Wednesday, February 11, 2009

မူးယစ်စေသော အရာများ

သုံးဆောင်မှမူးသော......မသောက်ပဲမူးသော
အရာများ....အရာများ
၁။ အရက်......................၁။ ဂုဏ်
၂။ ဘိန်း .....................................၂။ ဓန
၃။ ဘင်း.............................................၃။ အလှ (ရူပါရုံ)
၎။ ကစော်..................................................၄။ ရနံ့ (ဂန္ဓာရုံ)
၅။ လှော်စာ..................................................... ၅။ အထိအတွေ့
၆။ ဟီးရိုးအင်း.....................................................၆။ အချစ်
၇။ မော်ဖင်း....................................................၇။ အလွမ်း
၈။ စိတ်ကြွဆေးများ.....................................၈။ ရာထူး
၉။ စိတ်ငြိမ်ဆေး............................၉။ ပါဝါ
၁၀။ ဖင်ဆီဒိုင်း...............၁၀။ အာဏာ
၁၁။.... ၁၁။ ...
လောကမှာ ..
တစ်ချို့ က အရက်ကြောင့် မူးတယ်
တစ်ချို့က အချစ်ကြောင့် မူးတယ်
တစ်ချို့ က ငွေကြောင့်မူး တယ်
တစ်ချို့ က ဂုဏ်ကြောင့်မူးတယ်
တစ်ချို့က ပါဝါ ကြောင့် မူးတယ်
တစ်ချို့ က အာဏာကြောင့်မူးတယ်
ဘာနဲ့ မူးမူး..
မူးပြီဆို ..အနည်းနဲ့ အများ
လူတစ်ဖက်သား...အလိုလို ထိခိုက်.
ကိုယ်တိုင်ရော ပတ်ဝန်းကျင်ရော..
မူးတာမှန် သမျှ..ဘယ်တစ်ခု မှ မကောင်း.
အပ်ကြောင်းထပ်အောင်ပြောကြပေမဲ့..
ဒီလောက..
လူတိုင်း မူးနေကြတယ်
....
...
သူငယ်ချင်း
မင်းရော..
ဘာနဲ့ မူးနေသလဲ
....
...
..
အော်
ကျမ..လား...
အင်း.
လောလော ဆယ်
အလွမ်းတွေ နဲ့ မူးနေတယ်.။
မမသီရိ

28 comments:

khin oo may said...

အချစ်နဲ့မူးတယ်။

Moe Cho Thinn said...

အခုတော့ အလွမ်းနဲ့ မူးနေတယ်။ :)

:P said...

အိပ်ရေးမဝလို့ မူးနေတာ..။
မူးရင်တော့ အချစ်နဲ့ပါပဲ

Anonymous said...

မမရေ....
မူးတော့မူးနေတယ်။ကဗျာတွေနဲ့မူးနေတယ်။

ဒေါင်းမင်း said...

အကုန်မူးနေတာမမသိရိရေ..ဟီး..မူးလိုရရင်တော့
အကုန်ကိုမူးပစ်ချင်တယ်..စိတ်ရှိလက်ရှီမူးပစ်လိုက်မယ်..
မှတ်ကရောဆိုပြီး

လူလ said...

မင်္ဂလာပါ မသီရီ

မူးတတ်တာတွေကို ဖတ်ပြီး မူးသွားတယ်။ ပိုက်ဆံမကုန်တော့ဘူးပေါ့။ မူးချင်နေတာနဲ့ အတော်ပဲ
( ၁၁ ) က ဘာကြီးလဲ မရှိပါလား။

ငယ်ငယ်တုန်းက ကာတွန်း ဦးငွေကြည်ရေးခဲ့တဲ့ ကာတွန်းတပုဒ် သတိရသွားတယ်။ ကာတွန်းထဲမှာ ရေးထားတာက “ ဘ၀င်နှင့် မမြင့် တို့ ရုံးတက်နေတတ်သည် ” တဲ့ ဆိုလိုတာက ဘ၀မြင့်နဲ့ ရှုးတတ်သည်ကို ဆိုလိုတာပါ၊
ဘ၀င်မူးရင်လဲ ရှုးတတ်တယ် လို့ မှတ်ချက် ပေးသွားကြောင်း...

