Friday, November 08, 2013

ခိုကလေး နှစ်ကောင်

သတိမရ ဖို့ သတိတရ တွေးနေရတာနဲ့တင်
ရှုပ်ရှက် ခတ်အောင် လှိုက်ကနဲ လွမ်း ရတာတွေ..

ထီ မထိုး ထားပဲ .. ထီ ပေါက်စဉ်စာမျက်နှာ ရှာဖွေ စောင့်ကြည့်မိတာမျိုး
ရူးပါတယ် လို့ ၀န်ခံ ထားပါလျှက်နဲ့ အလဲ ထပ်ထိုးချင်နေတာလား ဆည်းဆာ ရယ်..

လူမနေတဲ့ ဟိုဖက်ခြမ်း က တိုက်ခန်းတွေ မှာ.. ခိုကလေး နှစ်ကောင်..
ဟင့် အင်း.. ကျမ ကို လှမ်း မကြည့်ပါနဲ့..
ခန်းဆီး ၀ါဝါ တွေ ငိုမဲ့မဲ့ ဖြစ်တော့ .. နှစ်သိမ့် ချင်ပါ ရက် ကွယ်..
မနက်ဖြန် နှင်းဆီ တွေ ၀ယ် ယူခဲ့ပါ့မယ်.. ...။


မမသီရိ
၈ နိုဝင်ဘာ ၂၀၁၃

No comments: