Wednesday, February 04, 2009

စိတ်ကောက်တတ်သူ နဲ့...အဖြူရောင် သံယောဇဉ်များ..

ပင်စိမ်းရွက်ရဲ့ အနံ့ကို ..ကျမငယ်ငယ်တုန်း က အတော့ ကို မုန်းပါသည်။ မုန်း ဆို..လုံးဝ မခံနိုင်တာမျိုး.ပါ..။ ရှမ်းနံနံ လို့ ခေါ်တဲ့ အရွက် က လွဲပြီး..ကျန် အမွှေးရနံ့ ရ အရွက်များ အား..ကျမ လုံးဝ မကြိုက်ပါ...။
ချဉ်ပေါင်ဟင်းရည်ပျစ်ပျစ်လေး ကို တော့..ကျမ အလွန်ကြိုက်ပါသည်...။ ထမင်းထဲ ..ချဉ်ပေါင်ဟင်းရည် ပျစ်ပျစ်လေး ဆမ်းပြီး..ငါးခြောက်ကြော်.. ငါးကြော်..ကြက်သား အချိုနှပ်..ဒါမှ မဟုတ်လဲ..ငခြောက်ဖုတ်လေးနဲ့ စားရသည်ကို...အလွန် နှစ်သက်ခဲ့ပါသည်။ အမှန်က..ချဉ်ပေါင်ဟင်းရည် ချက်ရင်..ပင်စိမ်းရွက်လေး အုပ်လိုက်တော့..မွှေးမွှေးလေးနဲ့ စားကောင်းတာမို့..အတော်များများ..က ချဉ်ပေါင်ဟင်းရည်ချက်ရင်.ပင်စိမ်း အုပ်တတ်ကြ သလို..ကျမ ရဲ့ မေမေ လဲ..ပင်စိမ်း အုပ် ချဉ်ပေါင် လေး အရမ်း ကြိုက်ပါသည်.....။


အဲဒီတော့.....ဇာတ်လမ်း က စပါ ပြီ.......

ကျမ လုံးဝ မကြိုက်တဲ့ ဒီပင် စိမ်း ရွက်..ကျမ ကြိုက်လွန်းတဲ့..ချဉ်ပေါင် ဟင်းထဲ ထည့်တာ..အဲဒါ ..ကျမ ကို မချစ်တာ..ဂရု မစိုက် တာ ဆိုပြီး...နှုတ်ခမ်း စ..ထော်ပါသည်...။ ခြေဆောင့်ပါ သည်။ ထမင်း ဆက်မစား တော့ပါ..။ တစ်ခါ တစ်လေ..မျက်ရည် တောက်တောက် ကျတဲ့ ထိ စိတ် ကောက်ပါ သည်....။ မေမေ့ ကို စကားမပြောပဲ... ၂ ရက် ၃ ရက် ထား ပါသည်....။ အဲသည်လောက် ထိ ဆိုး တဲ့ သမီးပါ....။


နောက် သံသယ တစ်မျိုး ကတော့...ဖေဖေ နဲ့ မေမေ ကျမ ကို တကယ်ချစ်ရဲ့ လား ဆို တာပါ ပဲ..မေတ္တာ နဲ့ ပတ်သက်လျင်..ကျမ အလွန်တရာ ရူးသွပ် လွန်း ပါသည်......။ မကောင်းသည့် အကျင့်မှန်း သိသော် လည်း....ဒီ အကျင့် ကို ဖျောက်လို့ မရ နိုင်သေး ပါ...ကျမ ရဲ့ မေတ္တာ နဲ့ ပတ်သက်တဲ့ သံသယ ကြောင့်ဖေဖေ နဲ့ မေမေ ..အကြိမ်ပေါင်း များ စွာ..စိတ်ညစ်ခဲ့ မည် ဆိုသည် ကို..နှစ်ပေါင်းများ စွာ ကြာ သည့် ခါမှ..တမ်းတ သည့် သမီးးမိုက် ပါ.....။
...............................

