..................................
.ကျမ စကား ကို..ပြန်ကောက် ရရင်တော့...လူ တစ်ဦးချင်း တစ်ယောက်ချင်းစီ ဟာ...သူနေထိုင်ရာ..နိုင်ငံ..သူ့ရဲ့ လူမျိုး.နွယ်စု...သူ့ အဖွဲ့ အစည်း တွေ ကို..ကိုယ်စားပြု တာ မှန်ပေမဲ့........လူနည်း စု တစ်ယောက် စ..နှစ်ယောက် စ လောက် နဲ့...လူမျိုး တစ်မျိုး လုံး ..နိုင်ငံ တစ်နိုင်ငံ..အဖွဲ့ အစည်းတစ်ခုလုံး..ကို...ပုံဖေါ်..ဝေဖန်လို့မရနိုင်သလို...တစ်မျိုးတည်းပါပဲရယ် လို့လဲ...မသုံးသပ်သင့်ပါ ဘူး....အဲဒါကျမ အမြင် ပါ...
ဝေးဝေး မကြည့် ပဲ ..ကိုယ့်မိသားစု ဒါမှ မဟုတ်လဲ.. ကိုယ့်နား ပတ်ဝန်း ကျင် ကြည့် ကြည့် ကြ ရင်..မိသားစု တစ်ခု ထဲ မှာတောင်...တူနိုင်ကြတာ မဟုတ်...အဖေ အရက်သမား ဖြစ်လို့..သား က အရက်သမား လိုက်ဖြစ်..သမီးက..အရက်သမား မယား.. ဖြစ်ရ ရိုး ထုံးစံ မရှိနိုင်...ဘယ်မိသား စု..ဘယ်လူမျိုး..ဘယ်အဖွဲ့ အစည်း.ဘယ် တိုင်းပြည်မှာပဲ ဖြစ်ဖြစ်...ကောင်းတဲ့သူ..ဆိုးတဲ့သူ..ကိုယ်ကျင့်သိက္ခာ ရှိသူ..မရှိသူ..အကြင်နာ ရှိသူ..အကြင်နာမဲ့သူ ....စသဖြင့်...လူ အမျိုးမျိုး စိတ်အထွေထွေ..ရှိကြမှာပါ......လူတွေ အားလုံး တူနေကြ...ကောင်းနေကြ ရင်.......ကမ္ဘာကြီး.က...ဘယ်လို လုပ် လူ့လောက ကြီး ဖြစ်တော့မှာလဲ ..နော်....ရန်မဖြစ်ကြရ ရင်..ပျင်းစရာ..ကောင်းချင် ကောင်းနေမှာ....း)......
..........
ဒါနဲ့ပဲ..ကျမကိုယ့်ကိုကိုယ်ပြန်မေးမိတယ်....ဒုတိယကမ္ဘာစစ်တုန်းက..ဖက်ဆစ်ဂျပန်တွေ..အရှေ့တောင်အာရှ တလွှား မှာ..ဗိုလ်ကျ စိုးမိုး..အနိုင်ကျင့်..ဖျက်ဆီး..ကမ္ဘာကို လွှမ်း ဖို့ ကြိုးစား ခဲ့ ဖူးတယ်...ဂျပန်တစ်နိုင်ငံ လုံး သားတွေ..ဖက်ဆစ်တွေ လား........ကျမတွေ့ဖူးသမျှ...အလုပ်တွဲ လုပ်ဖူးသမျှဂျပန်လူမျိုး တွေက...အရမ်း နူးညံ့သိမ်မွေ့လွန်းလှပါတယ်...လူ့စည်းကမ်းတွေကို....ကျမတို့မြန်မာတွေနဲ့မခြား..လေးစား လိုက်နာသလိုပဲ. ..ယဉ်ကျေးလွန်းလှပါတယ်....ဒါပေမဲ့..ဂျပန်လူမျိုး တိုင်း.ဒီလိုတော့ ဟုတ်ချင်မှ ဟုတ်မှာပါ........
.....................
ကမ္ဘာ့အကြမ်းဖက်သမား ကြီး..အူစမာဘင်လာဒင်က...လူတွေ သတ်ဖို့ ကြိုးစားနေယုံနဲ့...အာဖဂန်နိုင်ငံသား တွေအားလုံး...လူသတ်သမားတွေလား..NHK သတင်းဌာနက..လူ့အခွင့်အရေးနဲ့.ကျား..မအခွင့်အရေးတွေ ..ဇောင်းပေးရိုက်ကူးထား..တဲ့...အာဖဂန်နောက်ခံ....အိုဆာမာ..ဆိုတဲ့..ဗီဒီယို..ကားတိုလေးကို.ကြုံရင်...ကြည့်ဖူးကြစေချင်ပါတယ်...တာလီဘန်တွေ စိုးမိုးတဲ့ ကာလမှာ..လူ့အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့..မိန်းကလေး တစ်ယောက်အကြောင်းအခြေခံပြီး အာဖဂန်ရဲ့သာမန်လူတွေအကြောင်းပါ..အင်တာနက်မှာ..ရှာလို့ရနိုင် မလား ..တော့ ကျမလဲ မပြာတတ်..အဲ..ကျမ မရှာတတ်ပါ..း).............
........................
