Thursday, November 26, 2009

ပုထုဇဉ်

(သူ့ဖုန်းနံပါတ်လေး နှိပ်..
ဟဲလို ..ဟဲလို.. ဆိုတဲ့ အသံလေး အကြား
အသာ အယာ ပိတ် ပြစ်လိုက်..
...
အဲဒီ ဟဲလို.. ကလေး.. က
..
ရင်တွေ ခုန်စေသတဲ့
အလွမ်းတွေ ပြေစေသတဲ့..
ခွန်အားတွေ ဖြစ်စေသတဲ့......
ရူး လိုက် ပုံ များ..........)



ရင့်ကျက်သင့်ပြီ..
ဒါပေမဲ့ မရင့်ကျက်နိုင်သေး..

ချန်ခဲ့သင့်ပြီ..
ဒါပေမဲ့ မချန်ရက်နိုင်သေး..

မေ့လိုက်သင့်ပြီ..
ဒါပေမဲ့..မမေ့စွမ်းနိုင်သေး...

ချစ်နေဦးမည်..
ဘ၀ အဆက်ဆက် ချစ်ခွင့် ရှိသရွေ့

ဒါသည်ပင်လျှင် ပုထုဇဉ် ....


မမသီရိ
(၂၇.၁၁.၀၉)

18 comments:

ဒဏ္ဍာရီ said...

ချစ်သူ့အသံလေးက အလွမ်းပြောစရာပေါ့ မမရယ်...


ခင်မင်လေးစားလျှက်

ညလင်းအိမ် said...

အင်း တိုက်ဆိုက်လိုက်တာဗျာ...
ဖုန်းခေါ်ပြီး အသံကြားရုံနဲ့ ပြန်ချပြီး ကြည်နူးနေမိတာတွေကလေ...

“ဟဲလို”လို့ ထူးသံလေးတွေနဲ့ ကြည်နူးနိုင်ပါစေ...

ခင်မင်လေးစားလျက်
ညရဲ့ကောင်းကင်

ရွှေရတုမှတ်တမ်း said...

တော်ပါသေးရဲ့...ဖုန်းသရဲမဟုတ်လို့

Welcome said...

လူထဲက လူပဲမို့
အသက်ရှင်နေသရွေ့
ဒီအချစ်ဆိုတဲ့ အမြုတေနဲ့
ကင်းမှ မကင်းနိုင်တာ
အစ်မပြောသလို
ပုထုဇဉ်ပါပဲ။

~ဏီလင်းညို~ said...

အစ်မသီရိရေ...
အမှန်တွေ..အရမ်းပြောတတ်တာပဲဗျ...။

ခင်မင်လျှက်...
ဏီလင်းညို

kiki said...

ဖုန်းခေါ်ခ တွေ ကုန်တော့ မှာပဲ ။
ရသမျှလခ ၊ ဒါ နဲ့ ကုန်ရရင်တော့ မလွယ်ဘူးနော် ။
း))

(ဟိဟိ .. ကိုယ်ချင်းမစာတတ်စွာ နဲ့ ပြောသွားသည် )

Nge Naing said...

မမသီရိရေ
ချစ်တာကို အားပေးတယ် ချစ်သာချစ်ပါ။ လွမ်းတာကိုကျတော့ အားနည်းလွန်းလို့ ဘယ်သူ့ကိုမျ အားမပေးချင်ဘူး။

Ree Noe Mann said...

အင်းပေါ့လေ တီလေးတို့ကတော့ ပြောအားရှိမှာပေါ့။

တူတော်မောင် ငယ်ငယ်

Anonymous said...

မမသီရိ
လာဖတ်သွားပါတယ်
အလွမ်းဓါတ်ခံ ရှိမှလွမ်းလို့ ရသလို
လွမ်းတတ်မှ ကဗျာဆရာ ဖြစ်တာတဲ့
မမသီရီ ကဗျာဆရာ ဖြစ်သွားခဲ့ပြီ

ကိုတိုးကြီး

Anonymous said...

ဘလော့ခ်အကောင့်နဲ့  ရေးတာရေးလို့ မ၇ဘူး ဘာလို့ လည်းမသိဘူး မမသီရီ
ကိုတိုးကြိး

Anonymous said...

ဟုတ်လိုက်လေ ဟုတ်လိုက်လေ..
မရင့်ကျက်နိုင်၊ မထိန်းချုပ်နိုင်၊ ဟန်မဆောင်စွာ မဆောက်တည်နိုင်ပါ။ ပုထုဇဉ်မဟုတ်လား။

ဆောင်းယွန်းလ said...

အပေါ်က ကိုတိုးကြီးပြောသလိုဆို ကျနော် ကဗျာဆရာမဖြစ်သေးပါ..
လွမ်းလည်းမလွမ်းတတ် ချစ်လည်းမချစ်တတ်လို့ဖြစ်ပါသည်။

ရင့်ကျက်သင့်ပြီ...မမသီရိရေ...ရင့်ကျက်သင့်ပြီ
ရင့်ကျက်စွာ လွမ်းတတ် ချစ်တတ်စေသတည်း.....

လင်းဒီပ said...

:P

Anonymous said...

အမှန်တွေပဲပြောနေတယ်...:)

ကိုရင်နော်ခင်လေးငယ် said...

ချစ်တဲ့မမ...

အသက်တွေ ရှုရှုနေရသရွေ့....
...........................................
မောလိုက်တာ မမ ရယ်...................

အရမ်းချစ်တဲ့...
မမ... ညီမ

GOOD NOTES said...

မမသီရိ...

တိုက်ဆိုင်မှုတွေများနေလို့
ဘယ်လိုပြောရမလဲမသိတော့ဘူး..
ကိုယ့်အကြောင်း ကိုယ်ဖတ်နေရသလိုပဲ..
လွမ်းလိုက်တာဗျာ..

Unknown said...

ကျွန်တော်လည်း အဲလိုပုထုစဉ်ပဲဗျ...
ရူးသွပ်ခဲ့ဖူးတာပြန်သတိရမိတယ်..တကယ်
(ခုမှ မန့်လို့ စိတ်မဆိုးနဲ့နော်..။ blog စရေးဖြစ်တာ သိပ်မကြာသေးတော့ ခုမှဖတ်ဖြစ်လို့ပါ)

Anonymous said...

Remarkable topic