Tuesday, February 03, 2009

မောင်မလာပါ ဘူးကွယ်


..မတွေ့ တစ်ချက် .. အနေခက်တယ်..
တစ်ရက်ဆို ရင်..
အသဲပူကျွမ်း သိပ်လွမ်း တတ်တာ..
တစ်နေ့ တစ်ခါ..
မျက်နှာငွေ လ..မမြင်ရရင်...
နေထိုင် မရ..မနေတတ်တာ..
မောင် မသိ..
မမှတ်မိသလို...
မေ့ချင်ယောင်ဆောင်ထား...
မသိတာလား ကွယ်....
....
ခြောက်သွေ့ အက်အက်
လမ်း မထက်ပေါ်....
ဖြတ်လျက်ကျော် နေ...
လူတွေ...လူတွေ..
ဒီလူ တွေ ထဲ....
အသဲလွမ်း မျှော်...ပန်းခင်းပေါ် က....
ကျမ ရဲ့ ... မောင်...
ယောင် ..ယောင် မတွေ့..
ကျွမ်းမြေ့ ဒီရင်..
မရွှင် အနွမ်းတွေ နဲ့..
မျှော်လွမ်းလို့ နေမှာကို..
မောင်....မေ့ ရက်ပြီလား ကွယ်....
......
နာရီ ဒိုင် ခွက်...လက်တံ စက်တွေ..
တစ်ချက်ချက် နဲ့....နွမ်း ခဲ့.ချိန်အို....
မျက်ရည် ယို သက်..
နှုတ်ဆက် ထွက် ခွာ.....
ကြာ သထက် ကြာ......
.......
တိုက် ခတ်နေကျ
လေညှင်းလေး လဲ ..ဘယ်ဆီမှာ....
သာနေကျ နေမင်း လဲ..
အုံ့ ဆိုင်းမှု ရဲ့ နောက်ကွယ် မှာ....
အရာရာ တိုင်း...
မှိုင်းညစ်နွမ်း နေ....
မှုံ ဝေ ထွေ ပြား...
အလွမ်း များ နဲ့....
..........
အပူရုပ် ကို..
လူမသိအောင်...ဟန်ဆောင် နေရင်း...
တိတ်တိတ်လေး မျှော်...
မျှော်နေပေမဲ့.....

မောင်.....မလာပါ ဘူး ကွယ်........။


မမသီရိ

11 comments:

Welcome said...

မိန်းကလေးကြိုက်တော့
မျှော်ရပြီပေါ့နော်။
ကဗျာလေးကို နှစ်သက်တယ်။

Anonymous said...

မမ ခံစားချက် အစစ်မှန်တွေဆို သနားလို့ စတော့ဘူး =) ဒီကဗျာလေးက မိန်းခလေးတွေရဲ့ အချစ်ကို ဖော်ကျူးထားတာလေးပဲ သဘောကျတယ်။

mysterysnow said...

မောင်မလာပေမယ့်
နှင်းကတော့ ရောက်အောင်လာပါတယ်။
မမ ရွှင်လန်းချမ်းမြေ့ပါစေ။

မီယာ said...

ချစ်စရာ ကဗျာလေး ဖတ်သွားပါတယ်။ မောင်ပြန်လာတဲ့နေ့ ကျလည်း နောက်တစ်ပုဒ် ဖတ်ရဦးမှာပေါ့နော်။

ကိုအောင် said...

ကဗျာကို ဖတ်ရူသွားပါတယ်။

ဆောင်းယွန်းလ said...

မိန်းကလေးတစ်ယောက်ရဲ့ အလွမ်းနဲ့ ချစ်သူကိုမျှော်လင့်ပုံလေးကို ပီပီပြင်ပြင်မြင်လာအောင် ရေးဖွဲ့ထားနိုင်တဲ့ ကဗျာကောင်းတစ်ပုဒ်ပါပဲ မသီရိေ၇..
ခုခေတ်မှာတော့ ရှားတောင်ရှားကုန်ပြီလားမသိတော့ဘူး

Moe Myint Tane said...

ချစ်သူပြန်လာလေနိုးနိုး မျှော်ကိုးစောင့်စားနေတဲ့ မိန်းမတစ်ယောက်ရဲ့ ရင်တွင်းခံစားချက်...

ခံစားသွားပါတယ်...


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Moe Cho Thinn said...

စာနဲ့ ပုံနဲ့ လိုက်ဖက်တယ်။ နေကို မမြင်ရရင် နေကြာပန်းလေး ညှိုးသလိုပဲ ပေါ့လေ။ မျှော်သူ မမောရပါစေနဲ့လို့ ဆုတောင်းပါတယ်ရှင်.. :)

မေ့သမီး said...

မမ ကဗျာတွေထဲမှာ ခံစားချက်အစစ်တွေထည့်ထား တာလား။ အငှားခံစားတာလား။ :P

My Diary said...

မမသီရိတစ်ယောက် လည်ပင်းရှည်တာ ဒါ့ကြောင့်ကိုးးးး
မောင်တော်အလာကို စောင့်လို့နေတဲ့အမရေ
စိတ်ရှည်ရှည်ထားနော်
သူလာမှာပါ ...
မေ့သမီးပြောနေတယ် ဒါဆို အမက အတုကြီးလား
ခံစားချက်ကိုပြောတာနော်

Welcome said...

၃-၂-၀၉ တုန်းက ရောက်ခဲ့သေးတာပဲနော် ..