Monday, December 13, 2010

ရင်ရိပ်အဝေးဆီမှာ

ဖောချင်း သောချင်း
လင်းချင်တိုင်း လင်းနေတဲ့ တန်ဆောင်မုန်း ရဲ့ လ အရောင်..

နှင်း မှုန်မှုန်တွေ ကလဲ
အင်တိုက် အားတိုက် ပါပဲ
ခရမ်းရောင် ရင့်တဲ့ထိ ဖြိုက်ဖြိုက်ကျ လို့...

သဇင်အဦးတွေ
နတ်တော် ပြာသို ကူးအမီ
ပွင့်ဖို့ အားယူ ဖူးကြပြီ ...

အေးစက်စက် ဆောင်းလေ..
အလွမ်းတွေ ချွေချွေ ချ..
အညှိုးကြီးလှချည်ရရဲ့...

(ဒင်း တို့ တတွေ.. )
နေနှင့် အုံး...

ချစ်သူ့ ရင် အလွှာ.. ခြုံပ၀ါ ခြုံ ရတဲ့ ည
နှစ်လွှာ တစ်ရွက် တူစုံ ဖက်ရတဲ့ ည
ရောက် ကို ရောက်ရအုံး မှာ ကွဲ့...

ခေါင်းမော့ လို့ တေး...
အေး ထား နှင့် အုံး..  အေး ချင် သလောက် အေး ပါလေ့..
လမင်း ရေ.. လင်းချင်သလောက် လင်း ပါလေ့..
ရင်ငွေ့ အလှုံ ယုံကြည်ချက်ကလေး မပျက်သရွေ့ ..
ရင်ရိပ်အဝေး မှာပေမဲ့.. အားတင်း ခေါင်းမော့.. အလွမ်းတွေ ကိုချော့ ..
ဒီ ဆောင်းညကျော့ကွင်း မှာ .. ကျမ အမိ မခံတော့... .


မမသီရိ

3 comments:

လင်းခေတ်ဒီနို said...

ခေါင်းမော့ လို့ တေး...
အေး ထား နှင့် အုံး.. အေး ချင် သလောက် အေး ပါလေ့..
လမင်း ရေ.. လင်းချင်သလောက် လင်း ပါလေ့..
ရင်ငွေ့ အလှုံ ယုံကြည်ချက်ကလေး မပျက်သရွေ့ ..
ရင်ရိပ်အဝေး မှာပေမဲ့.. အားတင်း ခေါင်းမော့.. အလွမ်းတွေ ကိုချော့ ..
ဒီ ဆောင်းညကျော့ကွင်း မှာ .. ကျမ အမိ မခံတော့... .



ခံစားချက် သိပ်ထိတဲ့ အပိုဒ်လေး အရမ်းကြိုက်တယ်

ခင်မင်စွာဖြင့်
ဗညားရှိန်

★Craton said...

ဟား... ကဗျာတွေက အမြဲနုနေသင်းနေတာပဲ..
တည့်တည့်ထိတယ်။

ရွှေရတုမှတ်တမ်း said...

ကျိမ်းလိုက်ဝါးလိုက်ချည့်လား..
ဆောင်းတောင်ကြောက်လို့..နွေနဲ့ နေရာချင်းလဲပြေးတော့မယ်ထင်တယ်..