့
..
ကဗျာလေးတပုဒ်တော့
ငါ့အတွက် ရပါရစေ
ငါ့ရဲ့ ကဗျာ ဆရာလေးရေ
..
စမ်းချောင်းထဲမှာ မျောပါသွားတဲ့
ကဗျာပွင့်ချပ်လေးတွေ
ကောက်ယူပါရစေနော်..
ငါ့ ရင်မှာ အပ်ပါရစေတော့
မင့် ကဗျာ ပန်းပွင့်လေးတွေ…
..
ငါ့ရဲ့ ကဗျာ ဆရာလေးရေ
ငါစောင့်နေတယ် ကွဲ့
အဲဒီ ပန်းခင်းလေး ထဲမှာ
ငါ စောင့်နေတယ်ကွဲ့
အဲဒီ စမ်းချောင်းလေး ဘေးမှာ
မင့် ကဗျာလေးတွေ ကောက်ယူဖို့…….။

မမသီရိ
(၆.၆.၂၀၀၉)

ဓါတ်ပုံ ကို www.flowers.vg/online-digital-photos/flowers.shtml?roses မှရပါသည်။

7 comments:

ကောင်းကင်ပြာ said...

မမရဲ့ ကဗျာဆရာလေးရေ မမ စောင့်နေတယ် ပန်းခင်းထဲမှာ မြန်မြန်ကဗျာလေးတွေ လာပေးလှည့်ပါတော့

mysterysnow said...

မမရေ
ကဗျာဆရာလေးကို လာကြည့်ပါတယ်...
မမရေးတဲ့ ကဗျာလေးတွေက
အရမ်းအသက်ဝင်တာပဲ...
ကဗျာဆရာလေး ရောက်လာရင်
သတင်းပို့နော် ...း)

လင်းဒီပ said...

ကဗျာဆရာလေးရောက်လာတဲ့အခါ
ပန်းခင်လေးထဲမှာ
စမ်းချောင်းလေးထဲမှာ
အလှပဆုံးကဗျာလေးတွေကောက်ယူနိုင်ပါစေ...

ကဗျာဆိုတာ လူတစ်ယောက်ရဲ့ဝိညဉ်တေးသွားမို့
ချိုသောအေးသော တေးတွေ
ပန်းတွေထက် မွှေးပါစေဗျာ...။

စိတ်စမ်းရေ said...

နှုးညံ့လှပတဲ့ ကဗျာလေးပါပဲ....။လာရောက်ခံစားသွားပါတယ်...။

Sein Lyan Tun said...

မမသီရေ....
ကဗျာလေးကိုလာခံစားပါတယ်ဗျာ။
အရင်မဖတ်ရသေးတဲ့ ကဗျာတွေကိုလဲဖတ်သွားတယ်

မမသီရိနာမည်မြင်တိုင်း
ကျနော့်ညီမလေးကိုသတိရမိတယ်
ညီမလေးကရန်ကုန်မှာပါ
နာမည်က သီရိလျှံထွန်းတဲ့
လေးစားချစ်ခင်စွာဖြင့်
ဖိုးစိန်

မီယာ said...

မမသီရိ ကဗျာလာဖတ်တာပါ။ နောက်မှ လွတ်သွားတာတွေ ပြန်လာဖတ်ဦးမယ်။

လင်းဦး(စိတ်ပညာ) said...

ကဗျာတွေ လာဖတ်ပါတယ်... ခံစားမှု ရေးဖွဲ့မှု ကောင်း၏