ရွှင်လန်းချမ်းမြေ့ပါစေ...

လင်းဒီပ said...

အစ်မက အလွမ်းတွေနဲ့ မူးနေတယ်ဆိုတော့ ကျွန်တော် မောင်ပန်းမွှေးရဲ့ ကဗျာလေး အမှတ်ရတယ်ဗျ..

ငွေရူး ရွှေရူး ဂုဏ်အရူးထက်
အချစ်ရူးက ပိုမြတ်တယ် ဆိုတာလေ..
အရူးနဲ့ အမူးက အတူတူပဲထင်ပါရဲ့..

အလွမ်းနဲ့မူးတဲ့အခါ ဘယ်လို့ ပြန်ဖြည်ရပါလိမ့်..:P

ATN said...

မူး... ဘီး... ပျန်... သွား... ဒယ်...

ဘီယာ ကျန်သေးလား... အေ့...

မီယာ said...

ဗိုက်ဆာလို့ မူးတာ...
အချစ်နဲ့ မူးတဲ့လူတွေ တယ်များပါလား...

ဆောင်းယွန်းလ said...

တစ်ခုခုတော့မူးနေတာပါပဲလေ...
အလွမ်းနဲ့မူးနေတာကတော့ တဖက်သူကိုသိပ်မထိခိုက်
လောက်ဖူးပေါ့မသီရိရေ..
ကဗျာလေးဆင်ထားတာလှတယ်..ကျနော်တောင် အလှနဲ့မူးသွားပြီထင်ပါရဲ့...

Anonymous said...

အချစ်ကြောင့် မူးတယ် ဒါပေမယ့် နည်းနည်းလေးပါ :)

ကိုအောင် said...

မူးယစ်စေသောအရာများ ကို ဖတ်ရူသွားပါတယ်။
အားပေးလျက်ပါ။

မေ့သမီး said...

အလွမ်းတွေနဲ့မူးနေတဲ့မမ အမူးဖြေပေးမယ့်သူနဲ့ အမြန်ဆုံးပြန်ဆုံပါစေ။ ကဗျာကလှလွန်းလို့ ၂ခေါက်ဖတ်သွားတယ်။

ကောင်းကင်ပြာ said...

အလွမ်းနဲ့မူးပီးလာတာ အလွမ်းနဲ့ပဲ မူးပီးပြန်သွားပါတယ်

Anonymous said...

ကိုယ်တစ်ယောက်ထဲ မူးနေသလား မှတ်တယ်..
လက်စသတ်တော့ အများ ကြီး ပဲ ကို....း)
....
Khin Oo May...အချစ်နဲ့မူးတာ ကောင်းတာပေါ့

Moe Cho Thin...အလွမ်းနဲ့ မူးနေတယ်ဆိုတော့ဘ၀တူ..ဖြစ်နေပြီ..

Sin Dan Lar...မူးမဲ့မူး အချစ်နဲ့မူတာ ကောင်းတယ်..း)

စိတ်စမ်းရေ.....ကောင်းတယ် မောင်လေး..

ဒေါင်းမင်း....အားလုံးနဲ့ မမူးလိုက်ပါနဲ့ မောင်လေး ရေ..

ကိုလူလ......၁၁ က လိုရာဆွဲတွေး....း).....
ဖြည့်စွက် မှတ်ချက်ပေးသွားတာတွေအတွက် ကျေးဇူးပါ.

ကိုလင်းဒီပ....မောင်ပန်းမွှေး ကဗျာ တွေကျက်ဖူးတာ ခြင်း တူနေတယ်...း)...ဟုတ်ပါ့..မူး တာနဲက ရူးတာ...တချို့ နေရာတွေမှာ တူမယ် ထင်ပါတယ်...
အလွမ်းနဲ့ မူးရင်...ဘာနဲ့ဖြေရမလဲ ဆိုတော့....အင်း....
အဲ...သိဘူး...း).... ဒါပေမဲ့...မင်းအောင်သီချင်းလေး ရှိဖူးတယ်လေ...စိတ်ကူထဲမှာ သူပေးခဲ့တယ် အလွမ်း...ကဗျာလေးရေးမယ်..စာလေးရေးမယ်..အလွမ်း....း)...