ကိုယ့်..အနား ပြန်ကြည့်..ကြရင်..ကျမတို့ရဲ့ဆွေမျိုးပေါက်ဖေါ်ကြီးတွေ..ကျမတို့ နိုင်ငံထဲ..အသံတိတ် နယ်ချဲံ့လာနေခဲ့တာ...ကျမတို့ နိုင်ငံ ထဲ..ဘယ်နားထိ ရောက်နေသလဲ..လို့ ..အားလုံးသိကြမှာပါ...ကျမတို့..ဘယ်သူ မှ..မပျော်ကြပါ ဘူး.....မုန်းတယ်လို့တောင် ပြောလို့ ရပါ တယ်...ဒါပေမဲ့...ကျမတို့ အပါ အ၀င်..တစ်ကမ္ဘာ လုံး သူတို့နဲ့ ဘယ်သူ မှ မကင်းနိုင်ကြ.....ကမ္ဘာ ပေါ်မှာ ရှိတဲ့..အိမ်တိုင်း နီးပါးလောက် မှာ..တရုတ်လုပ် ပစ္စည်းတွေ ရှိနေနိုင်တယ်..လို့..ကျမရဲ့ မိတ်ဆွေ ဂျပန်မလေး တစ်ယောက်က ပြောဖူး ပါတယ်..........။ ....တရုတ်စပ် အမျိုးသမီးကို လက်ထပ်ထားတဲ့ ကျမရဲ့ဆွေမျိုး နီးစပ်တစ်ယောက် က..အမြဲ နိုင်ငံရေးစကားနဲံ့..မျိုး ချစ်စိတ်..အမျိုးဂုဏ်ဆိုတာမျိုးတွေ..အားရပါးရ ပြောတတ်သူပါ...ခေတ်ပြောင်း ကာလမှာ..ဆွေမျိုးပေါက်ဖေါ်တွေ စီးပွားရေးနဲ့မြေယာတွေ နယ်ချဲ့လာတဲ့အချိန်..သူကပဲ..အာပေါင်အာ ရင်းသန်သန်...ဆွေမျိုးပေါက်ဖေါ်ချစ်ကြည်ရေးကို အသည်းအသန်ဝေဖန်တာပါ....တစ်နေ့သူလက်ဖက်ရည်ကြမ်း ၀ိုင်းနဲ့..ပြောဖေါ် ပြောဖက် မိတ်တွေ နဲ့ ပြောနေတုန်း...ကျမ ရောက်သွား တော့..ကျမ လဲ..မနေနိုင် မထိုင်နိုင်...၀င်ပြောမိပါတယ်..ဦးလေး မိန်းမကွာလိုက်ပါ လား...အဲဒီလောက် ဒီလူမျိုး မုန်းနေရင်..လို့.....ဘာပြောကောင်းမလဲ..ကျမ ကို..စကား ဟ..ဟ မပြောတော့ တာ...ခုထိ....း).
.....အမှန်က..ကျမ ဆွေမျိုးပေါက်ဖော်တွေချစ်လို့ပြောတာမဟုတ်ပဲ ..ဦးလေးရဲ့. .အဖြစ်ကို အမြင်ကပ်လို့ပြောခဲ့ တာပါ .....(ကိုယ့်ထမင်း ကိုယ်စား..သူများ အမြင်ကပ်အောင်လုပ်တတ်သူကျမ..လေ...း)) .တကယ်ဆို..ကိုယ့် မှာ အားနည်း ချက်ရှိတဲ့ သူတွေ ဟာ အားနည်းချက်လေးတွေကို ဖုန်းကွယ်နိုင်ဘို့ အသံပိုပြီးကျယ်လောင်တတ်တဲ့ အကြောင်း.ကျမအသိနောက်ကျခဲ့တော့..ဦးလေးရဲ့အမြင်ကပ်တာခံခဲ့ရတာ..နည်းသေးတယ်တောင် ပြောရမှာပါ.. ။
............................................
ကဲ...နောက်တစ်ယောက်...နာဇီဝါဒ ကို အသက်သွင်းပြီး..ဂျူး မုန်းတီးရေး နဲ့ ဂျူး လူမျိုး တွေကိုရက်ရက် စက်စက် သတ်ဖြတ်ခဲ့တဲ့ကမ္ဘာ့ သမိုင်းဝင်ဖက်ဆစ်ကြီး ဟစ်တလာ ကလူသတ်သမား ဖြစ်ယုံနဲ့ ဂျာမန်လူမျိုးတွေ အားလုံးက လူသတ် သမားတွေ လား.....
ဟစ်တလာ ဆိုလို့...ကြုံတုန်း ကျမရဲ့ အတွေ့အကြုံလေး တစ်ခု ဝေ မျှချင်ပါသေးတယ်..။
ကျမရဲ့ ရာဇ၀င်တွေ ထဲက ချွေးပြန်ခဲ့ ရတဲ့ ကာလ တစ်ခု ပါ..။
..............................................
မြန်မာနိုင်ငံမှာ နံ့ပါတ်စဉ် (၃) လို့ သတ်မှတ်ခံခဲ့ ရပေမဲ့.နိုင်ငံတစ်ကာ မျက်နှာစာ မှာ နံပါတ် (၂) အဖြစ် အမြဲ ထင်ပေါ်ကျော်ကြားခဲ့တဲ့ ကျမတို့ရဲ့ဘဘကြီး နဲ့ တဖွဲ့လုံး အထိမ်းသိမ်းခံ..အဖျက်သိမ်းခံရပြီးစလေးမှာပါ။ ကျမ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ကုလသမဂ္ဂ အေဂျင်စီ တစ်ခုမှာ နိုင်ငံတော်အဆင့် အထိမ်းအမှတ် အခမ်းအနား တစ်ခု လုပ်ခဲ့ပါတယ်..။ ရန်ကုန်မှာ မဟုတ်ပဲ စီမံကိန်း ရှိနေတဲ့ တောမြို့လေးတစ်ခု မှာပါ။ မြန်မာနိုင်ငံမှာ တာဝန်ကျနေတဲ့ နိုင်ငံခြား သံတမန် အားလုံးနီးပါး ၂ ညအိပ် ၃ ရက် ခရီးစဉ် နဲ့ အဲဒီ အခမ်း အနားကိုတက်ခဲ့ ကြပါတယ် ။ ကျမ မှတ်မိ သလောက် ဆိုရင် သံအမတ်ကြီး အဆင့်တွေ အပါအ၀င် အဆင့်မြင့်သံတမန် ၀န်ထမ်း ၂၀ ကျော်လောက် ပါ ပါ တယ် ။ စီမံကိန်း ကြီးသလောက် ၀န်ထမ်းနည်းတဲ့ အဖွဲ့အစည်းမှာ ကျမက ဧည့်သည်တွေ အားလုံး အတွက် ခရီးစဉ် အဆင်ပြေချောမွေ့စေရေး..နေထိုင် စားသောက်ရေး နဲ့ Field visit တွေ ကို စီမံကိန်း မန်နေဂျာ နဲ့ အတူ အောက်ခြေသိမ်း အသေးစိတ်ရေးဆွဲ စီစဉ် လုပ်ဆောင်ခဲ့ ရတဲ့ အပြင်.. အခမ်းအနား မှာ လဲ MC လုပ်ခဲ့ ရပါတယ်..။ ၂ လလောက်ကတည်းက တင်ကြို ပြီး စီစဉ်တာတောင် အတော့ ကို ဖတ်သီ ဖတ်သီ နိုင်ခဲ့တာပေါ့ ။ သံတမန်တွေ ရဲ့ လုံခြုံရေး ကိုတော့ ကာကွယ်ရေး ၀န်ကြီးဌာနက တိုက်ရိုက် တာဝန် ယူပေးပါတယ်။
....................................