ကျမတွင် ..ရွယ်တူ သူငယ်ချင်း မရှိသလောက် နည်းပါးပါ သည်...။ အကြောင်းက တော့...ကျမ အသက် ၄ နှစ် ၃ လ မှာ..ကျောင်း စနေပြီးတော့... ကျောင်းဖွင့်ပြီး တစ်လ အကြာမှာ... ပထမတန်း ကို တစ်ခါတည်း ကျော် တက်ခဲ့လို့ ပါ...အဲဒီ တုန်း က...စာမကျေသူများ သူငယ်တန်း ၂ နှစ်နေ ရပါသည်...။ ပတမ တန်း ရောက်တော့ အားလုံး က ကျမ ထက် အနည်းဆုံး ၄ - ၅ နှစ် ကြီးသူတွေ ပါ.....။ ကျမ က...ငယ်ငယ်လေး ထဲက ပုံဆွဲဝါသနာ ပါတော့..ကျမ အနား မှာ အစ်မ အရွယ် သူငယ်ချင်း တစ်ချို့ အမြဲ ရှိပြီး..ကျမ ဆွဲ တဲ့ ပုံတွေ ကို ကြည့်..ကျမ ကို ချစ်ကြပါ သည်...( အားလုံးတော့ မဟုတ်ပါ...း)....) အဲဒီထဲ က အစ်မလေး တစ်ယောက်က တော့ ကျမကို အချစ်ဆုံး ပါ.... ကျမကလဲ ချစ်ပါ သည်။ ဒီတော့...ကျမရဲ့...ပညာတွေ သူ့ကို ပြပြီ ပေါ့......ကျောင်းသွား ကျောင်း ပြန်..ကျမကို စောင့်မခေါ် လို့ စိတ်ကောက်...အိမ်သာ သွားချင် လို့ အဖေါ် မလိုက်အားသေး ရင် စိတ်ကောက်.....ကျမနဲ့ ကြာကြာမနေပဲ ..တခြား သူငယ်ချင်းတွေ နဲ့ သွားဆော့နေရင် စိတ်ကောက်....နည်းမျိုး စုံ...အကြောင်း အရာ မျိုးစုံအတွက် ...ကောက်ခဲ့ တာပါ....။ အဲဒီ အစ်မလေး က အလယ်တန်း ကျောင်းသူ ဘ၀ မှာ ကွယ် လွန်သွား ခဲ့ ပါသည်......ကျမ နှလုံးသား ထဲ မှာ တော့..နေ့စဉ် သူနဲ့ ထိကပ် နွေးထွေး နေဆဲ ပါ.........။
.........................
ကျမ အလယ်တန်း..အထက်တန်းကျောင်း သူ ဘ၀ တုန်းကလဲ....သေးသေးကွေးကွေးရုပ်ဆိးုဆိုး ကောင်မလေး ကို..သူငယ်ချင်း တစ်ချို့ ၀ိုင်းချစ်ခဲ့ ကြပါ သည်....။ အဲဒီ ထဲ မှာ ကျမ သံယောဇဉ် အရှိ ဆုံး...ကျမကို အလို အလိုက် ဆုံး ..၂ ယောက် ကလဲ ပဲ...ကျမ ရင်ထဲ ခု ထိ ရှိနေဆဲ ပါ...၂ ယောက်လုံး ယောင်္ကျားလေးတွေ ပါ....တစ်ယောက် က လွန်ခဲ့ တဲ့ ၂ နှစ် က ကွယ်လွန် သွား ပြါ့ပီ....။..တစ်ယောက် ကတော့....အိမ် ထောင်ကျ ပြီး ..သူ့မိသား စုလေး နဲ့..ကျမ ငယ်ငယ်က နေခဲ့ တဲ့ နေရပ်မှာ ရှိပါသေးသည်..။...ခုချိန်ထိလဲ ..ကျမ စိတ်ကောက် ရင် ..သူ ချော့ ဘို့ အဆင်သင့် ဖြစ်နေမယ် ဆိုသည် ကို....ကျမ သေချာ ပါ သည်....။

......................

