နူးညံ့နေမလားဆိုတာ
မသေချာပေမဲ့..
နွေးထွေးမယ်မှန်း အသေအချာ သိနေတဲ့
အဲဒီ လက်ကလေး တစုံ..
ကျမအတွက် ပန်းတွေ.. သူ..
အဲဒီ လက်ကလေး နဲ့..
စိုက်ထားပေးခဲ့ဖူး ...
ကျမအတွက် လမ်းတွေ .. သူ..
အဲဒီလက်ကလေး နဲ့ ..
ဖောက်ထားပေးခဲ့ဖူးတယ်..
ကျမ အတွက် သီချင်းတွေ .. သူ..
အဲဒီလက်ကလေးတွေနဲ့ ..
တီးခတ် သီဖွဲ့ပေးဖူး...
ဝက်သစ်ချပင်တွေ စီတန်းနေတဲ့
ကျူးလစ်ပန်းခင်းကြားလမ်းကလေး ပေါ်
ကဗျာတွေစီရင်း လမ်းလျှောက်နေတတ်သူကလေး ရဲ့
အဲဒီလက်ကလေးတွေ..
နူးညံ့နေမလားဆိုတာ..
မသေချာပေမဲ့..
နွေးထွေးမယ်မှန်း အသေအချာ သိနေလို့..
အဲဒီ.... လက်ကလေးတွေ.......
တနေ့နေ့တော့.. ကျမ ပါးပြင်.. ဆွဲယူ ကပ်ထား ချင်သေးတယ်..။
မမသီရိ
6 comments:
လှလိုက်တဲ့ အဖွဲ့လေး အစ်မရယ် ကိုယ့်လက်ကလေးတောင် ကိုယ်ပြန်ကြည့်မိတဲ့အဖြစ်း)
ရင်ခုန်စရာကောင်းလိုက်တဲ့ကဗျာလေး..
တွေးမိရုံတင်ကြည်နူးလိုက်တာ..
ဝက်သစ်ချတွေ ကျူးလစ်တွေနဲ့
ဧကန်န လက်ပိုင်ရှင်က အမေရိကများ ရောက်နေရော့သလား :D
အယ်... ဆွဲသာကပ်လိုက်ပါတော့အစ်မရယ်.. ဖွဲ့တတ်လိုက်ပုံများ လက်လန်တယ်..
ကဗျာလေးဖတ်သွားတယ်......အစ်မသီရိရေ့....။
ကဗျာလေးက....လှတယ်....။
ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို
ကဗျာအဖွဲ့လေးတွေ သဘောကျတယ်..
ခေါင်းစဉ်က လုံးကြီးတင်မှာ ဆံခတ်လိုနေတယ်နော်..
Post a Comment