အစ်ကိုလေး (အောင်သာငယ်).....း(...

မီယာ.....း)...ဗိုက်ဆာလို့ မူးတာ..ဘာဂါစားရင် ပျောက်တယ်....တခြား ဟာတွေနဲ့ မူးရင်သာ .....း)...

ကိုဆောင်ယွန်းလ....ဟုတ်ကဲ့ပါ...အလွမ်းနဲ့ပဲ ဆက်မူးပါမယ်....း).....

မောင်လေးမျိုး...Good

ကိုအောင်....သူကတော့ မူးပုံ မရဘူး....း)

မေ့သမီး....ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ....

ကောင်းကင်ပြာ.....ကိုယ်ချင်းစာပါတယ်...

Unknown said...

လှလိုက်တဲ့ ဖန်တီးမှုလေးဗျာ...။ လက်ဖျားရော..။ ခြေဖျားရော ခါတယ်....။

Anonymous said...

နှင်း: မမ နည်းနည်းတောင်မူးသွားတယ်။ အိမ်ပြန်ပို့ပေးတော့။

Anonymous said...

kaungkinpyar: မမသီရိ အမူးပြေပီလားလို့လာကြည့်သည်

Anonymous said...

ကီး: တကယ်မှန်တယ် အမူးတွေရဲ့နည်းလမ်းတွေပဲ

Anonymous said...

သားထူး: အဟီး ကျွန်တော်ကတော့ အဟိုကြည့် ဒီကြည့်နဲ့ မူးနေတယ်ဗျို့

Anonymous said...

နန်းညီ: ကဗျာဖတ်ရင်း လာမူးသွားပါတယ်

Anonymous said...

နန်းညီ: ကဗျာဖတ်ရင်း လာမူးသွားပါတယ်

Apprenticeship said...

အရမ်း ကောင်းတဲ့ နှိုင်းယှဉ်မှုပဲ...

Anonymous said...

မေအိခင်: မသောက်ပဲမူးတာတွေကို ဗဟုသုတရလိုက်ပါတယ်

Anonymous said...

vanko: မင်္ဂလာပါခင်ဗျာ။ အလွမ်းတွေနဲ့ မူးနေတဲ့ မမသီရိဆီကို အလည်လာပါတယ်။ ကျွန်တော့ကို လင့်ထားတာတွေ့လို့ ကျေးဇူးပါနော်။ ကျွန်တော့ဆီမှာလဲ ပြန်လင့်ထားပါရစေ။ ပျော်ရွှင်ချမ်းမြေ့ပါစေ။

kiki said...

မူးတာချင်းတူတူ ဇိမ်ကျကျပဲ မူးချင်တယ် မမသီရိရေ ။။
ချားစီးပြီးမူးတာရော .. ဘယ်နေရာမှာ ထဲ့ ရမလဲ ..ဟီးဟီး ။
သွေးအားနည်းလို့ ၊ သွေးပေါင်ကျလို့ ၊ သကြားဓါတ်နည်းလို့ မူးတာ ကျတော့ရော .. ဘာအမူးလဲ ။။ ဟဲဟဲ ။။
( ကြော်ငြာ တွေ့ လို့ ဝင်ဖတ် လိုက်တာ .. မူးကနဲ မိုက်ကနဲ နဲ့ သာခွေယိုင် ဖြစ်ပြီး ပျံသွားပါတယ် ... မမသီရိရေ )

HRmyanmar said...

ကဗျားလေးကောင်းတယ်ခင်ဗျ .. မူးနေတဲ့သူတွေ ကြည့်ပြီး ကျနော်လည်း ဝင်မူးသွားပါတယ် ... တချို့ကမူးရင် ယမ်းတယ်နော် အမ .. အဆိုးဆုံးကတော့ အာဏာကြောင့်မူးတဲ့သူတွေပဲ ဖြစ်မယ်းp

HRmyanmar said...
This comment has been removed by the author.