နိုင်ငံတော် အကြီးအကဲ အားလုံးနဲ့ အတူတကွ သက်ဆိုင်ရာ ၀န်ကြီးဌာနရဲ့ ၀န်ကြီး အပါ အ၀င် အဆင့်မြင့် အစိုးရ အရာရှိတွေကို ရန်ကုန်ရုံးချုပ် က အဲဒီအခမ်းအနား ကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပေမဲ့... ဘာ့ကြောင့်မှန်းတော့ မသိ.. ၀န်ကြီးဌာန လက်အောက်ခံ ညွှန်ချုပ် ၂ ယောက် ၃ ယောက် နဲ့..အစိုးရ ကိုယ်စားလှယ် အဖြစ် ခရိုင်အဆင့် အုပ်ချုပ်ရေး အာဏာပိုင် ပုဂ္ဂိုလ် တစ်ဦး သာ တက်ရောက်ခဲ့ပါတယ်..။
အခမ်းအနား အစီအစဉ်တွေ အတိုင်း သက်ဆိုင်ရာ ပုဂ္ဂိုလ်များ အသီးသီး အမှာ စကားပြောကြားပြီးတဲ့ နောက်မှာတော့ ညစာ စားပွဲ အစီအစဉ် ပါ။ ၀န်ထမ်းအင်အား နည်းတဲ့အပြင် တောမြို့လေး မှာ ကျွမ်း ကျင်တဲ့ ဧည့်ခံ စာပွဲထိုးတွေ မရှိတာမို့ ညစာစားပွဲကို ပွဲနေပွဲထိုင် သဘောမျိုး မဟုတ်ပဲ ကိုယ်တိုင်ထယူစံနစ်နဲ့ တည်ခင်း ဧည့်ခံ ဖို့ဆရာနဲ့ ကျမ ဆုံး ဖြတ်ခဲ့ ကြပါ တယ်။ နည်းနည်း ပါးပါး လိုအပ်သလောက် ကို တော့ ..တခြား နီးစပ်ရာ အေဂျင်စီ တွေက ၀န်ထမ်းတွေကို အကူအညီတောင်းပြီး ဘေးက ပံ့ပိုးပေးကြပါတယ်။
..........................................
ကျမလဲ..အခမ်းအနားမှူး တာဝန်က ယာယီ ဆင်းပြီး အခြားသူတွေ နဲ့ အတူ ဧည့်ခံ ပေးနေတုန်း..Head of Mission နဲ့ နိုင်ငံတော်အစိုးရကိုယ်စားလှယ်တို့ ထိုင်နေတဲ့ဝိုင်း က Head of Mission က ကျမကို လှမ်းခေါ်ပါတယ်..ကျမလဲ ဘာအလိုရှိသလဲ မသိဘူး ဆိုပြီး ခပ်သုတ်သုတ် ပဲ စားပွဲဝိုင်း နားကပ်သွားတော့..ကံက ဆိုးပုံများ..ကျမ ကို သူနဲ့ အစိုးရကိုယ်စားလှယ်ကြား စကား ပြန်လုပ်ပေးဘို့ အကူအညီ တောင်းတာပါ..။ ကျမ ရဲ့ ဆရာလဲ ကျမတို့အနားကိုရောက်လာပါတယ်၊ ရန်ကုန် ရုံးချုပ် က ဘာသာပြန်ပေးမဲ့ သူတွေ နဲ့ အစိုးရ ဖက်က စကားပြန်နိုင်တဲ့ သူတွေကို ခေါ်ပေးပါမယ် ပြောပေမဲ့.. Head of Mission ကတော့ ကျမကို ပဲ request လုပ်ချင် ပါသတဲ့... ကျမ အနေနဲ့ နိုင်ငံတကာဝန်ထမ်းတွေ.နဲ့ အချိန် အတော်ကြာအတူတူတွဲ လုပ်ကိုင်ဖူး... စကားပြန်ပေးဖူး..သံတမန်တွေ နဲ့ ရံဖန်ရံခါ ပြောဆို ဆက်ဆံဖူးပေမဲ့...ခု ကိစ္စက အတော် မလွယ်တဲ့ ကိစ္စ၊ .အင်္ဂလိပ်လိုလဲ အဲသလောက်ထိ ကျွမ်းကျင်တာမဟုတ်ရတဲ့အထဲ..ဓါးသွားပေါ်လမ်းလျှောက်ရမဲ့အဖြစ်.။
ဒါပေမဲ့.. ဧည့်သည်တော် Head of Mission ကိုယ်တိုင်ကတောင်းဆို လာတော့ မတတ်သာပဲ ..သူတို့ ၂ ယောက် ကြား ကျမထိုင်ခဲ့ ရပါတော့ တယ်.။ .စားပွဲဝိုင်း မှာ တခြား သံအမတ် ကြီး ၃ -၄ ယောက် လဲ ရှိနေပါ တယ်။ သံခင်း တမန်ခင်း နဲ့ ပတ်သက်ပြီး.. သံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းမျိုးတွေ တစ်ခါမှ တက်ဖူးတာ မရှိပဲ...ဖတ်ဖူးခဲ့တဲ့ မန်းတင် ရဲ့ သံကြီးတမန်ကြီး နဲ့ ခရီးသည် မောင်ပြုံးချို အားကိုး..ကိုယ်ပိုင် အတွေ့အကြုံ အားကိုးတွေနဲ့ ..ကိုယ့်ကိုကိုယ် အားပေးရင်း ထိုင်ခဲ့ ရတာပါ.။
.................................
