Monday, December 06, 2010

မင်းသိထားဖို့












ဘယ်လို အကြောင်းမျိုးနဲ့မှ
မင်း ကို ငါ မဖြားယောင်းခဲ့ဖူး..

ရူးမတတ် လွမ်းနေခဲ့တာတောင်..

ချစ်တဲ့ အကြောင်းတွေ
ထောင်သောင်းဖွဲ့ ပြောပြောနေခဲ့တာ
အဲဒါ အချစ် သက်သက်..

မင်း လမ်း ကို မင်းလျှောက်တယ်
မင်းပုလင်းကို မင်းဖောက်တယ်..
မင်း အပင်တွေ မင်း စိုက်တယ်..
မင်း တံ လျှပ် ကို မင်း လိုက်တယ်..
မင်း တံခါး ကို မင်း ပိတ်တယ်..
မင်း အခန်းမီး မင်း မှိတ်တယ်..

မင်း မွန်းကျပ်မှု မင်းလှောင်တယ်
မင်း အတ္တတွေ မင်းမွေး မြူတယ်..

မင်း ဆက်ထုံး တွေ အကြောင်း မင်း ဆွေးမြေ့တယ်..
မင်း ရိုးသားတဲ့ အကြောင်း မင်း အရောင်တင်ဖို့ ကြိုးစား တယ်..
ဒီလိုနဲ့ပဲ ငါ က မင်းကို မချစ်ရရိုး တဲ့လား... 
ဒီလိုနဲ့ပဲ ငါ က မင်းကို မလွမ်းရရိုး တဲ့လား... 


မှတ် ထားလိုက်ပါ့ ကွဲ့ ...

ငါ (မင်း ကို) လွမ်း တယ်.... လွမ်း ရုံ သက်သက်..
ငါ (မင်း ကို) ချစ်တယ် .. ချစ် ရုံ သက်သက်..
ငါ (မင်း ကို) သတိရတယ်.. သတိရ ရုံ သက်သက်..

ငါ (မင်း ကို) ချစ်တယ် .. ချစ် ရုံ သက်သက်..

ဆူးတွေ ၀ှက်ထားသူ ကို လာလာ မနှဲ့ ပါနဲ့
နောင်တ.. မှာ အုပ်ထိမ်းသူ မဲ့ တယ်..............။

မမသီရိ

6 comments:

လင်းဒီပ said...

အစ်မ ကျွန်တော်ကတော့ အပိတ်ကလေးကို “မာနမှာ အုပ်ထိန်းသူမဲ့တယ်” လို့ ခံစားမိတယ် :))

ရွှေရတုမှတ်တမ်း said...

ဟေ့...နောင်တ
ဒီကျောင်းက အုပ်ထိမ်းသူမပါရင် လက်မခံဘူး..
ဆူးဝှက်(ဆူးငှက်မဟုတ်) ထားသူတွေရန်က ကြောက်ရတယ်..

လင်းဦး(စိတ်ပညာ) said...

မင်း လမ်း ကို မင်းလျှောက်တယ်
မင်းပုလင်းကို မင်းဖောက်တယ်..
မင်း အပင်တွေ မင်း စိုက်တယ်..
မင်း တံ လျှပ် ကို မင်း လိုက်တယ်..
မင်း တံခါး ကို မင်း ပိတ်တယ်..
မင်း အခန်းမီး မင်း မှိတ်တယ်..

ကောင်းလှတယ်.... လွမ်းရုံသက်သက်

မမသီရိ said...

မောင်လေး (လင်းဒီပ) ရေ
အမပြောချင်တဲ့ နောင်တက သူ့ အတွက် ကွဲ့ ..း)
သူ့ကို အထိမ်းအကွပ်မဲ့တဲ့ နောင်တ ပင်လယ်ထဲ မနစ်မြုပ်စေချင်တာပါ ..း)
အချိန်တွေ က နှမြောစရာ ကောင်းတယ်မဟုတ်လား
လူ့ ဘ၀ ဆို တိုတိုလေးရယ်လေ..

သိင်္ဂါကျော် said...

လွမ်းရုံသက်သက်...
သတိရရုံသက်သက်...
ရှေ့ဆက်ရန် မရှိတဲ့ အချစ်ကို
ကဗျာလေးထဲကနေ
ခံစားမိပါတယ်...

Moe Hlaing Nya said...

မိုက်တယ် ဒီကဗျာလေး..:)