Thursday, December 30, 2010

မင်းခြေရာတွေ ငါတွေ့တယ်..

လှစ်ကနဲ .. တွေ့လိုက်မိသလိုပါပဲ
နောက်ကလိုက်ကြည့်တော့ ပျောက်သွား ပြီ...

သဲသောင်ခုံ မွမွ ပေါ်မှာတော့
လွမ်းစရာ့ သူ့ ခြေရာတွေ ထင်လျှက်ကျန်နေ..

ပုန်းညက်တွေမွှေးတာ ကို
မွှေးတဲ့ အကြောင်းပြောဖို့ ..
စဉ်းစား ရမယ်လို့ ထင်နေသူကလေး..

 တိမ်ပြာပြာတွေ နှစ်သက်တာ ..
နှစ်သက်တဲ့အကြောင်း ပြောပြ ဖို့
ခဲခဲယဉ်းယဉ်း လို့ ထင်နေသူကလေး..

ချစ်သူ့ လက်ကလေး.. ဆွဲယူ ထွေးပွေ့ ဖို့အရေး
ဘာတွေကြောင့် ဘယ်လို တုန့်နှေး..
အဝေး ကို ထွက် ထွက် ပြေးရတာလဲ..

အုန်းလက်ညိုညို .
အကြို အကြား အနောက်ဖက်ဆီက
အပြာရောင် အရိပ်ကလေး ရေ...
မင်း မျက်နှာ မမြင်ရအောင်..
မင်း ပုန်းရှောင်နေပေမဲ့...
မင့် အသက်ရှူသံ သဲ့သဲ့ က တော့
မင့် ချစ်သူ့ ရင်... လာ လာမှန် တယ် ရှင်.... ။

မမသီရိ
၁၀.၁၂.၂၀၁၀

3 comments:

kaungkinpyar said...

ခြေရာ ပျောက်သွားတယ် မမ..း(

ရွှေရတုမှတ်တမ်း said...

ကိုင်း...ခြေရာတော့တွေ့ပြီ... ဦးရှံစားဆီ မှန်ဘီလူးပြေးငှားဦးလိုက်ဦးမယ်...

အင်္ဂါဟူး said...

အဝေးကိုထွက်သွားလို့ ကျန်ခဲ့တဲ့ ခြေရာတွေကိုပဲ ကြည့်မနေနဲ့လေ.. လိုက်သွားရင်များ ကောင်းမလားပဲ