Saturday, February 07, 2009

အချိန်တိုင်းမှာ...


ညင်ညင်သာသာလေး......
တိုက်ခတ်သွားတဲ့...
လေညှင်းလေးကြောင့်..
လှုပ်ခါနေတဲ့....
တီးတိုးသံသဲ့သဲ့..
သစ်ရွက်လေးတွေ ရဲ့ အသံကြားမှာ...
မင်း..အသံလေးများ...
ပါနေသလား..လို့...
ကိုယ် ရှာဖွေနေမိပါတယ်......

....

ညနေခင်း..ဆည်းဆာ မှာ...
ဟိုး ...ဝေး.ဝေး....က
တောင်တန်းတွေ ကို ဖြတ်..ပြီး...
အပြေးလေး နော့နော့..
ဝှေ့ဆော့ကာ ကြည်စယ် သွား..
တို့ရဲ့ ပါးကိုလေ...
အဲဒီလေပြေ နဲ့ အတူ..
မင်းရဲ့ အနမ်းလေး များ..
ပါလာ သလား လို့..
ကိုယ်တွေး ရှက်နေမိ သေးတယ်.....

....

နေခြည် နုနု အောက်...
လိပ်ပြာလေးတွေ
ဝတ်ရည် အသောက် ထွက်ရင်း..
အမှတ်တမဲ့..
တို့ ဘေး ရောက်ခဲ့ တော့...
မင်း သတင်းလေးများ ပါလာ သလား လို့..
တိုးတိုး တိတ်တိတ် ..မေးလိုက် မိပါရဲ့....
.....

ဆန်းစ ပြုနေတဲ့ ...
လမင်းလေး ကို...
တာဝန်တစ်ရပ် လို စောင့်ကြည့်ရင်း.....
လ၀န်းမျက်နှာ မှာ...
မောင်...ပေါ်..ပေါ် ..လာတတ်တာ....

...

မျှော်နေတဲ့ သူကို...
ချော့ လာမလားလို့.....
စာနာတတ် တယ် ဆို....
ရောက်လာ မလား လို့....

အော်....
နေရာ မရွေး...
ဝေးတယ် ဆိုရင်...
အချိန်တိုင်း....လွမ်းနေမိပါ တယ်..ကွယ်.....။


မမသီရိ

10 comments:

လင်းဒီပ said...

ဝေးတယ် ဆိုရင်...
အချိန်တိုင်း....လွမ်းနေမိပါတယ်..ကွယ်.....

လွမ်းတဲ့အကြောင်းကို ရိုးရိုးရှင်းရှင်းလေး ဖွဲ့ထားတဲ့ အချစ်ကဗျာလေး ခံစားသွားပါတယ်ဗျာ...

ဒေါင်းမင်း said...

ဆန်းစ ပြုနေတဲ့ ...
လမင်းလေး ကို...
တာဝန်တစ်ရပ် လို စောင့်ကြည့်ရင်း.....
လ၀န်းမျက်နှာ မှာ...
မောင်...ပေါ်..ပေါ် ..လာတတ်တာ....
ကျွန်တော်ကျတော့မောင်မပေါ်ဘူး...
သူလေးမျက်နှာပဲပေါ်ပေါ်လာတာ..အဟီး
အရမ်းကောင်းတဲ့ကဗျာလေးဗျာ..
ဒါပေမယ့်ကျွန်တော်မလွမ်းချင်ဘူး..
လွမ်းရမှာကြောက်တယ်...

Anonymous said...

ကဗျာက ထိရက်စရာမရှိအောင် နုဖတ်အိစက်နေတာပဲ
(အနုပညာပါရမီပါသူများသာ ကဗျာကိုထိကိုင်နိုင်ကြသည် ခွိခွိ.. လူရှိန်အောင်ထည့်သွားပြီ တစ်လုံး :D)

ဆောင်းယွန်းလ said...

နေခြည် နုနု အောက်...
လိပ်ပြာလေးတွေ
ဝတ်ရည် အသောက် ထွက်ရင်း..
အမှတ်တမဲ့..
တို့ ဘေး ရောက်ခဲ့ တော့...
မင်း သတင်းလေးများ ပါလာ သလား လို့..
တိုးတိုး တိတ်တိတ် ..မေးလိုက် မိပါရဲ့....
အားပါး လှလိုက်တဲ့ ကဗျာလေး
အချိန်တိုင်းလွမ်းနေရတဲ့ ဘဝက အမြန်ဆုံး လွတ်မြောက်နိုင်ပါစေလို့ပဲ ဆုတောင်းပေးရမှာပေါ့နော်

khin oo may said...

မလွမ်းချင်ဘူး
ရင်ဘတ်ထဲကနာတယ်။ လွမ်းရင်

ကိုအောင် said...

တောင်တန်းတွေ ကို ဖြတ်..ပြီး...
စာပိုဒ်မှာ သဝေထိုး နှစ်လုံးထပ်နေတယ် မမသီရိ။
ကဗျာလေးက ကောင်းပါတယ်။ အပျံစားဘဲ။
အားပေးလျက်ပါ။

မီယာ said...

မမရေ လွမ်းနေရတုန်းပဲလား။ အလွမ်းတွေ အမြန်ဆုံး ပြေပါစေနော်...

Anonymous said...

မမသီရီရေ ကဗျာလေးက နုဖတ်နေတာပဲနော်။ ရေးတတ်ချင်လိုက်တာဗျာ။

Anonymous said...

ကဗျာလေး က နုနုလေး
ချစ်သူကေ၇းပေးတဲ့ ဒီလိုကဗျာမျိုးဆိုရင် ရတဲ့ ယောက်ျားလေးက သေလို့ရတယ် ကြည်နူးလွန်းလို့ ဟဟားးး)

အလွမ်းကလည်း မြေ့မြေ့လေးနဲ့ ခံစားလို့ ကောင်းတယ် မမ ရ ကျနော်တော့ အဲ့အရသာကို ကြိုက်တယ် ။

:P said...

လွမ်းရတာကိုတော့ သိပ်မကြိုက်ဘူး...။