Saturday, November 07, 2009

Memory of Yangon 2008

၂၀၀၈ ခု ဖေဖေါ်ဝါရီတုန်းက အလုပ်ကိစ္စတချို့ နဲ့ ရန်ကုန်ရောက်ဖြစ်ခဲ့ပါတယ်။ မြင်တာ တွေ့တာလေးတွေ ဟိုရိုက် ဒီရိုက် လုပ်ထားခဲ့မိတာ .. တနေ့က ဓါတ်ပုံ file တွေ ပြန်ကြည့်ရင်း သတိတရ ဖြစ်လာလို့ ရန်ကုန် လွမ်းနေသူတွေ အတွက် ဝေမျှပေးလိုက်ပါတယ်။ ခုလောက်ဆို မြင်ကွင်းတွေက ပြောင်းနေမလားတော့ မပြောတတ်.. ။

(၁)

ဒီပုံ က ဘယ်နားက ရိုက်ထားတာလဲ မှတ်မိကြမလား မသိဘူး...။

(၂)


အမှန်က လက်ဖက်သုပ်ဆိုတာ ကိုယ်နဲ့ မတည့်ဆုံးသော အစား အစာ.. ဒါပေမဲ့ .. ကြွရွနေတဲ့ နှစ်ပြန်ကြော် အကြော်တွေ.. လက်ဖက်ရွက် နုနု လေးတွေ.. တလုံးကြက်သွန်ဖြူ လေးတွေ.. ကုလားအော်ငြုပ်စိမ်းဖြူဖြူလေးတွေ မြင်တော့ မနေနိုင်မထိုင် ၀ယ်မိတော့တာ..။ တည်းတဲ့ ဟိုတယ်ပြန်ရောက်တော့ တို့ယုံလေး တို့ကြည့်ပြီး... ဟိုတယ်က တာဝန်ကျ ကလေးတွေ ပေးစား ခဲ့ရရော...း).... အဲဒါ တခါ တည်း မဟုတ်ပဲ... နေခဲံ့တဲံ့ ရက်တွေမှာ နေ့တိုင်း သွား ၀ယ် ပြီး.. နေ့တိုင်း ပေးစား ခဲ့ရတာ...း)... ။


Justify Full(၃)
ရန်ကုန်မြို့လည်တနေရာ.. အပေါ် က ရိုက်ထား ခဲ့တာ... ဘယ်အပေါ် ကလို့ ထင်ကြပါ သလဲ.......း)....။

(၄)

ကျမ ရောက်ခဲ့တုန်းက.. ဒီအဆောက်အဦကြီး ကို.. ဟို ပုဂ္ဂိုလ် က ၀ယ်လိုက်ပြီ .. ပြန်ပြင်တော့မယ်.. ဟိုတယ် လုပ်မလား မသိဘူး ဆိုတဲ့.. ကောလဟာ လတွေ ထွက်နေတော့ .. ၀မ်းနည်းစွာ နဲ့.. အချိန်ရ တိုင်း.. ကျမ အဲဒီရှေ့ သွားပြီး ကြည့်ခဲ့တယ်... ခု တော့ ဘာဖြစ် ကုန်ပြီ လဲ မသိတော့.... အဲဒီ သမိုင်းဝင် အဆောက်အဦကြီး..ကို တကယ်သာ ရောင်းခဲ့ တယ် ဆိုရင်တော့....... ကျမတို့ ဘယ်လို အစား ထိုး မှု မျိုးနဲ့ ဖြေသိမ့်ရမှာ လဲ...။

အဲဒီရှေ့ မှာ...ထိုင်နေတဲ့ လူအုပ်စုတွေ က နိုင်ငံခြားထွက်ဖို့ ပတ်စပို့တ် လုပ်တဲ့ သူတွေ.. မနက် က ည ထိ အပြည့် ရှိနေတာ တွေ့ခဲ့ ရတယ်..။

(၅ - က)


(၅-ခ)

(၅-ဂ)

