ပေါက်ပန်းနီနီ
လဲပွင့်စီ...နီတယ်လေ့... စီတယ်လေး...။
.............
ကသစ်ရဲရဲ
ရိုးတံကျဲ...ရဲတယ်လေ့ ... ကျဲတယ်လေး...။
.............လက်ပံပွင့်သွေး
ဖယောင်မွှေး..သွေးတယ်လေ့ ... မွှေးတယ်လေး...။
...........နှင်းပွင့်စီစီ
မြူမင်းရီ...စီတယ်လေ့... ရီတယ်လေး...။
..............
တေးဖွဲ့တျာသီ
ကျေးငှက်မြည်...
သီတယ်လေ့.... မြည်တယ်လေး...။
................
ရှစ်ခွင်ရပ်တိုင်း
မှုန်မှုန် မှိုင်း...
ဆိုင်းတယ်လေ့... မှိုင်းတယ်လေး...။................
ဘယ်ကိုကြည့်ကြည့်
မြင်ယောင်မိချစ်သူ့မျက်နှာ.. ပတ်ဝိုင်းလာ...
လွမ်းတယ်လေ့ လွမ်းတယ်လေး....။..............
..............(မိန်ရာသီ တပေါင်းလ ဆိုတာ ပတ်ဝန်းကျင်သာယွာန်းလို့ ရသေ့သူတော်စင်တွေ တောင်ဈာန်လျှော တယ်ရယ်လို့ စာဆိုရှိတဲ့ လပါ... မြို့ကြီးမှာနေသူတွေ အတွက် အပူရှိန် တိုးလာတာကလွဲ လို့ သိပ် သတိထားမိကြမှာ မဟုတ်ပေမဲ့.. တောရိပ် တောင်ရိပ် နဲ့ နီးတဲ့ ကျေးလက်ဒေသတွေ မှာတော့... သာယာလှတဲ့ သဘာဝ အလှအပ တွေကို.. တစိမ့်စိမ့် ခံစားနိုင်ကြပါတယ်.. မနက်စောစော ပိုင်းမှာ.. နှင်းဥလေးတွေ သီးနေပြီး.. နေရင့်လာတဲ့ အချိန်မှာတော့.. မြူခိုးတွေ ဆိုင်းနေတဲ့.. တောတောင် သဘာဝ အလှ၊ ရာသီ အလိုက်ပွင့်ကြတဲ့ ပေါက်၊ လက်ပံ၊ ကသစ် စတဲ့ ပန်းနီနီတွေ က ဟိုမှာ..ဒီမှာ..၊ ရောင်စုံ ဖယောင်းသစ်ခွ ဖြူဖြူ၊ ပြာပြာ၊တွေ ကလဲ လက်ညှိုးထိုး မလွဲ.. ငှက်ကလေးတွေကလဲ တီတီတျာတျာ.. ကျီကျီကျာကျာ .. တေးသီလို့.. မောင်နှံ လည်ယှက် သစ်ရိပ်တွေ ထက်မှာပေါ့..။
ဇာတိမြေကို အလွမ်းဆုံးအချိန်ကို ပြောပါဆိုရင် ကျမအတွက်တော့.. ဒီရာသီပါပဲ.။ တိတ်ဆိတ် ငြိမ်သက်တဲ့ ကျေးရွာလေး တရွာရဲ့ အစွန်က ခြံကျယ်ကြီးထဲ မှာ ရှိနေမဲ့.. ပြုစုသူမဲ့.. သစ်ခွ ရိုင်းတွေ..။ တောင်စောင်းလေးပေါ် မှာရှိတဲ့ အိမ်မြင့်မြင့်ပေါ် က လှမ်းကြည့်လိုက်ရင်. ဆင်ခြေလျောလေး.. ဆင်းသွားတဲ့ တိတ်ဆိတ်နေတဲ့ မြေနီ လမ်းလေး.. ဟိုးဝေးဝေး မှာတော့.. တောင်တန်း ပြာပြာတွေ က.. ဘာမှ မသိလို ပဲ အိနြေ္ဒရရ လဲလျောင်းကောင်းတုန်း ပဲ နေမှာပေါ့... ကျမရဲ့ မနက်ခင်းတွေကို လာနှုတ်ဆက်ဖူးတဲ့ ငှက်ကလေးတွေကရော.. ကျမလွမ်းနေတာ.. သူတို့ သိပါ့မလား.။ .. မြို့ပြရဲ့ အရိပ်တွေ နဲ့ ဝေးကွာ တဲ့.. တိတ်တိတ်ဆိတ်ဆိတ် ရွာလေး.. ဘေးနားကတောင်ကုန်း မိုမို တွေ... နွေဦးပန်းတွေ.. ကျေးငှက်လေးတွေ ရဲ့အသံတွေ.. ခြောက်သွေ့နေတဲ့..လယ်ကွင်း မှိုင်းမှိုင်းတွေ.. ပြီးတော့.. ဘယ်တော့မှ ပြန်မရ နိုင်တော့ တဲ့.. ငယ်ဘ၀တွေ..
လွမ်းလိုက်တာ.......ကျမ ဘယ်ကို ပဲ သွာသွား .. သယ်သွားတဲ့ အထဲမှာ.. ကျမ ငယ်ငယ် ထဲက ခုချိန်ထိ စိတ်ကူးပေါ်တိုင်း ချရေးထား တဲ့. .. ကဗျာ မှတ်စု အကြမ်းတွေ .. ငယ်ငယ် ထဲ က အုံးခဲ့တဲ့ ခေါင်းအုံးလေး တလုံး... ငယ်ငယ် ထဲ က သောက်ခဲ့တဲ့ ကော်ဖီခွက်လေး တခွက် နဲ့.. နောက်ပိုင်း ကင်မရာလေးတလုံး ပိုင်ခဲ့တဲ့ အချိန်မှာ.. တွေ့ရာ မြင်ရာ ဖမ်းရိုက်ထားတဲ့ ဓါတ်ပုံတွေ ထည့်ထားတဲ့.. IBM USB 2.0 တစ်ခု ပါ ပါ တယ်..။
အဲဒီအထဲ က ပုံလေး တချို့ ကျမလိုပဲ အိမ်လွမ်းနေသူတွေ အတွက်မျှဝေပေးလိုက်ပါတယ်။
ပေါက်ပန်းနီနီတွေ
မြူတွေဆိုင်းတဲ့.. တောင်တန်းများ
နွေဦး ဆည်းဆာ အလှ..
ကသစ်ပန်းတွေ
ဖယောင်းရိုင်း
ခြောက်သွေ့နေတဲ့ လယ်တောများ
လက်ပံနီနီ
လန်းဆန်းတက်ကြွနေတဲ့ ဖယာင်းဖြူဖြူ တွေ
အလွမ်းတောင်ကြား
23 comments:
ကဗျာလေးက ကောင်းတယ်....။
ဓာတ်ပုံလေးတွေက သိပ်လှတာပဲ.....။
ကဗျာလေးဖတ်ရတာကောင်းလိုက်တာ ဆိုပြီးတွေးနေတုန်း.. ပုံလေးတွေတွေ့တော့ အလွမ်းတွေ ပိုပြီး ပေါ်လွင်လာတယ်.. လွမ်းစရာလည်း ပိုကောင်းလာတယ်..
အလွမ်းတောင်ကြား ဆိုတဲ့ နေရာလေးကတော့ သိသလိုလိုပဲ..
ခင်တဲ့
စောင့်လိုက်ရတဲ့ နွေဦးအလွမ်း မမသီရိရယ်၊ ဆယ်ခေါက်လောက်ရှိပီ၊ ခုမှပဲ လွမ်းရတော့တယ်။ ပုံလေးတွေက ပိုလွမ်းဖို့ ကောင်းတယ်နော်
မမသီရီရေ
ပုံလေးတွေ ကြည့် ကဗျာလေးတွေဖတ်ပြီး လွမ်းသွားတယ်။
နွေဦးကံ့ကော်သီချင်းလေးတောင် သတိရသွားပြီ။
ကဗျာလေး လဲ အရမ်း နူးညံ့ လှပ..
ဓါတ်ပုံလေးတွေက လည်း..လွမ်းဖို့ကောင်းလိုက်တာ...
လွမ်းတယ် မမ ရယ်..........
နွေဦးအလွမ်း ပီသလိုက်တာဗျာ။ မွေးရပ်ကို ခင်တွယ်ကြတဲ့ မြန်မာတွေကျမှ ခပ်ဝေးဝေးမှာ..........အင်း။
ကဗျာလေးလည်းကောင်
ပုံလေးတွေလည်း အရမ်းလှတယ် အစ်မ။
ဓာတ်ပုံတွေ လှတယ် မမရေ့ အပေါ်ကကဗျာလေးကလည်းရွတ်လို့ကောင်းပါ့း)
ကဗျာလေးကော ဓာတ်ပုံတွေပါ ပြောစရာမရှိအောင် ကွတ်တိကောင်းနေပါတယ် မသီရိရေ...ဓာတ်ပုံတွေထဲမှာတော့ အလွမ်းတောင်ကြားကို အငြိဆုံးပါပဲ..လွမ်းသွားပြီဗျာ...ပြန်တော့မယ်
ဖုန်တွေ သယ်လာတဲ့
လေပူပူရဲ့ နွေရနံ့က
လူကိုအမှန်ပဲ နွမ်းလျစေပါတယ်။
မမသီရိရဲ့
လှပတဲ့ ကဗျာလေးနဲ့
လန်းဆန်းနေတဲ့ ပန်းလေးတွေကို မြင်ပြန်တော့
ရင်ကို အေးသွားစေတာ အမှန်ပါ။
(မနေ့ကတည်းက စောင့်ဖတ်ရတဲ့ နွေဦးအလွမ်း ခုမှမြင်ခွင့်ရတော့တယ်)
မနေ့က ဒီပိုစ့်တင်ပြီး ချက်ချင်းပြန်ဖြုတ်လိုက်တာထင်တယ်
တွေ့ပြီးဖွင့်လို့မရဘူး...
