Thursday, April 01, 2010

ချစ်သူ့.. နှင်း..

တရံတခါ ပေါင်းများစွာ၌
ကံကြမ္မာ ဆိုသော ထိုအရာ သည်...
မျက်နှာသာ ပေးလိုသူကိုသာပေး၍
ကံဆိုးသူများ အတွက်မူကား..
မေ့ယောင်ပြု စိမ်းကားစွာ
ရှောင်ခွာ သွား တတ်ပါပေ..၏..။
...
....
....
နှင်း.. တဲ့.
...
နှင်း.. ရေ...
အား ကျမိပါရဲ့ နှင်း အဖြစ်ကို..
မိုးလိုလဲ မစို စွတ်..
နွေလိုလဲ သွေ့ခြောက်မနေ..
ဥယျာဉ်မှူး ရဲ့ ပန်းကလေးတွေ က
နှင်း ရှိမှ ပျော်သတဲ့..
နှင်း ကြောင့် ရှင်သန်..
နှင်း ကြောင့် မွှေးပျံ့..
နှင်း ကြောင့် လတ်ဆတ်..
နှင်း ကြောင့်..
ဥယျာဉ်မှူး ရဲ့ ဥယျာဉ်လေးကစိုပြည်ခဲ့
..
ဟော.. ကြည့်...
လိပ်ပြာလေးတွေ ၀ဲ လို့..
နှင်း တွေ ထဲမှာလေ..
..
ဟော.. ကြည့်..
နှင်း မှုန်လေးတွေ က ဝေ့လို့..
နေခြည် နု ထဲ မှာလေ...
...
ဟော.. ကြည့်..
ငှက်ကလေးတွေ ကခေါင်းပြူ ကြည့်
နှင်း ကြောင့် လှတဲ့ မနက်ခင်းလေး ကို...
...
နှင်း .. ရေ..
ဥယျာဉ် မှူး က ပြော သကွဲ့..
နှင်း.. ကြောင့်သာ.. အရာရာ..တဲ့
..
နှင်း... ရေ..
ကြား မိရဲ့ လား..
ဥယျာဉ်မှူး ရဲ့ နှလုံးသား..
...
နှင်း.. ရေ..
ကြား မိရဲ့ လား..
သူ.. လိပ်ပြာလေးနဲ့ ပြောခိုင်း သတဲ့..
နှင်း.. ကို .. သိပ် ချစ်တဲ့ အကြောင်း..
..
နှင်း..သာ.... ထာဝရ..
နှင်း... သာ.. သူ့ ကဗျာ...
နှင်း... က.. သူ့ မိုး ကောင်းကင်
သူ့ ဥယျာဉ်လေး အတွက်.
နှင်း.. ကို ပဲ လို အပ်သတဲ့..
နှင်း..
နှင်း..
နှင်း.. ကြောင့်..
နှင်း..သာ..
နှင်း.. မို့..
နှင်း... က..
နှင်း.. နဲ့...
နှင်း... ထံ...
...
..
နှင်း.... ရေ..........
ကြား မိရဲ့ လား..
နှင်း.. ကံကောင်းတဲ့ အကြောင်းတွေ..
..
နှင်း .. ရေ.......
ကြားမိရဲ့ လား..
သူ့ သံစဉ် တေးသွား တွေ...
...
..
နှင်း.. ရေ့.
တချက် လောက်တော့ နားစွင့် ကြည့်လိုက် ကွဲ့
သူ့ ဥယျာဉ် နံဘေးမှာတော့
တီးတိုး ငို ရှိုက်သံ သဲ့သဲ့..
...
နှင်း.. ရေ
ကြား မိစေချင် ခဲ့..
နွေ ရဲ့ ငို ရှိုက်သံ
....
နှင်း.. ရေ..
မြင် မိစေချင် ရဲ့..
မိုး.. ရဲ့ မျက်ရည်တွေ...
..
နှင်း ...ရေ...
နှင်း.. လို ကံမကောင်း လေတော့..
နှင်း ရေ..ဒီမှာတော့ မျက်ရည်တွေနဲ့....။


မမသီရိ
25.6.2009

4 comments:

ညလင်းအိမ် said...

နှင်း ...ရေ...
နှင်း.. လို ကံမကောင်း လေတော့..
နှင်း ရေ..ဒီမှာတော့ မျက်ရည်တွေနဲ့....။


ကဗျာပုံစံက တမျိုးလေးနော် ....
မမသီရိ ကဗျာတွေကတော့ ရှယ်ပဲ ...

kiki said...

လွမ်းစရာ နှင်းလေးရေ ..
နှင်း ပျောက်တဲ့ နွေ ..

နွေပြီး ။ မိုးပြီး၊ ဆောင်းပေါက်တော့
မမသီရိ နှင်းက နောက်တခေါက် ပြန် လာအုံးမှာပါ ။
မျက်ရည်တွေ သုတ်လိုက်ပါဦး နော့်.. .. ..း))

လင်းဒီပ said...

နှင်းရေလို့...
ကိုခင်ဝမ်းသီချင်းလေး ဆက်ဆိုမိတယ်...။

ရွှေရတုမှတ်တမ်း said...

အောင်သာငယ်ကို ဒီကဗျာလေး forward လုပ်လိုက်ပါ..
ပန်းကလေး ကဗျာတွေကတော့...ရှယ်ချည့်ပဲ