ရောက်စ တည နေခင်းမတော့ တည်းတဲ့ ဟိုတယ်ရှေ့နားလေး ထွက်ကြည့်တုန်း . လူတွေ စုရုံးနေတာတွေ့လို့ သွား စပ်စု ကြည့်တော့ အသက် ၁၁ အရွယ် ကလေးလေး တယောက် ပန်းချီ ထိုင်ဆွဲ နေတာ တွေ့ ခဲ့ရတယ်.. ဆဌမ တန်းကျောင်းသားလေး ပါ..။ မျက်စိရှေ့မှာ တင်.. ပုံတွေ တခုပြီး တခု စိတ်ဝင်တစား နဲ့မနား တမ်း ဆွဲနေ တဲံ့ ကလေးလေး ကို အံ့သြဖွယ်ရာ တွေ့ခဲ့ရတယ်..။ လက်ရာတွေ ကလဲ မဆိုး ဘူး ပြောရမှာ.. သူ့ အဖေနဲ့ အမေနဲ့ က ဘေးနား မှာ စောင့်ပေးနေတယ်.. မိဘတွေ ခွင့်တောင်းပြီး ဓါတ်ပုံ ရိုက် စကားလေး နဲနဲ ပါးပါး ပြောဖြစ်ခဲ့တယ်.။ ညနေ ကျောင်းအားချိန်တွေ မှာ.. ဟိုတယ် တွေ နား မှာ ပန်းချီ ထွက်ဆွဲ ပြီးမိဘတွေ ကို လုပ်ကျွေးနေတာ ပါတဲ့.. သူ့ အဖေ က လဲ ပန်းချီဆရာ တယောက်ပါ .. ဒါပေမဲ့.. သူ့ ပန်းချီကားတွေ ကို ရောင်းလို့ရအောင် တင်မဲ့ နေရာ အခက်အခဲ .. နဲ့ကျန်တဲ့ အခက်အခဲ လေးတွေ ရှိနေလို့ ၀မ်းရေးအတွက် အတော်လေး ပင်ပမ်းကြပါသတဲ့...။ သားကလေးက ငယ်ငယ် ထဲ ပန်းချီ ၀ါသနာပါပြီး.. အဖေ ပန်းချီ ဆွဲတဲ့ အနား အမြဲ နေတတ်သူ .. နောက်တော့ သူကိုယ်တိုင် စမ်းဆွဲ လာတော့.. လူမြင်ကွင်းမှာ.. ဆွဲ ပြီး ရောင်းကြည့် ဖို့ အကြံ ရပြီး .. စ ရောင်းခဲ့ ကြတာ တဲ့... ခုတော့.. ကလေးလေး ရဲ့ လုပ်အားနဲ့ သူတို့ ထမင်းစာဖို့ အတော် အသင့် အဆင်ပြေတယ် လို့ သိခဲ့ ရတယ်..။ ၅ မိနစ် ကနေ မိနစ် ၂၀ အတွင်းအပြီး ဆွဲ တဲံ့ ပန်းချီ တကားရဲ့ တန်ဖိုး က ကျပ် ၅၀၀ နဲ့ ၁၀၀၀ ပါ..။ ဓါး တချောင်းနဲ့ စုတ်တံ အရွယ်အစား အမျိုးမျိုး ကို သုံးပြီး တမဟုတ်ချင်း လက်တမ်း ဆွဲ နိုင်တဲ့ ကလေးလေး ရဲ့ အနုပညာ ဗီ ဇ လေး ကို ချီကျူး မိပြီးတော့ အနာဂတ်မှာ ထူးချွန်တဲ့ပန်းချီ ဆရာ လေး ဖြစ်ဖို့ .. ဆုတောင်းပးခဲ့တယ်.။


(၆)
ဒါကတော့ ဗိုလ်ချုပ်အောင်ဆန်းဈေး ထဲ က ပန်းချီကားတွေ ရောင်းတဲ့ တနေရာပါ..။



မမသီရိ


7 comments:

ဂျူနို said...