ကျမ ဘ၀မှာ..ချစ်သူ မရှိခဲ့ ဖူး ပါ.....။ ထို့ ကြောင့် ချစ်သူ ကို ဘယ်လို စိတ်ကောက် ရသလဲ ..ကျမ မသိ ဖူး ခဲ့ ပါ....။ အဲ...ရီးစား လိုလို..ဘာလိုလိုမျိုး လေး တော့ ..၂ ယောက်လောက် ရှိခဲ့ ဖူး သည် ထင်ပါသည်...မသေချာ ပါ.....ဒါပေမဲ့...ကျမ....သူတို့ကိုစိတ်ကောက်ဖူးသလား..မမှတ်မိတော့ပါ.....မကောက်မိခဲ့လောက် တာတော့ သေချာသလောက် ရှိပါသည်...။
အကြောင်း တစ်ခု ကြောင့် ကာလ အတော် ကြာ..အတူ နေဖူး သူ တစ်ယောက် ကို...ကျမ စိတ်ကောက် ကြည့် ရ မလား...စဉ်းစား ခဲ့ ဖူးပေမဲ့...မကောက်ဖြစ်ခဲ့ ပါ......စိတ်ကောက် တယ် ဆိုတာ...ပြန်ချော့မဲ့ သူ ရှိ မှ...ကောက်လို့ ရတာမျိုး ကိုး...နော်......။

......................................
ခု အသက် လေး လဲ အတော်အတန် ရ ခဲ့....လုပ်ငန်းခွင် ထဲ လဲ...ကာလ အတော် ကြာ ရောက်နေခဲ့ တော့...စိတ်ကောက် တဲ့ အကျင့် က ပျောက် သလောက် ဖြစ်နေခဲ့ ပါ ပြီ...ဒီမှာ..က ငယ်ပေါင်းတွေ မဟုတ် သလို...ကြီးဖေါ် လို့ ပြော ရအောင် လဲ...ခက်ခဲ သည် ဆိုတော့.....လုပ်ငန်း နဲ့ ပတ်သက်သူတွေ က..ကျမ ကို...ရုပ်ဆိုးပေမဲ့..မျက်နှာထား ချို သူရယ်လို့...သတ်မှတ်ကြပါသည်....ကျမ စိတ်ကောက် စိတ်ဆိုး..ခြေဆောင့် တာ..သူ တို့ မမြင်ဖူး ကြပါ....စိတ်မဆိုး လို့ တော့ မဟုတ်ပါ....ဒေါသ တွေ..မကျေနပ်တာတွေ ကို..ရင်ထဲ မှာ ..သိမ်း ထား တတ်တာ နေသား အတော် ကျနေခဲ့ ပြီ ..ကိုး........။

........................................

ကျမ ဘာ ပြော ချင် သလဲ ...ဆိုတာ.. လေး ရေး ရေး လောက် ပေါက် ကြပြီ ထင်ပါ သည်...။

ကျမ စိတ်ကောက် တာ...ကျမ ချစ်တဲ့ သူတွေ ကို ပဲ ကောက်တာပါ.....
တော်ရုံ တန် ရုံ ချစ် ရုံ လေး နဲ့ မကောက်ပါ......။
ကျမ ရင် ထဲ ...နက်နက် ရှိုင်း ရှိုင်း..မရှိတဲ့ သူ...အပေါ်ယံ လောက် ပဲ ခင်မင်နေသူ တွေ ကတော့...ကျမရဲ့ အပြုံး ချို ချို လေးတွေ ကို ပဲ အမြဲ တွေ့ ခွင့် ရမှာ ပါ......။
.......................
အကယ်လို့...ကျမ စိတ်ကောက်မိခဲ့ ရင် နားလည်ပေးစေလိုပါ သည်......
အဲဒါ...ကျမရင် ထဲ ..နက်နက် ရှိုင်းရှိုင်း နေရာ ယူထား လို့ ပါ..................

...............................................................................

