Saturday, March 28, 2009

;(





ခေါ်မလား..!!!..

...စောင့်တယ်...

.......

ခေါ်ဘူး.....း(......





လာမလား..!!!.

...စောင့်တယ်....

........

လာဘူး....း(...







ချော့မလား..!!!..

..စောင့်တယ်...

.......

ချော့ဘူး...း(...


..ဟွန့်..


...ဘာရမလဲ...

ထပ်ကောက်တယ် ကွာ...

လာ ကို...မခေါ်နဲ့ တော့...

တသက်.လုံး...;(..။



သတိ။ ။ အသက် ၁၆ နှစ် အထက် မဖတ်ရ....။




မမသီရိ

26 comments:

Phyo Maw said...

သတိက အောက်ဆုံးရောက်နေတော့ ဖတ်ဖြစ်သွားတယ်။
ပထမက ပြုံးတောင် ပြုံးလိုက်သေးတယ်။
ဟင်းဟင်း...။

သီဟသစ် said...

မမသီရိ
ဖတ်ပြီးတော့ ဟိုကောင် pm က ပြုံးရုံပြုံးတာ
ကျွန်တော်တော့ ရီသွားပြီ။ :-)

vanko said...

၁၆ နှစ်အထက် မဖတ်ရဆိုလို့ ဖတ်သွားတယ်နော်။ :P
idea လေး ကောင်းတယ်ဗျာ။
ခံစားချက်ကလေး ထင်ပါရဲ့နော်...။
ဘယ်သူ့ကိုများ ပြောနေတာလဲဟင်.. :P

JulyDream said...

ရောဂါ...

ကိုရင်နော်ခင်လေးငယ် said...

အယ်.. ဖတ်ပြီးသွားပြီလေ.. သတိပေးချက်က နောက်မှ တွေ့တယ်..း)

yehtutnaung said...

ဖတ်ပြီးမှ အသက် ၁၆ နှစ်ကျော်မှန်းသိသွားတယ်...။
ငိုသွားပြီ :'(

Anonymous said...

tune: ၁၆ နှစ်ကို ၂၁ လေးပဲ ကျော်သေးလို့ ဖတ်သွား

Anonymous said...

မ.. ဘယ်သူ့ကို ကောက်နေတာလဲ..း)
စိတ်ကူးလေးက လှလှ..

ညီမလေးMDO

mysterysnow said...

တော်သေးတယ် ၁၆ နှစ်အထက် ကောမန့်မပေးရလို့ မရေးထားလို့။

Anonymous said...

28 Mar 09, 05:39
ဂင်ကြီး: ငါ့ညီမရေ ဘယ်သူ့ကိုစိတ်ကောက်လဲဟေ့ ဟေးးးးး

sonata-cantata said...

၁၆နှစ် တရက်လျော့ဆို ဖတ်လို့ရတယ် ဟုတ်

လင်းဒီပ said...

ဖတ်ပြီးသွားပြီ..ဒုက္ခပါပဲ...:P

Anonymous said...

အယ်...ဘယ်လိုတွေ ဖြစ်ကုန်တာလဲ ဒွတ်ခေါး)
အနော်က ၁၆ နှစ် ၂ပြန်ဖြစ်တော့မယ် ဒါမယ့် ဖတ်တွားပြီး ဟိဟိ

တီချမ်း said...

အံမယ် ရီနေတာ ခိခိ
အားလုံးက အဲ အီး အား အင်း လုပ်နေကြ တာ
၁၆ အောက်လဲ ဘူမှပါပဲနဲ့
တီ တောင် ၁၅ နှစ်ခွဲ အသက်မေးရင် ဘယ်တော့ မှကြောပြ၀ူး
ဖတ်တယ် တော် ဘာဖြစ်သေးလဲ ခိခိ
ကဗျာ ဆိုလို့ ပိုကြိုက်သွားတယ် မိုက်တယ် ကွာ

မီယာ said...

လွမ်းနေပါဦးမယ် မမရေ... သိပ်မကောက်ပါနဲ့ :)

Anonymous said...

ဒွတ်ခပါလား... ဘုရားပေါင်းစုံ ကယ်တော်မူကြပါ...
အောက်ဆုံးရောက်မှ သတိပေးစာ တွေ့တယ်...
နောက်ဆို ခေါင်းစဉ်အောက်မှာ ကပ်လျက် ရေးထားလေ...
မောင်မျိုးက ၁၆ နှစ် နှစ်ပြန် ပြည့်တော့မယ်...
ကျနော်က ၆၁ နှစ် ပြည့်တော့မယ်...
ဖတ်မိရင် မိုးကြိုးတော့ မပစ်ဘူး ဟုတ်လား...

မေ့သမီး said...

မမဘယ်ဒူ့ကိုပြောနေတာလဲဟင်။ သာမီးကိုတော့ မဟုတ်ဘူးမလား။ သာမီးခေါ်တယ်နော်။ လာလည်းလာတယ်။ :D

မိုးခါး said...

မမ .. ညီမလည်း အဲလိုပြောချင်တာ .. ကောက်တယ်ကွာ .. ဒါပဲ .. :D

Unknown said...

မမသီရိရေ....

ကျနော်က အသက် ၁၅ နှစ်မှာရပ်ထားတာဆိုတော့...

ဟဲဟဲ...

ပျော်ရွှင်ပါစေဗျာ....

ကျနော်အခုလိုအချိန်မှာ ဒီပို့စ်လေးအတွက် ပျော်ရွှင်မိပါတယ်...။

ကောင်းကင်ပြာ said...

ဒုခ၊ ဖတ်ပြီးမှတွေ့တယ်၊ ဘယ်လိုလုပ်ရပါ့

Welcome said...

စိတ်ကောက် ပြန်ချော့ ပျော်စရာကြီး၊ ..
(မကြည့်ရ)လို့ စာတမ်း ထိုးထားရင် ပိုကြည့်ချင်တဲ့ စိတ်ကို ချွန်းအုပ်လို့ မရပါဘူး။ အမှန်တော့ ပိုကြည့်စေချင်တာ ဖြစ်ပါမယ်။

လေးစားလျက်

Kaung Kin Ko said...

ပုံလေးတွေက ချစ်စရား-)

ဆောင်းယွန်းလ said...

မသီရိစိတ်ကောက်တတ်လို့လား..မယုံဘူးဗျ..
၁၆နှစ်အထက်မဖတ်ရဆိုလို့ လေးနှစ်သားကျနော်လာဖတ်သွားတာပါ...

ZT said...

ဒီနေ့ ဖတ်လိုက်မိလို့ အချိန်မီလေးပဲ။ မနက်ဖြန်ဆို ၁၆ နှစ်ပြည့်ပြီ။ :D

Unknown said...

ဟိ....။ ကျွန်တော်က ၁၆ နှစ်ကျော်နေတော့...။ အစ်မရဲ့ ထုတ်ပြန်ထားတဲ့ သတိပေးချက်နဲ့ မညိစွန်းအောင် အထက်ကနေမဖတ်ရဆိုတော့ အောက်ကနေဖတ်သွားတယ်..။ ဟီ ဟိ..။ နာကွ...။

Anonymous said...

ကြိုက်တရ် .. ကြိုက်လို့ သူငယ်ချင်းတွေကို နဲနဲလိုက်ရှဲလိုက်တရ်နော် .. မမဆီက ကော်ပီယူသွားတရ်ဆို တာ ကျနော်ဖော်ပြပေးပါ့မရ် ..

moezi.info@gmail.com