ကျမ..သူတို့ ၂ ယောက်ကြား ထိုင်မိတယ်ဆိုရင်ပဲ..အပြန် အလှန်မိတ်ဆက်ရုံလေးပြီးတာနဲ့..သံအမတ်ကြီးက..သူ့ရဲ့သံတမန်ကင်းလွတ်ခွင့်ကို အပြည့်အ၀ အသုံးချပါတော့တယ်..။ လူ့အခွင့် အရေးဆိုင်ရာတွေကို ကရားရေလွှတ် ဆက်တိုက် ပြောနေရင်းမှာ ပဲ..တင်ကြို printလုပ်လာတဲ့..နိုင်ငံတကာအင်တာနက်သတင်းလွှာ တွေထဲ က..မြန်မာနိုင်ငံ နဲ့ အထူးသဖြင့် ..ခု သူတို့ ရောက်နေတဲ့ ဒေသတွင်း ဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ကို..သက်သေ သာဓက အထောက်အထားတွေ ပြပြီး..မေးခွန်းတွေ ဆက်တိုက် မေးပါတော့ တယ်.။ ကျမ.. ချွေးပြန်ရပါပြီ....။ အမှန်တော့ အဲ အစိုးရကိုယ်စားလှယ် ပုဂ္ဂိုလ်ကြီးက နိုင်ငံတော် အစိုးရ ကိုယ်စားလှယ်သာပြောပေမဲ့..ခရိုင်အဆင့် အရာရှိကြီးတစ်ဦးသာဖြစ်ပါတယ်..။ သူ့အနေနဲ့ အထက်က ညွှန်ကြား ခွင့်ပြုချက်နဲ့သာ တက်လာရပေမဲ့..သူ့ ပြောပိုင်ခွင့်က ရှိမှာမဟုတ်တာသေချာပါတယ်..။ သံအမတ်ကြီးကြည့်ရတာကျတော့လဲ..ဘာပဲဖြစ်ဖြစ် ..အခွင့်အရေးရတုန်း သူတို့ ဆန္ဒတွေ အထက်က နားတွေဆီ ကို နည်းနည်း ဖြစ်ဖြစ် ရောက်လို ရောက်ငြား သဘောထား ပုံ ရပြီး စွတ်ပြောနေတော့..ကျမ ကြားထဲ က အခက်တွေ့ ရပါ ပြီ..။
သံအမတ်ကြီး က မနက်ဖြန် သန်ဖက်ခါပြန်မဲ့ လူ..အစိုး ရကိုယ်စား လှယ်ကြီးက ဒီမှာကျန်နေမဲ့ သူ..ဒီလူတွေနဲ့ ကျမတို့တွေ ဆိုတာက မကြာခဏလုပ်ငန်း သဘောအရ..တွေ့ နေ မြင်နေရမဲ့သူတွေ... နယ်က လဲ ကျဉ်းကျဉ်းလေး..။ ဆိုတော့..ဓါး က နီးရာဓါး.ဖြစ်နေခဲ့တာ..။ ဒါပေမဲ့ လုပ်နေရ တဲ့ အလုပ်က..လူသား အကျိုးပြု လုပ်ငန်းတွေ..နဲ့ လူ့ အခွင့်အရေး ဆိုင်ရာကိစ္စတွေ.။ ကျမ ဘယ်လောက်ထိ ဘေးကြပ် နံကြပ် ဖြစ်မလဲ ဆိုတာ ..စဉ်းစားပေးနိုင်ကြမယ် ထင်ပါတယ်..။ ဒီကြားထဲ..ကျမ ဘာတွေ စဉ်းစားနေသလဲ ရိပ်များ ရိပ်မိ သလား မသိပါ ဘူး.. သံအမတ်ကြီး က မကြာခဏ ကြားဖြတ်ပြီး..ငါ ပြောတာ အတိအကျ ပြောပေးနော် လို့..ပြောနေသေးတာ..။ ဒီဖက်က ပုဂ္ဂိုလ်ကြီးကလဲ..တချက် တချက် ပြန် ပြောပါတယ်..မှတ်မိ သလောက်ဆိုရင်..တစ်ချို့ ကိစ္စတွေ က သူ ဘာမှ မပြောနိုင်ကြောင်း.. သူတို့ အဆင့်နဲ့ မသိနိုင်တဲ့ ကိစ္စတွေ အများကြီး ရှိ ကြောင်း.၊ တချို့ အချက်တွေ ကအထက်က ညွှန်ကြားတဲ့ အတိုင်း တသဝေ မတိမ်း လုပ်ပေးရတာ ဖြစ်တဲ့ အကြောင်း နဲ့ ဖြစ်နိုင်ရင်..နိုင်ငံတော် အဆင့် အစိုးရပိုင်းဆိုင်ရာ လူကြီးတွေ နဲ့သာ ဒီကိစ္စမျိုး ပြောဆို သင့်ကြောင်း ..စသဖြင့် ပါ...ဒီကြားထဲ..သံအမတ်ကြီးမှာ မိန်းမရှိလား..ကလေးရှိလား..ဘယ်ဘာသာ ကိုးကွယ်သလဲ.. လစာ ဘယ်လောက် ရသလဲ..စတဲ့ ..သံတမန်လောက မှာ မမေးအပ်တဲ့ မေးခွန်းတွေ ကို ပြန်မေး ပါသေး တယ် ရှင်..။ အဲဒီတော့ တုန့်ဆိုင်း တုန့်ဆိုင်းဖြစ်နေတဲ့ ကျမ ကို နှစ်ယောက်လုံး က အတိအကျ ဘာသာပြန်ပေးဖို့ ဖိအား ၀ိုင်းပေးကြပြန်ရော..။ ကျမလဲ မထူးဇာတ်ခင်းပြီးတော့..ဘာသာ ပြန်ပေးခဲ့ရသပေါ့ နော်..။ သံအမတ်ကြီးက ပြောရင်းပြောရင်း..အာတွေ့ လာပြီး..အသုံးအနှုန်းလေး တွေ ထိရောက်ပြင်းထန်လာပါ တယ်..အထူးသဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှု၊ နိုင်ငံရေး အကျဉ်းသားများ ကိစ္စ၊ လွတ်လပ်စွာ စည်းရုံးဟောပြောခွင့် ကိစ္စ၊ ကလေးစစ်သားတွေ ကိစ္စ..။ ဒီ အစိုးရ ဖက်က တချို့ အကြောင်းအရာတွေ အတွက် အလျော့ပေး လိုက်လျော မယ် ဆိုရင်.. ဒီနိုင်ငံတော် တိုး တက်ရေး အတွက် သူတို့ EU နိုင်ငံတွေ အနေနဲ့ ဘယ်လို အကူအညီတွေ ပေးမှာ ဖြစ်တဲ့ အကြောင်း တွေ ဆက်တိုက် ပါလာပါတော့ တယ်..။ အဲဒီ စကားတွေ ကျမ ဘာသာပြန်ပေးလို့ ဆုံးတယ် ရှိသေး...တချိန်လုံး မြန်မာ လိုပဲ ပြောပြီး ကျမ ဘာသာပြန်ပေးနေခဲ့ရတဲ့ ကျမတို့ ရဲ့အစိုးရဧည့်သည်တော်ပုဂ္ဂိုလ်ကြီး က..သံအမတ်ကြီး ကို..အင်္ဂလိပ်လို မေးခွန်းတစ်ခု တိုက်ရိုက် မေးလိုက်ပါတော့တယ်.။ အဲဒီ မေးခွန်းကို လဲ ကြားရော..သံအမတ်ကြီး ဟာ ခေတ္တ ကြောင်အမ်း ဆွံ့အ..သွားခဲ့ပါတယ်....