ခုတစ်လော အကြောင်းလေး တွေ တိုက်ဆိုင် လို့ ...ဒီကဗျာလေး ..ကျမ ခေါင်း ထဲ မကြာ ခဏ ပြန်ရောက်ပါ သည်.....။ ရေးခဲ့ တာတေ့ အတော်ကြာပါ ပြီ.......ရေးခဲ့တုန်းက တော့ ၀င်ကစွတ်ကောင် ကဗျာလေး ပါ... အဲဒီ စကားလုံး က ကျမရဲ့ အစ်ကို က..သူ့ကဗျာ တစ်ပုဒ်မှာ သူ့စာဖတ်သူ တစ်ယောက်ရဲ့ ကွန်မန့် ကို ပြန်ပြောဖူး တဲ့ စကား လုံးပါ....တစ်ချို့ ကဗျာလေးတွေ က ၀င်ကစွတ်ကောင်လေး တွေ ပါ...တဲ့....
ကျမရဲ့ ၀င်ကစွတ်ကောင်ကဗျာလေး တွေထဲ က....ဒီတစ်ပုဒ် ကို ..အကြောင်း တိုက် ဆိုင် မှုလေး တွေ ရှိလာလို့ ...တကဲ့ ခံစားချက် အစစ်အမှန် နဲ့ ပြန် တင်ပေးလိုက်ပါ တယ်.......


သံယောဇဉ်


....နွယ်....

နွယ်တစ်မျှင်... တွယ်ငင်ရစ်မိလို့...

ဖြေဘို့ကို...ဟန်ပြင်ချိန်မှာ.......

...စူးနစ်စွာ...ရင်မှာ စွဲနေကြောင်း....

အံ့သြဘွယ်...ဆင်ခြင်သိခဲ့ပေါ့...

စဉ်းစားတော့..ခက်နေပြီ... ...

.....................

နွေ..သဘွယ်...

ရေပင်လယ် ငံငံသောက်မိသလို...

ပူလောင်တယ်...ဒီနွယ်ကြိုးဟာ...

ချည်မိရင်...ရုံးမရပြီမို့...

ကာမဘုံ.. လောကီတွင်းမှာ...

ရှင်းရှင်းသာ...နေသွားတော့မယ်ကွဲ့..

ဟစ်ကြွေးကာ... ရှောင်လာခဲ့ပေမဲ့... ....

ရေစက်လေလား.... .

..ကံ..နဖူးစာ...

ဇာတ်ဆရာရဲ့..လှည့်ကွက်လေလား... ..

.ထွေမပြား...ေ၀၀ါးစွာ...သုံးသပ်ဆဲ မှာ...

အသဲတစ်နေရာ...

မသိမသာ...နေရာယူ ၀င်လာပြီး...

ခိုင်မြဲစွာ... နှောင်ငင်ဖွဲ့နေခဲ့....

နွယ်.....ဆိုတဲ့...သံယောဇဉ်..

...................

.. နွယ် .. ဆိုတဲ့..သံယောဇဉ်...

ဒီတစ်ပင်... ရင်ကိုဝင်လျင်ဖြင့်..

လွမ်းကဗျာ...ကာရံသွားတွေနဲ့..

. နုနုနယ်...သံစဉ်များရယ်က...

မာခဲ့တယ်...သဲအိမ်ကြမ်းကို..

ညှင်းနွဲ့အောင်...ကဗျာဆန်စေခဲ့...

မမြင်ရရင်..မနေတတ်အောင်... ..

....လွမ်းတတ်လို့လာပါပြီ....

မတွေ့ရရင်...အမျှော်ထောက်လို့..

....ဆွေးတတ်ပါပြီ.... .


..အမူပို...အခရာနဲ့..

စိတ်ကောက်ဘို့လဲ တတ်ခဲ့ပြီ...

...သ၀န်တို ငြူစူလို့...

နွဲ့ဆိုးဘို့လဲ တတ်ခဲ့ပြီ....

င်းချီ... မှောင်ချီ...

နေ့... ည.... ရက် ....စက်ရာသီ...

