Thursday, December 23, 2010

ထောင့်ချိုးအကွယ် ...

ပြာပြာလွှင် နေတဲ့
ကောင်းကင်ကြီးရဲ့ အောက်မှာ ..
တောင်စဉ် ညိုပြာပြာတွေ ရှိတယ် ..

တောင်စဉ်ညိုတွေရဲ့အနောက်
မိုးကုပ်စက်ဝိုင်း အကြားမှာ ပင်လယ်တစင်း ရှိတယ် ..

အဲဒီ ပင်လယ်ရဲ့ ဘေးအစွန်းနားမှာ
အနောက်ဖက်ကမ်းခြေ ရှိတယ် ..

အနောက်ဖက်ကမ်းခြေ အလွန်မှာ ..
ချစ်သူ့ မြို့ကလေး ရှိတယ် ..
 
အဲဒီ မြို့ကလေး အစွန်မှာ ..
တောင်ကုန်းကလေး တခု ရှိတယ်

အဲဒီတောင်ကုန်းလေး နံဘေးမှာ..
ပန်းခြံကလေး တခု ရှိတယ်..

ပန်းခြံကလေး မနီး မဝေးမှာ..
ရေကန်ကလေး တခု ရှိတယ်..

အဲဒီရေကန် လေး အဆုံးမှာ
လမ်းသွယ်ကလေး တခု ရှိတယ်

အဲဒီလမ်းသွယ်ကလေး ထဲမှာ
ချစ်သူ့ ကားကလေး ရှိတယ်..

အဲဒီ ကားကလေးထဲမှာ..
Music Player ကလေး တလုံးရှိတယ်..

အဲဒီ Music Player ကလေးထဲမှာ
ကဗျာကလေးတွေ ရှိတယ်..

အဲဒီကဗျာတွေ ထဲမှာ ..
ကဗျာ ဆရာ ရဲ့ ချစ်သူ ရှိတယ်..

အဲဒီ အမျိုးသမီးကလေးရဲ့ ရင်ထဲမှာ ..
သူ့ ချစ်သူ အမျိုးသား တယောက် ပဲ ရှိတယ်..

အဲဒီ အမျိုးသား ကလေး ရဲ့ ရင်ထဲမှာတော့
ဘယ်သူ ရှိသလဲ ဘယ်သူ မှ မသိနိုင်တယ်....။

မမသီရိ
၂၂.၁၂.၂၀၁၀

6 comments:

မိုးယံ said...

ခန့်မှန်းပြောရရင်တော့ သူ့ချစ်သူမိန်းကလေးရှိမယ် ထင်တာပဲ အစ်မရယ်

သုခုမလေဒီ said...

မသီရိကဗျာလေးက နူးညံ့လိုက်တာ.. ချစ်စရာလေး
သူ့ရင်ထဲမှာလည်း သူ့ချစ်သူရှိနေမှာပေါ့နော်..
မရောက်တာကြာလို့ အတိုးချပြီးဖတ်သွားပါတယ် အမ.

Anonymous said...

အစကတည်းကဆွဲခေါ်သွားလိုက်တာ
နောက်ဆုံး ဘာများဖြစ်နေမလဲ မြန်မြန်လိုက်ဖတ်ယူရတယ်..
အင်း... ကောင်လေးရင်ထဲမှာ ကောင်မလေးချည်းပဲရှိနိုင်ပါ့မလားဆိုတာ တွေးစရာပဲ....။
အချစ်မှာ.. အမျိုးသားနဲ့ အမျိုးသမီးကွာတာ အဲ့ဒါတွေပေါ့။

ရွှေရတုမှတ်တမ်း said...

အမျိုးသားလေးရင်တဲမှာ...
ကယ်ကူလိတ်တာရှိတယ်...မင်္ဂလာဆောင်ဖို့..နေဖို့..အစစ တွက်စရာတွေ ရှိနေတယ်..

အုပ်ကြီး said...

ထောင့်ချိုးက ကွယ်နေတော့
သူတစ်ယောက်ယောက်တော့ သိလိမ့်မပေါ့ဗျာ ..

Unknown said...

ဘုရား...ဘုရား...

တိုက်ဆိုင်လိုက်တာများဗျာ....
:0 **....% !!! & $ # :) :-) :P :D

သတိမရချင်တာတွေပါ သတိရကုန်ပြီ
မမသီရိရေ....

ှနှစ်သစ်မှာ ပျော်ရွှင်ပါစေဗျာ....