မေးလိုက်တာ က Do you know Hitler? တဲ့ ..ရှင်..
..သံအမတ်ကြီးက ဂျာမန်သံအမတ်ကြီး ပါ...
(ဟစ်တလာ..မူဆိုလိုနီ..စတာလင်..နာဇီ..ဖက်ဆစ် ဆိုတဲ့ အသုံး အနှုန်းတွေ ဟာ..သံတမန်လောက မှာ..အရမ်း ဂရုစိုက်ရတဲ့ စကား လုံးတွေ ပါ..စကြာပုံ (နာဇီသင်္ကေတ) အရုပ်တွေ ကိုတောင် အရမ်း သတိထားတဲ့ နိုင်ငံခြားသားတွေ တွေ့ ဖူးပါတယ်....) .
သံအမတ်ကြီး ဟာ .အဲဒီမေးခွန်းမျိုး မျှော်လင့်ထားခဲ့ပုံ မရခဲ့ပါဘူး... အဲဒီတစ်ခွန်းကို..အင်္ဂလိပ်ပြောပြီးတော့..အရာရှိကြီးက မြန်မာလို ဆက်ပြောပါတယ်..(အဲဒီအကြောင်း သူ့အထက် လူတွေ သိချင်မှသိမှာပါ) ..ကျွန်တော်တို့အစိုးရ ဆိုပေမဲ့..အစိုးရ ၀န်ထမ်းတွေ အားလုံးဟာ..လူ့အခွင့်အရေး ချိုးဖောက်နေတာ .အကျင့်ပျက်နေတာ မဟုတ်ပါဘူး..တဲ့..လူတွေ အားလုံးဟာ..တသွေး တသံ တမိန့် အောက်မှ နေရပေမဲ့..တစ်စိတ်တည်း ရှိချင်မှရှိမှာပါ တဲ့....အဲဒါ ကြောင့် ၀ါးလုံးသိမ်း နဲ့ မပြောဖို့ သံအမတ်ကြီး ကို တောင်းဆို လိုက်ပါတော့တယ်......။
....................................
ဆောင်းဦးပေါက် ကာလမှာ..ပိုးအင်္ကျီ ပါးပါး..ပိုးထဘီ..ပိုးပုဝါ ဆင်ထားတဲ့ ကျမ အေးစိမ့်နေရမဲ့ အစား..တစ်နာ ရီကျော်ကြာ ချွေးတွေပြန်နေခဲ့ရတာပါ... အဲဒီနေ့ က ဟစ်တလာ သာ ၀င်မကယ်ရင်..ကျမ မစဉ်းစားရဲ...(အဲဒီ ရဲ့ နောက် ၄ -၅ ရက်လောက် ကျမ ကျီးလန့်စာစား ဖြစ်ခဲ့တာ..ဘယ်အချိန် လာခေါ်ပြီး ဘာတွေ မေးအုံး မလဲ..လို့... ဘဘကြီး နဲ့ သူ့လူတွေ သာ ရှိလို့ ကတော့..အဲဒီနေ့ က မိုးမလင်း ခင်.ကျမ အင်တာဗျူး လုပ်ခံရမှာ မလွဲ.... ကံကောင်းလို့) အော် ဟစ်တလာ ကယ်ပေလို့..။
.........................
.............................................