မတန့်ပြီ ချိန်ရထား..

ရပ်မနား သွား ခဲ့ သလို...

ရစ်ချည်.. နှောင်ချည်...

တိုးလို့သာ...ချည်လာခဲ့...


သံယောဇဉ်..ဒီနွယ်ကြိုး ကို... ..ဖြတ်ခက်နေပြီ.....။



မမသီရိ



11 comments:

Anonymous said...

ဟုတ်ပါတယ်.. သံယောဇဉ်နွယ်က ဖြတ်ဖို့သိပ်ခက်ပါတယ်.. ကဗျာလေးက အရမ်းဖတ်လို့ကောင်းတယ်ဗျာ.. စိတ်ထဲမှာရှင်းပြီး နားလည်ဖို့လည်းလွယ်တယ်.. ဆိုလိုရင်းကလေးလည်း ရိုးစင်းတယ်.. သိပ်ကောင်းပါတယ်

Anonymous said...

မမ အနော်တို့ကိုကော စိတ်ကောက်ထားတာ ရှိသေးလားမသိ မောင်မျိုးက ဘယ်လိုကော့မန့်ရေးမှန်းမသိဆိုပြီး နှုတ်ခမ်းထော် ခြေဆောင့်ရင် ဒွတ်ခ ကျနော်တော့ ထမင်းစားရင်း ငါးရိုးဆူးတော့မှာပဲ ဒါနဲ့ ငါးချဉ်သုတ် ထဲပင်စိမ်းရွက်ထည့်သုတ်ထား မိုက်သလားမ မေးနဲ့ ရွှတ် သွားရည်တောင်ကျလာပြီး စိတ်ဆိုးအောင် စတား)

အဟဲ ရေးရင်နဲ့ ပေါ်လာပြီး ရည်းစားလိုလို ၂ ယောက်တဲ့ ပြောပြ စိတ်ဝင်းစားတယ် ငယ်ငယ်တုန်းက ပုံပြင်များပေါ့ ။ ကဗျာလေးကတော့ ကောင်းပါ့ သံယောဇဉ်..ဒီနွယ်ကြိုး ကို... ..ဖြတ်ခက်နေပြီ..... ဟုတ်တယ်ဗျ ခုတော့ Blog နွယ်က ရစ်ပတ်နေပြီးဟုတ် :P

လင်းဒီပ said...

အဲ online သူငယ်ချင်းများ အပေါ် စိတ်ကောက်လို့ရအောင် ကြိုတင်စကားလမ်းကြောင်းထားသည်။..:P...

Unknown said...

အစ်မရေ...။ ကောက်စေတည်း.... :D :P

ကိုအောင် said...

စိတ်ကောက်တတ်သူအကြောင်းဖတ်သွားပါတယ်။

ဆောင်းယွန်းလ said...

လှလိုက်တဲ့ကဗျာလေး...
စိတ်ကောက်တတ်တယ်ဆိုတဲ့အကြောင်း အရင်စကားပလ္လင်ခံပြီှး စိတ်ကောက်တော့မှာလား မသီရိရေ....

Anonymous said...

ဆိုးသွမ်း:
နောက်ဆို အစ်မပြုံးနေရင် သတိထားရမယ်

Anonymous said...

နှင်း:
မမ အကြာကြီးတော့ စိတ်မကောက်ကြေးနော်။

ဒေါင်းမင်း said...

မဂျီးစိတ်ကောက်မယ်ကြံရင်ကြိုပြောနော်ဟီး..

Anonymous said...

စိတ်စမ်းရေ:
မမရေ........စိတ်ကောက်တတ်သူကို လာဖတ်သွားပါတယ်။ မမပျော်ရွင်နိုင်ပါစေ။

Thiri said...

အစ်မပြောတာ မှန်တယ်၊ ချစ်တဲ့သူတွေကိုသာ စိတ်ကောက်တာ၊ နာမည်တူလို့ထင်တယ် ကိုယ့်အကြောင်းရေးထားသလားလို့တောင် ထင်မိတယ်....

သီရိ