မမသီရိ တော်တော် ရက်စက်တယ်။
လက်ဘက်တွေ ဘာလို့ဟော်တယ်က ကောင်မလေးတွေကို ပေးရတာလဲ။
ဟောဒီက မအယ်ကို ပေးပါလားလို့။
ခေါ်ဘူး။

မအယ်

kay said...

ပန်းချီဆွဲနေတဲ့..ကလေး နဲ့ မိသားစု အခြေအနေ ကို တွေးပြီး.. စိတ်မကောင်းဘူး။ မမသီရိ ဆုတောင်းသလို..ဖြစ်ထွန်းပါစေလို့ပဲ..

Ko Boyz said...

ကလေးလေးကို ပို စိတ်ဝင်စားနေတယ်။ ဗွီဒီယိုရိုက်ပြီး ယူထုပေါ်တင်လိုက်ရင် တစ်နည်းမဟုတ် တစ်နည်း ကောင်လေးကို မြေတောင်မြှောက်ပေးမယ့်သူ ပေါ်လာနိုင်မယ်လို့ ယုံကြည်တယ်။

kiki said...

နံပတ်(၁) ပုံက ကြည့်မြင်တိုင် အထက ကျောင်းတခု က church ပုံလား မသိ ။ ဒါမှမဟုတ် စကော့ဈေးနဲ့ ကပ်ရက် ဗိုလ်ချုပ်လမ်းနဲ့ ရွှေတိဂုံ ဘုရားလမ်းဒေါင့်က church ပုံလား ..ဒါဆို သူ့ရှေ့ က လေဟာပြင်ဈေးဟောင်းကြီး ဘယ်ရောက်သွား ပြီလည်း ။ ဟို ပေပေတေတေ ဇ ဆိုတဲ့ ကောင်ကောင်ကြီးလက်ထဲ တကယ် ရောက်သွားပြီလားမသိ..
နံပတ် (၃) ပုံက Trader ဟိုတယ်အပေါ်ကနေရိုက်ထားတာနဲ့ တူတာပဲ နော် ။ စကော့ဈေးကြီးဝယ်ပေးပါ .. မမသီရိ ...
ဟိုင်းကုတ်ကြီးလဲ ဟိုင်းတော့ ကုတ်သွားရှာပြီလား ...
လားပေါင်းများစွာ နဲ့ စိတ်မကောင်းစွာ ကြည့်သွားပါတယ် ။ ...

~ဏီလင်းညို~ said...

ထိပ်ဆုံးမှာပြောသွားတဲ့ အစ်မလိုပဲပြောလိုက်ချင်ပါတယ်ဗျာ...။ ဟုတ်ပ..ကျွန်တော်တို့ကျတော့ မပေးဘူး...။ မြင်တာနဲ့တင် သူတို့ရောင်းတာ စားချင်စရာကြီးနော်ဗျ...။ လဖ္ဘက်သုတ်ကလေ...။
(အဲ့ဒီလိုပန်းချီဆွဲတာမျိုး...အရင်က တွေ့ဖူးတယ်...။ ဒါပေမယ့် လူကြီးတွေလေ...။ အခုဟာက ကလေးလေးဆိုတော့....။)

မင်းအိမ်ဖြူ Minn Eain Phyu said...

တဖက်လှည့် ကျေးဇူးတင်လိုက်ပါ

သူတို့ ၀ယ်ပြီးတော့လည်း မသကာ နိုက်ကလပ်ပေါ့

အဘတို့စေတနာကို နားလည်ပါကွယ် ဟာဟ

ပျော်ရွှင်ပါစေ

မင်းအိမ်ဖြူ

စိတ်စမ်းရေ said...

ဓာတ်ပုံလေးတွေ လာရောက်ကြည့်ရှုသွားပါတယ်...။
ပန်ချီဆွဲတဲ့ ကလေး အကြောင်းကတော့ အတော်လေး
စိတ်ဝင်စားဖို့ကောင်းတယ်...။