နိုင်ငံတစ်နိုင်ငံရဲ့ ကိစ္စအတော်များများဟာ..သက်ဆိုင်ရာအုပ်ချုပ်သူအစိုးရတွေ ရဲ့ တာဝန်ဖြစ်တဲ့ အကြောင်း ..ယေဘုယျ အားဖြင့် ကျမ လက်ခံပါတယ်..။ ဒါပေမဲ့ တပြိုင်နက်ထဲမှာပဲ..နိုင်ငံသား တစ်ဦးစီမှာ လဲ..ကိုယ်စီတာ ၀န် ရှိပါတယ်.။ ကျမတို့ ရဲ့ ကမ္ဘာ ကြီးဟာ ဒီနေ့ နဲ့ မနက်ဖြန် ကြားလေး မှာ နာရီနဲ့ အမျှ တိုးတက်ပြောင်းလဲ နေတဲ့ အပြင်..စီးပွားရေးသမား တွေ ရဲ့ နယ်ပယ်ချဲ့ထွင်မှုတွေ..ဟာလဲ..ကမ္ဘာ့နေရာအနှံ့ ..ထပ်ပြီးကျယ်ပြန့် နေဦးမှာပါ..ကမ္ဘာ့ လူမျိုးပေါင်းစုံရဲ့စီပွားရေးလုပ်ငန်းကြီးတွေ အနာဂတ်မြန်မာပြည်မှာ..အများကြီး ရှိလာမှာပါ..ဘယ်လူမျိုး ဆီမှာပဲ အလုပ်လုပ်..အနိုင်ကျင့်မခံရဘို့နဲ့..ခေါင်းပုံဖြတ်မခံ ရဘို့ ဆိုတာ..သက်ဆိုင်ရာ အစိုးရ အပြင်..တိုက်ရိုက်ပတ်သက်နေသူတွေ မှာ လဲ မိမိကိုယ် မိမိ ကာကွယ်ဘို့တာဝန်နဲ့ အသိ ရှိနေရပါမယ်..။ တချို့ ကျတော့လဲ ကိုယ့်ကို ကိုယ် ဘယ်လို ကာကွယ်မယ် ဆိုတာမျိုး သိကို မသိသေးတဲ့ သူတွေလဲ ရှိမှာ ပါ..အဲဒီလို လူမျိုးတွေ အတွက်..သိတဲ့သူ က ဖေးမ ကူညီပေးသင့်ပါတယ်..။
.............
ကျမတို့ အားလုံးဟာ..ပိုမို ကောင်းမွန်တဲ့အနာဂတ်အတွက်.. ကောင်းမွန်သင့်မြတ်တဲ့ အပြောင်းအလဲ တစ်ခု ကို..မွတ်မွတ်သိပ်သိပ် တောင့်တ နေကြသူတွေ ပါ..။ ဒါပေမဲ့..အဲဒီလို ပြောင်းလဲခွင့်ရလာတဲ့ အခါမှာရော..အရာအား လုံး ပြီးပြည့်စုံ စွာ..ငြိမ်းချမ်း လှပ နိုင်မလား လို့ ဘယ်သူမှ မသေချာပါ..။ ကမ္ဘာပေါ်မှာ ရှိတဲ့ လူတွေ တစ်ဦးချင်းစီ တစ်ယောက် ချင်းစီ ဟာ .မတူ တဲ့ အတွက်..ကျမ တို့ ဘယ်အရာကိုမှ ပုံသေကားကျ တွက် လို့ မရနိုင်ပါဘူး...။ ကျမရဲ့ကိုယ်ပိုင် အလေ့အကျင့်လေး တစ်ခုကတော့..ဘယ်အကြောင်းအရာ..ဘယ်ကိစ္စ ကို မဆို မျက်တောင်းမွေး တစ်ဆုံး မကြည့်မိဘို့ ရယ်..ထစ်ခနဲ ရှိ သူတစ်ပါး ကို အပြစ် ပုံလွှဲ မချမိဘို့ ရယ်..ကိုယ့် တပိုင် တနိုင် ဘယ်အတိုင်း အတာ ထိ လုပ်နိုင်သလောက် ရှိသလဲ သုံးသပ်ပြီး..နိုင်သလောက် လုပ်ဖို့ ရယ်..ဖြစ်လာတဲ့ အခြေအနေ နဲ့ ဖြစ်နေတဲ့ အနေအထားကို..သုံးသပ်ပြီး အကောင်းဆုံး အများအကျိုး အတွက် သယ်ပိုးနိုင်ဘို့ ရယ် ပါ......။
...........................
ကဲ.. ရွာထဲ က အပြန်မှာ ..ကိုးရီးယား ကား အကြောင်း တစွန်းတစ ကြားမိ ပြီး..တွေးခဲ့ တဲ့ အတွေး တွေ ကတော့...တသီ တတန်းကြီး.....
....
နိဂုံးချုပ်ရရင်တော့. ကျမ ရွာထဲ လမ်းလျှောက်နေတုန်း ကျမကို ပြုံးပြ နှုတ်ဆက်ခဲ့ သူတွေ ကိုကျေးဇူးတင်ဖို့ပါ.သူတို့ ကြောင့်ပဲ..ကျမ တစ်ယောက်ထဲ ကြောင်တက်တက် ဖြစ်မနေခဲ့ရတာပါ...
....................
ကျမနဲ့ ပထမဆုံး လမ်းမှာတွေ့သူက..ရဲရဲရင့်ရင့် လေးလေးပင်ပင် ကဗျာတွေ ရေးတတ်တဲ့.ကိုဆောင်းယွန်းလ၊ အိမ်တွေဘာတွေပြင်ဘို့လိုအပ်ခဲ့ရင်..အန်ကယ်မအားလဲ ..သူလာ ပြင်ပေးပါမယ် လို့ အရေးတယူ ပြောလာပေးလို့ အားတက်ခဲ့ရတဲ့ ..အတွေးရော အရေးကောင်းသူ မောင်လေးမျိုး..နိုင်ငံကျော် စာရေး ဆရာမကြီးတွေ ဖြစ်ပေမဲ့..အသိအမှတ်ပြုအပြုံးလေးတွေ နဲ့ လှမ်းနှုတ်ဆက်တဲ့..မိုးချိုသင်း၊ မပန်ဒိုရာ၊ မကေ၊ နာမည်လေးက ကဗျာဆန်ပေမဲ့..ကျမစိတ်ဝင်စားတဲ့ကလေးသူငယ်အခွင့်အရေးတွေ အကြောင်း စီကာ ပတ်ကုံး ပြောပြခဲ့တဲ့..JulyDream,ကဗျာရေးတော့လဲကောင်းစာရေးတော့လဲကောင်းတဲ့ မောင်လေးလင်းဒီပ၊ တွေ့တိုင်း လျှာလေး တစ်လစ် ထုတ်ပြတတ်တဲ့ မခင်ဦးမေ၊ ရှာရှာဖွေဖွေ သမိုင်းတွေ စုဆောင်း တင်ပြတဲ့ ကိုအောင်၊ မိုးစက်နှင်းဆီ ဆိုတဲ့ ပန်းနာမည်နဲ့ မောင်လေး တစ်ယောက်၊ ကျမလွမ်းတိုင်း..ကူလွမ်းပေးဖေါ်ရတဲ့ ညီမ မီယာ၊ ညီမလေး နှင်း၊ ခုတစ်လော ပျောက်နေတဲ့ ညီမလေး ခေါင်ခေါင်၊ အမေကို အချွဲသန်ပုံ ရတဲ့ မေ့သမီးလေး၊ သီချင်းအဆိုကောင်းတဲ့..ပြီးတော့ သမီးချောတွေ ရဲ့အဖေ..အစ်ကိုဂင်ကြီး၊ သူ့ဆီသွားရင်..မဆုံးနိုင်တဲ့ ဖတ်စရာ..မှတ်စရာတွေ နဲ့ ပြည့်နေတဲ့ အိမ်ပိုင်ရှင် ကိုလူလ၊ မောင်လေး ဒေါင်းမင်း၊ ညီမလေးကောင်းကင်ပြာ၊ ပန်းစကားဆိုတဲ့ ဆိုင်းဘိုးလေးနဲ့ Vanko, မောင်လေးဖြိုးငယ်၊ ကလေးလေး craton... ပြီးတော့ ကိုဝင်ေးဇာ် (Welcome) ကျမ အားမငယ်အောင် အားပေးခဲ့ကြတဲ့ အားလုံးကို ကျေးဇူး အထူးတင်မိပါကြောင်း ပြောပါရစေ..နော်..
...............................
အော်..ပြောရအုံးမယ်... လမ်းလျှောက်ထွက်ရင်း.. ကြုံတုန်း ဓါတ်ပုံလေးတွေ သိမ်းလာခဲ့တယ်နော်.. ချစ်စရာအပြုံးပိုင်လေး မိုးချိုသင်း၊ မောင်လေးမျိုး၊ အစ်ကိုဂင်ကြီး၊ ကိုဆောင်းယွန်းတို့သားအဖ၊ Craton ကလေးလေး...အားတဲ့အခါ ..ခဲခြစ်ပန်းချီလေး ဆွဲပေးပါ့ မယ်.......း).........။
.......................
မှတ်ချက်၊။ ။ ဟိုတလောက အရင်ကျမအလုပ် လုပ်ဖူးခဲ့ တဲ့ မြီု့လေး က တစ်ယောက်နဲ့ အဆက်အသွယ်ရလို့ မေးကြည့်တော့..ကျမကို ဟစ်တလာ ကယ်ခဲ့စဉ်တုန်းကရှိနေခဲ့တဲ့ အစိုးရကိုယ်စားလှယ်တော်ကြီးဟာ..မကြာခင်က မယူမနေရ အငြိမ်းစားယူခိုင်းတာ ခံခဲ့ရတဲ့ အကြောင်း သိရပါတယ်။
အားလုံးကို ခင်မင်လေးစား တဲ့
မမသီရိ (၂.၂.၂၀၀၉)
15 comments:
မမသီရိရဲ့ စာတွေ၊ အရေးအသားတွေ အရမ်းဖတ်လို့ကောင်းပါတယ်၊ သတိတရ၊အမှတ်ရတဲ့ အတွက်လဲ ကျေးဇူးပါ၊ မမသီရိ လိုဖတ်ကောင်းအောင် စာစီ၍မရေးတတ်၊ ရေးတတ်သလိုလေးတွေ ရေးတာကို အသိအမှတ် ပြုတာလဲထပ်ကျေးဇူး:)
အစ်မက တစ်ရွာလုံးလှည့်ပတ်သွားနေတာကိုး...
အိမ်ရှေ့ကဖြတ်သွားတာတွေ့လိုက်သား..
ထမင်းစားနေတော့ ဝင်စားမှာစိုးလို့ မခေါ်တာလေ..:P
အားလုံး မျှော်လင့်ထားတဲ့ ကောင်းသောနေ့လေး အမြန်ရောက်ပါစေဗျာ...
ဟေးလ်..... ဟစ်တလာ.... !!!!......း)
အပေါ်က.. နှုတ်ဆက်နည်းကိုတွေ့လို့ သတိရသွားတယ်။
စောစံဘိုးသင် ပြောတဲ့ သူ့အကြောင်းထဲမှာ ပါ။ သူ ဂျာမဏီရောက်တော့.. ဟစ်တလာ ရဲ့ ဘုန်းတန်ခိုးအရှိန် အတက်ဆုံး အချိန်ဖြစ်နေသတဲ့။ အားလုံးက..တွေ့တာနဲ့ -- ဟိုင်း- ဟစ်တလာ- ဆိုတာပဲ..ပြောနေကြရတော့... နောက်တဖြည်းဖြည်းနဲ့.. လေသံ ရော့လာပြီး.. ဟိုင်း လား..ဟိုင်း..လား.. ဆိုပြီး ဖြစ်လာရော တဲ့။း)
ဟိုင်း.. မမသီရိ- ကျမနံမယ် ထဲ့ပြီး မှတ်တမ်းတင်ထားတာ ကျေးဇူးပါ။ ဒါပေမဲ့..နိုင်ငံကျော် စာရေးဆရာမ တော့..မဟုတ်ပါ။း)
မမရေ
လျှောက်လည်တတ်တဲ့ အကျင့်လေးက တူနေပြန်ပြီ။
မမရေးထားတာလေးက ချစ်စရာလေး။
သတိတရ အသိအမှတ်ပြုတဲ့အတွက်
လာလာပြီး လည်တဲ့ အတွက်
အပြုံး လက်ဆောင်တွေ ချန်ထားတတ်တဲ့
မမကို ကျေးဇူးပါ။
မမရဲ့ အကို က စိတ်ကြီးတယ် ဟုတ်လား.. အင်း ထင်သားပဲ.. ဖတ်လို့ကောင်းလိုက်တာ.. ဟိုးအရင်က များ သိခဲ့ကြဖူးလားလို့ တွေးနေတယ်။ :)
မမ ပို့စ်လေးက စာဖတ်သူကို ဖတ်နေရင်း ဖမ်းစားသွားတယ် ပထမ ဖတ်နေတုန်း ငယ်ငယ်တုန်းက ရွာက အကြောင်းလေးထင်နေတာ နောက်တော့ အန်ကယ် လိုက်ပို့ပေးရင်ဆိုတော့ ..ဟင်းး အစ်မက ယူအက်စ်ကပဲကို ပြောလည်းမပြောပြဘူး ထင်ပြန်။ နောက်တော့ သံတမန်တွေနဲ့ လေ့လားရေးခရီး အယ် မြန်မာကို ပြန်ရောက်သွားပြန်ပြီး ကမ္ဘာများပတ်နေသလား ဟုတ်သေးပါဘူး ဟစ်တလာတွေကော ရှုပ်နေတာပဲ နောက်မှ...သြော် နောက်ဆုံးတော့ ဂလိုကိုး ဘလော့ရွာကိုပြောတာပဲး) စိတ်ဝင်စားစရာကောင်းတယ် ရွာလေးက ပျော်စရာကောင်းပါတယ် လမ်းမှာတွေ့တဲ့သူတွေထဲပါလို့ ပျော်တယ် ။ခဲခြစ်လေးဆွဲပေးမယ်ဆိုလို့ ကျေးဇူးအများကြီးတင်ပါတယ် ရွာထဲမှာ ဆက်လက်ပျော်ရွှင်ပါစေ အစ်မရေ့ အားပေးလျှက်
