Thursday, March 25, 2010

အဲဒီနေ့က..

မမျှော်လင့်ခဲ့ဘူး..
မထင်မှတ်ခဲ့ဘူး..
စိတ်မကူးဖူးဘူး..

အလင်းတန်းနှစ်ခု ဖြတ်ကနဲ ဆုံခဲ့မိပြီးတဲ့အခိုက်.
အာရုံခံပြူတင်းက ဦးနှောက်ကို သတင်းပို့တယ်..
အဲဒီသတင်း လက်ခံပြီးတဲ့ ခဏ
ထိမ်းချုပ်ခန်းက ခလုပ်တွေ အလုပ်မလုပ်နိုင်မီခင်လေး
နှလုံးသား ဆီ ဒိုင်း။။ ကနဲရောက်..

ရင်ထဲမှာ..
တော်လဲတယ်
ငလျင်လှုပ်တယ်
မုန်တိုင်းတိုက်တယ်
မိုးကြိုးပစ်တယ်
မီးတောင်တွေ ပေါက်ကွဲတယ်
ရေခဲတောင်တွေ  ပြိုကျတယ်
ခြေ လက်တွေ အေးစက်ကုန်တယ်..

ထိုင်ခုံ နောက်မှီပေါ် ဖြည်းဖြည်းလေး မှီချ..
ကွန်ပျူတာ ကီးဘုတ်ပေါ်က လက်တွေ လျော ကျ...

ကမူးရှူးထိုး... Chat box လေးကိုကြည့်ပြီး

စကားလေး တခွန်းသာ ပြောနိုင်တော့တယ်..

ချစ်တယ်...။


မမသီရိ
၂၅.၂.၂၀၁၀

10 comments:

ကိုရင်နော်ခင်လေးငယ် said...

အို.. မကြီးရယ် ကမ္ဘာပျက်သလိုကြီးပါလား...

အမှတ်မထင် အရှိန်ပြင်းစွာ တည့်တည့်ဝင်တိုက်မိခြင်း ဆိုပါတော့..း)

သတိရတယ်မကြီးရေ..
မတွေ့တာလည်း ကြာပြီ..

ချစ်စွာသော

ကိုရင်နော်

kaungkinpyar said...

ချစ် တဲ့

ပြာ..

သက်ဝေ said...

ကဗျာတပုဒ်လုံးကို နောက်ဆုံးမှာ
စာလုံးလေး နှစ်လုံးနဲ့ ပိတ်လိုက်တာ သိပ်လှတယ်...း))

မေ့သမီး said...

တို့မမတော့ တည်တည့်ဝင်တိုက်မိသွားတယ်ပေါ့။ :)

kiki said...

ဟေ ....
တခွန်းသောစကားသာဆိုလိုက်နိုင်တယ်ပေါ့လေ။
ချွေတာရေး နဲ့ တူပါရဲ့  .. မမသီရိ ရယ် ။

ကိုလူထွေး said...

အုန်းသီးတွေရမယ်...

အုန်းသီးတွေရမယ်...

ဟောဒီက အုန်းသီးတွေရမယ်...

းဝ)

ရွှေရတုမှတ်တမ်း said...

တော်ပါသေးရဲ့ tsunami ပါရောသွားရင် ကွန်ပြူတာတောင် လွင့်သွားနိုင်တယ်..

Craton said...

နုလှချည်လားးးးးးးးးးးးးးးးးးးးးးးးးးး တီတီသီရိ စ်စ်စ်စ်စ်စ်စ်စ်စ်စ်စ်စ်စ်စ်း))))

လင်းဒီပ said...

အဲဒါ အစပဲ :P

ဏီလင်းညို said...

အစ်မသီရိရေ...
ကျွန်တော်လည်း ကဗျာလေးကိုဖတ်ရင်း နောက်ဆုံးလည်းရောက်ရော မချင့်မရဲပဲ ရေရွတ်မိလိုက်တာ...
ဟာ....ဗျာ...လို့လေ....။
(ဘာကြောင့်လဲမသိပါဘူးဗျာ....း))
ခင်မင်တဲ့
ဏီလင်းညို