နွေရာသီရဲ့အလှကို ကဗျာလေးရယ် ဓာတ်ပုံလေးတွေရယ် သုံးပြီး နွေဦးအလွမ်းလုပ်သွားတဲ့ အစ်မကို ချီးကျူးပါတယ်အစ်မ...တော်လိုက်တာ..
ကျွန်တော်ကတော့ ဓာတ်ပုံလေးတွေ သယ်သွားတယ်..:P
ပျော်ရွှင်ပါစေ အစ်မ..
ရွက်ကြွေတွေနဲ့ လမ်းကလေးကို လျှောက်ချင်တယ်။ အလွမ်းတောင်ကြားကိုလည်း သွားကြည့်ချင်သေးတယ်။
ဘယ်ကိုကြည့်ကြည့်
မြင်ယောင်မိ
ချစ်သူ့မျက်နှာ.. ပတ်ဝိုင်းလာ...
လွမ်းတယ်လေ့ လွမ်းတယ်လေး....။
~~~
နောက်ဆုံးတော့လည်း ဒီဘူတာကိုပဲ ရထား ဆိုက်တာပါပဲနော်။ အဟား...
စတာနော် အတည်...
မမ ကဗျာကရှေးကဗျာလေးကျနေတာပဲ။ အချလေးတွေ မိုက်တယ်။ ဓါတ်ပုံတွေကဘယ်မှာလဲဟင်။ အရမ်းလှတာပဲ။ မမကဘယ်ဇာတိလဲ။
သေချာတယ်
ဒီပုံအတိုင်းဆို မမသီရိ ဖိုးမော် ကဗျာပြိုင်ပွဲမှာ ဗိုလ်စွဲတော့မယ်
ကောင်းတယ် မမ
ကြိုက်
မမသီရိရေ
ကဗျာလေးကို ဖတ်ရင် ငယ်ငယ်တုန်းက နွေရာသီကျောင်းပိတ်ရက်မှာ ဦးလေးရွာကိုအလည်သွားရင် နံနက်ခင်းမှာနွားကျောင်း လိုက်သွားတော့ တွေ့ရတဲ့နွေနံနက်ခင်း ရှုခင်းလေးတွေကို ပြန်မြင်မိတယ်။
မမရဲ့ ကဗျာလေးဆီက ရတဲ့ နွေရနံသင်းသင်းပျံပျံလေးက လွမ်းစိတ်တွေကို ခြွေချနေပြန်ပါပြီ။ တစ်ကယ်ကောင်းတဲ့ ကဗျာလေးပါ။
မမရေ
ကဗျာရော ပုံရော grade 5.. :)
ကဗျာလည်းကောင်း ပုံတွေကလဲကောင်း တော်လိုက်တဲ့ မမသီရိ လို့ပဲချီးကျူးပါစေတော့ ငါ့ညီမရေ့ မိုက်တယ်ဟေ့
အစ်မရေ ဘယ်ဒေသ က ဖိုတိုတွေလဲဗျ
အရမ်းလှတယ် --လွမ်းမောဖွယ်ရာအညာဒေသ
ကဖိုတိုတွေလား --စပ်စုသွားတယ်
အမရဲ့ နွေဦးအလွမ်းလေးဖတ်ပြီး ပိုပိုလွမ်းသွားပြီဗျာ ... ပုံလေးတွေလည်း အရမ်းလှတယ် ..
ကဗျာရော ဓါတ်ပုံတွေပါ ကောင်းလှပါတယ်။
ကဗျာလေးကို ဖတ်ရတော့ မြင်စိုင်းခေတ်ကို သတိရသွားတယ်..
နွေရဲ့အသံကိုတောင် ကြားလာရသလိုပဲ..
ပုံ ကွန်ပိုဇေးရှင်း အယူအဆလေးတွေ ကောင်းတယ်။ ရိုက်ထားတဲ့ ကင်မရာ Canon PowerShot A470 နဲ့ ရိုက်တာတောင် ဒီလောက်လှရင် SLR နဲ့ ဆိုပိုလှမှာပဲ
Post a Comment