ခင်တဲ့
မောင်မျိုး
ကဗျာတင်မဟုတ်ပဲ စာတွေပါအရေးအသားကောင်းလှတဲ့ ရွာသာယာလေးထဲက မသီရိရဲ့အိမ်ပေါ့...ကျနော်ရောက်တာနောက်ကျ ခရီးထွက်နေရလို့ပါလို့ တောင်းပန်ချင်..အားတဲ့အခါ ခဲခြစ်ပန်းချီဆွဲပေးဦးမယ်ဆိုလို့လည်း ကျေးဇူးတင်မဆုံးခဲ့...
ရွာထဲလျှောက်လည်တာ မမသီရိတော့ ဘယ်လိုနေလဲမသိ။ ကျွန်တော်တော့ လိုက်ဖတ်ရင်း ခြေထောက်တွေတောင်ညောင်း.. အဲလေ မျက်စိတွေတောင် ညောင်းသွားတယ်။ :P
လျှောက်လဲလျှောက်နိုင်တဲ့ မမသီရိပါပဲ။ အဟတ်.. နောက်တာပါနော်.. တကယ်ဖတ်လို့ကောင်းပါတယ် ကြုံသမျှ ဘုံဘ၀မှာပေါ့နော်။ အတွေ့အကြုံတွေ စိတ်ကူးလေးတွေ မျှဝေခံစားသွားပါတယ်။ အင်း.. ခဲခြစ်ပန်းချီဆို ကျွန်တော်လည်း စိတ်ဝင်စားတယ်။ ဆွဲပေးပါလားဗျာ။ ကျေးဇူးအကြီးကြီးတင်ပါတယ်။ :P
ရွာထဲလျှောက်လည်ရတာ ခြေထောက်ညောင်းသွား ပြီလား မမ။ ဟိ ဟိ မမက မေ့သမီး အမေ့ကိုအချွဲသန် တယ်ဆိုတာ သိနေတယ်ပေါ့။ နည်းနည်းလေးပါ။ :P မွေးနေ့ဆုတောင်းအတွက် ကျေးဇူးနော်မမ။
အရေးအသား ကောင်းပေစွ။
နိုင်ငံကျော်စာရေးဆရာမ ဆိုလို့ မျက်လုံးပြူးသွားတယ် မမိုးချိုသင်းကို ပြောရင်း ရောသွားတာနေမှာပါ :)
အလုပ်တွေများတဲ့အခါ ခြေရာမချန်မိ ဖြစ်တတ်တယ်။ အမြဲလာလည်လို့ ကျေးဇူးတင်လျက်ပါ မမသီရိ။
စာတွေအများကြီး ဆက်ရေးပါ။ အားပေးလျက်.။
မမရေ
မမ ပုံဆွဲပေးမယ်လို့ ကွန်မန့်လာရေးတဲ့နေ့ကတည်းက ဒီဘလော့ဂ်ကို ၀င်ဖို့ ကြိုးစားနေတာပါ။ လုံးဝ ၀င်မရတာ ဒီနေ့မှ အောင်မြင်တယ်။
လာဖတ်တော့မှ အံ့သြမိတယ်။ နိုင်ငံကျော် စာရေးဆရာမကြီး မဟုတ်ရပါဘူး။ ကိုယ်ခံစားရတာတွေ တောင်ခြစ် မြောက်ခြစ် ခြစ်နေတဲ့ ဘလော့ဂါလေးပါ မမရာ။ ပုံဆွဲပေးမယ်ဆိုလို့ ကျေးဇူး အထူးပါ။ (ပုံတွေ ထပ်ပို့ပေးရအုံးမလားငှင် အဟီး..)
ဝါးလုံးရှည်နဲ့တော့ သိမ်းပြီး မပြောသင့်တာ မှန်ပါတယ်။ တချို့ကျတော့လဲ ဟစ်တလာ ဟစ်တလာ ဆိုပြီး တသွေးတသံတမိန့်အောက်မှာ လုပ်ရတယ်ဆိုပြီး ရောင်ပြန်လွှတ်တာမျိုးလဲ ရှိသေးတာ မမရေ..
(ဒါနဲ့ မမက AK 47 အာကိုဂျီးနဲ့ တကယ့် မောင်နှမ အရင်းလား..)
မမသီရိရေ ...
ရေးထားတာအစုံအပြင် ပို့စ်အရှည်ကြီးကို အစအဆုံးဖတ်ဖြစ်အောင် ရေးနိုင်ပါပေတယ် အစ်မရေ ..
ရွာရိုးလျှောက်လည်တုန်းက
လမ်းကြိုလမ်းကြားထဲက
ဇနပုဒ်လေးကို မျက်စိသျှမ်းပြီး
ကျော်သွားခဲ့သေးတယ် ထင်တယ်။
Post a Comment