Tuesday, November 26, 2013

လပြည့်၊ ခရမ်း၊ အစိမ်းနု၊ တယ်လီဖုန်း၊ အဆိပ် .. အမုန်း

တိတိကျကျ ပ နေတဲ့.. လ ဟာ.. ည ကို စိန်ခေါ် နေလိုက်ပုံ..
မတန်တဆ ပေးဆပ်ခဲ့ရသော.. အဆိပ်သင့် ဆည်းဆာများ အလွန်မှာ..
အရာရာ ကို မေ့ထားနိုင်စွမ်း အတွက်.. အဲဒီပန်းချီကား .. ခရမ်း များ နဲ့သာ ဆွဲပါရစေ..
ခြေသံတွေ တိတ်တိတ်ဆိတ်ဆိတ် ဝေးကွာ သွား....
လက်ဆွဲ တံခါးအနားမှာပဲ ကျမ တစ်ချိန်လုံး ရပ်နေခဲ့တာပါ..
အိပ်မပျော်သော ညတွေတော့ မရှိ.. အိပ်မက်ထဲ ထိ လွှမ်းမိုးထား တာ.. အစိမ်းနုရောင် သူ့မင်္ဂလာအိပ်ယာ ..
ခါးသီးစွာ ငြင်းလိုက်ချင်ပါ ရဲ့.. အဲဒီတိုက်ပုံ.. အဲဒီပုဆိုး.. အဲဒီအပြုံး.. အဲဒီ ဆံထုံး...
ထွက်သွား... ထွက်သွား.. ထွက်သွား...  ပေးပါ..
ဝဋ်ကြွေး ကို မယုံ ခဲ့မိတာ မှားပြီလား.. မုသား မှာ သာယာမိသူဟာ..
လေအေးပေးစက် ကို ယောင်ရမ်း ပိတ်မိ
အိုင်တွေ့တဲ့ အခါ ခြေဆေးပါ.. ကေတီဗွီမှာ အပန်းဖြေပါ..
နောက်ဆုံး ဘတ်စကား အမှီပြန်ပါ..
အွန်လိုင်းက အချစ်ဆုံးလေးတွေ ပျော်ပါစေ..
လကုန် ရက် သူ့အပြုံးမှာ ကျေနပ်ပါ.. ညဖက် သူ့ နဘေးမှာ ကြည်နူးပါ..
အမှောင်ထဲ သူ့နှုတ်ခမ်းမှာ နစ်မွန်းပါ..
အပြန်မမှီ ရက်များ.. ဖုန်းနားမှာ အမြဲ နေပါ..
ဝဋ်နာ ကံနာ.. မကင်းကွာ မီကလေး.. မက်ဆေ့တွေ လဲ မမျှော်လိုတော့
စေ့ထားသော တံခါးနား. ခရမ်းရောင်ပန်ချီကားထဲမှာ .. နာကျင်စွာ... ။

မမသီရိ
၂၆ နိုဝင်ဘာ ၂၀၁၃

No comments: