Wednesday, February 24, 2010

သူ.. နဲ့... သူမ

သူမ

တခါဖြင့်ရင်လဲ တခါတည်းမဟုတ်..
အကြိမ်ကြိမ် အခါခါ လူးလာခေါက်တုန့်
အလွမ်း နွံအိုင်ထဲ ..မမော မပမ်း ကူးခပ်..
အဲဒါ... သူမ.. ပေါ့..

မယ်မယ်ရရ အကြောင်းပြစရာမရှိ
ချစ်မိ လို့ ချစ်သွားသတဲ့
သူမ ပြောခဲ့.. သူ့ ကိုချစ်တဲ့ အကြောင်းတွေ...

သူမ ကောင်းကင်တခွင်လုံး..
သူ့ကို ချစ်ခြင်းတွနဲ့ ဖုံးအုပ်..
သူမ ချစ်တာ.. သူ့ အမည် စာလုံ့းပေါင်းလေးတွေက အစပါ.. တဲ့..

သူ့မျက်နှာ ငွေလ
တနေ့တခါ မမြင်ရ .. နွမ်းလျ လို့ပမ်း
မရွှင်လန်းနိုင်အောင် လွှမ်းမိုး
အလွမ်းတာရိုးတွေ ကျိုး
မျက်ရည်မိုးတွေ စွေခါစွေ....
ကြာလေ ချစ်လေ.. ချစ်လေ.. လွမ်းလေ..
လွမ်းလေ ချစ်လေ....ချစ်နေမိတာ သူ့ ကိုပါ တဲ့....


သူ

တရာသီဖြင့်ရင်လဲ တရာသီ မဟုတ်..
သက္ကရာဇ်တွေထဲ စုန်းစုန်းမြှုပ်လို့
အလွမ်းတွေ မြုံထား..
အချစ်လို့ ထင်ခဲ့တဲ့ အရာများ
လိုလိုချင်ချင် တပ်မက်ဖူးသော သူ့ နှလုံးသား..
ဓား ပါးပါး တွေ နဲ့
တလွှာချင်း လွှာခံရပြီး တဲ့ နောက်မတော့...

အနာဂတ်ကို လျှောက်ဖို့ ကြိုးစားရင်း..
အတိတ်ပန်းခင်းထဲမှာ ပဲ ညှို့ချက်မိ..
လှောင်ပိတ်ခံ ထိနေသော..

ပန်းဝတ်မှုန်တွေ ဖမ်းဆုပ်ယူရန်ကြိုးစားရင်း
ပျားဆိပ်ဒဏ် အဖန်ဖန် သင့်ခံ ထိနေသော

လေထဲစီးမျောနေတဲ့ သီးချင်းသံ သဲ့သဲ့ နောက်
တကောက်ကောက် လိုက်ရင်း အမောသင့်နေရရှာသော...

ဟိုတစ ဒီတစ.. ပြန့်ကျဲ လွင့်စင်ကျသွားသော
မှန်ကွဲ အစတွေ တယုတယ ပြန်ကောက်
ကောင်းလာလေနိုး ကြိုးစားဆက်ရင်း.. မှန်ကွဲစ ရှခံထိနေသော...

ဒြပ် အကောင်အထည် ရှိနေပါရက်..
ပြန် ပြန် စမ်း ကြည့်တဲ့ အခိုက်
တိုက်မိ စရာ အရိပ်တောင် မရှိတော့တဲ့ နောက်
ပျောက် ပျောက် သွား လုပြီ ဖြစ်နေ သော.....

ကောင်းကင်ပြာပြာ ကိုမော့ ကြည့်ရင်း
သမုဒ္ဒရာ အမှတ်နဲ့ တိမ်တွေအကြား..
အိပ်မက်ကို ကျောပိုးလို့ လက်ပစ်ကူး သွားနေသော.....
သူမ ... အသက်တမျှ.. ချစ်ရသော... သူ......


သူ နဲ့ သူမ

သွေးတစက်စက် ကျနေတဲ့ သူ့ ဒဏ်ရာတွေ အတွက်
သူမ နှလုံးသားဟာ မွမွ ကျေခဲ့....
ဟက်တက် ကွဲ ကာ ရိနေပြီ ဖြစ်တဲ့ သူ့ ဒဏ်ရာတွေအတွက်
သူမ... အသက်နဲ့ လဲ လို့ ကုပေးခဲ့ချင်သတဲ့..

သူမရဲ့ သွေးတွေ ဆေး အဖြစ် ဖန်ဆင်း..
သူ့ အနာ မယင်းအောင် ကာကွယ် ခဲ့ ချင် သတဲ့...

သူ ပျော်ရွှင်ဖို့.
သူ စိတ်ချမ်းသာ ဖို့..
သူ အဆင်ပြေဖို့..
သူ.. သာ.. ပြန်လည် ရှင်သန်လာမယ် ဆို..
ဘာကိုပေးရရ
ဘာကို လုပ်ရရ
ဘာတွေပဲ ဖြစ်ဖြစ်
အချစ်တွေ နဲ့ သူမ.. ပေးဆပ်လို့ရသမျှ ပေးဆပ်ချင်သေး သတဲ့..

အိပ်မက်ထဲတွေ တောင် ယောင်ပြီးတော့ချစ်..
အဲဒီ အဖြစ်တွေ အကြောင်း.. သူ့ ကို ပြန်ပြောင်းပြောတဲ့အခါ
အိပ်မက်တွေ ခဏခဏ မမက်ပါနဲ့ လုံမ ရယ်. လို့.
သူ က ပြော အုံးမှာ ဖြစ်ပေမဲ့...

အလွမ်းဒဏ်သင့် ကဗျာတွေ.. အပုဒ်ရေ များလာပြီ ဆိုမှဖြင့်
အဲဒီ အလွမ်း ကဗျာ တွေ ခဏခဏ မရေး ပါနဲ့ လုံမ ရယ်. လို့
သူက ပြောအုံးမှာ ဖြစ်ပေမဲ့...

သူ သွား ရာ လမ်းတလျှောက်..
သူ့ ကျကျန်နေခဲ့တဲ့ အလွမ်း အစက် အပျောက် တွေ
တစ စီ တစက်စီ နောက်ကကောက်...
သံ ယောဇဉ် ကျည်တောက်ထဲ စု..
သူ့ ဒဏ်ရာတွေ ပျောက်တဲ့ အထိ .. နောက်ဆုံး ထွက်သက် ရှိချင် ရှိစေ..
သူမ ... စောင့် နေမှာ....တဲ့...

သူ ငိုဖူး တဲ့ သစ်ပင်အောက်..
ကျကျန်နေတဲ့ သူ့ မျက်ရည်တွေ
တစစီ တပွင့်စီ နောက်ကကောက်..
အကြင်နာ ကျည်တောက်လေးထဲ ထည့်
သူ့ မျက်ဝန်းတွေ ပြန်လည်တောက်ပမဲ့နေ့
အသက် ရှိသရွေ့ သူမ စောင့်နေမှာ....တဲံ့....

ဘလက်ခ် ဟိုးလ်.. တွင်းနက်ထဲ ပြုတ်ကျ...
ပျောက်ဆုံး သွားရတဲ့ သူ့ အပြုံးတွေ...
အသက်ပြန်ဝင်လေနိုး.. မျှော်ကိုး တွေးစိတ်တွေ နဲ့..
ရင်ဖိုစွာ မန်းမှုတ်.. လက်အုပ်လေး ချီ ဆုတောင်းရင်း...
ဘ၀ ကူး ခြင်းဆိုတာ မရှိသရွေ့.... သူမ.. စောင့်နေမှာ တဲ့.....



တကယ်တော့..
သူမ... ဟာ.... အချစ်ဆိုတာ.... သူ နဲ့ တွေ့ မှ .. သိတာပါ ... တဲ့....

တကယ်တော့..
သူမ... ဟာ.... အချစ်ဆိုတာ.... သူ နဲ့ တွေ့ မှ .. သိတာပါ ... တဲ့.....။


မမသီရိ
၅.၉.၂၀၀၉

14 comments:

မမသီရိ said...

ဘယ်သူမှ လာမပြောခင် ကိုယ့်ဖာသာ အရင်ပြောထားနှင့်မယ်..
ဒီကဗျာ ရေးသာ ရေးခဲ့တယ်
ကဗျာထဲက မိန်းမလေး ကို အမြင်တော်တော်ကပ်မိတာ အမှန်..

အပြင်လောက မှာ အဲသလိုချစ်တတ်တဲ့ မိန်းမမျိုး အမှန်တကယ် ရှိနိုင်ပါ့မလား

ကျမတော့ တယ်မထင်..

သို့ပါသော်လည်း .. ကဗျာပိုင်ရှင်က ကျမ ဖြစ်နေတော့
ဘယ်သူ ဘာပြောပြော ခံရတော့မှာ ပေါ့လေ..

သေချာတာ တခုကတော့ .. လူပျိုလေးတွေ ဖြစ်တဲ့ ကျမရဲ့တူတော်မောက် ရီနိုမာန်၊ ကလေးလေး ကရေတွန်၊ မောင်ငယ်လင်းဒီပ၊ ဏီလင်းညို၊ ညရဲ့ကောင်းကင်၊ ကိုဇော်ထွန်း တို့တွေနဲ့ ကျမရဲ့ အကိုကြီး လူပြိုကြီး ရွှေရတု တို့ အတွက် တော့.. ဒီလိုချစ်တတ်တဲ့ မိန်းမ တယောက် ဆီ အချစ်ခံ ရရင် ကောင်းမှာပဲ လို့ စိတ်ကူးယဉ်နေလောက် ပြီပေါ့...

ကျမရဲ့ ညီမငယ်တွေကတော့ ကျမ လိုပဲ စိတ်တိုကြမှာ အမှန်.. မိန်းမဈေး ကျတယ် မမ ရယ် ပြောကြမယ် ထင်ရဲ့...း)...

tin min htet said...

မမသီရိရေ ..
ဈေးကျတယ် - တက်တယ်။ ရှုံးတယ် - မြတ်တယ် မရှိပါဘူး။ အစက သူမကို မမသီရိ လို့ ထင်နေခဲ့တာ။ အရင်တပို့စ်ကမှ ကိုယ်စားလှယ်မှန်း သိတော့တယ်။

Unknown said...

မမသီရိရေ...

ခံစားမှုတွေ ခံစားရသမျှတွေကို စကားလုံးတွေ နဲ့ ခံစားမှုတစ်ခုအဖြစ် ဖန်တီးထားတာ အရမ်းကို ထိမိလှပါတယ်...

မမသီရိလည်း အစစ အဆင်ပြေပါစေဗျာ...

သူ... သူမ...တို့လည်း လိုအင်ဆန္ဒတွေပြည့်စုံပါစေလို့...

ခင်မင်စွာဖြင့်
ပြည့်စုံ (ဝေါသားလေး)

noblemoe said...

ကဗျာလာဖတ်သွားပါတယ်။
သာယာချမ်းမြေ့ပါစေနော်
မိုး

Nge Naing said...

မမသီရိရေ ကဗျာလေးကို ခံစားသွားပါတယ်။

တကယ်တော့..
သူမ... ဟာ.... အချစ်ဆိုတာ.... သူ နဲ့ တွေ့ မှ .. သိတာပါ ... တဲ့....

ဆိုတဲ့အတိုင်း သူမ နေရာမှာတော့ သူဆိုတဲ့ သူတွေရဲ့ အရူးလုပ်ခြင်းကို လှလှကြီး ခံခဲ့ရပေမဲ့ အချစ်တခုတည်းကို ကိုးကွယ်ပြီး ခွင့်လွတ်နေတတ်တဲ့ သူမတွေ ကျွန်မအသိတွေတောင် အများကြီးရှိပါတယ်။ အပြင်လောကမှာ အဲသည်လို ချစ်တတ်တဲ့ မိန်းမတွေ တကယ်ကို ရှိပါတယ် မမသီရိ။ ထိုနည်းအတူ အိုင်တွေ့တိုင်း ခြေဆေးတတ်တဲ့ သူဆိုတဲ့သူတွေကလည်း ကျွန်မနဲ့ ရင်းနှီးတဲ့ သူတွေထဲမှာတောင် တကယ်ရှိပါတယ်။ အရင်းစစ်လိုက်ရင်တော့ အရင်ဘ၀တွေက တင်လာတဲ့ဝဋ်ကြွေးလို့ပဲ သဘောထားလိုက်ပါတယ်။

ချစ်ကြည်အေး said...

သူမ ကောင်းကင်တခွင်လုံး..
သူ့ကို ချစ်ခြင်းတွနဲ့ ဖုံးအုပ်..

မမရေ...ကဗျာလေးက နူးညံ့နေတာပဲ...အပေါ်က စာလုံးပေါင်းလေးမှားနေတာ ပြင်လိုက်ပါ မမရေ...ကဗျာလေး အလှ ပျက်မစိုးလို့ပါ...:))

kiki said...

သူမ အစား မောလိုက်တာ မမသီရိ ရေ..
အဲ့လောက်ကြီးတော့ အမောခံပြီး ချစ်ချင်ပါဘူး...

(အချစ်ငတ်လို့ မချစ်တတ်တာလည်း နေမှာ ..း))

ညလင်းအိမ် said...

မှန်လိုက်တာ မမသီရိ ရေ...
မြေကြီးကို လက်နဲ့ပုတ်ရင် လွဲရင်လွဲမယ် ... မမသီရိမှန်းတာ မလွယ်ဘူး...
အဲလိုမျိုး တစ်ယောက်လောက်တော့ ရချင်ပါရဲ့ လို့
စိတ်ကူးယဉ်နေမိပြီ ...း)

ကဗျာလေးက တော်တော်နူးညံ့တယ်နော် မမသီရိ ...

အနမ်း said...

ကဗျာလေးကတော်ကောင်းတယ် မမသီရိ..
ဒီလောက် ချစ်တတ်တဲ့ မိန်းခလေးမျိုး သူ့မှာရှိတာ သူကံကောင်းတာပေါ့။
အဆင်ပြေပျော်ရွှင်ပါစေ။

သိင်္ဂါကျော် said...

ကဗျာအနေနဲ့ကတော့ ဖတ်လို့ အရမ်းကောင်း.. ဒါပေမယ့် မမသီရိ ပြောသလိုပဲ.. ကိုယ်တိုင်တော့ အဲလို မချစ်တတ်ပါဘူး.. :P
အဲဒါကြောင့် ကိုယ်တောင် အချစ်ကဗျာရေးရင် ယောက်ျားလေးဘက်ကပဲ ရေးဖြစ်တယ်..

ရွှေရတုမှတ်တမ်း said...

အချစ်ကိုဈေးတွက်တွက်ချစ်တာမဟုတ်လို့...
ပန်းကလေးအချစ်ကဗျာလေးတွေဖတ်ရတာ..
သိင်္ဂါရရသမြောက်တာအမှန်ပဲ..
ဒါနဲ့..စကားမစပ်..ကိုယ်စားလှယ်ခယူသေးလား..း)))

ကိုလူထွေး said...

ကဗျာဖတ်ရတာ ဇာတ်လမ်းတပုဒ်ကို ခံစားနေရသလိုပဲ မမသီရိရေ...

ဒါနဲ့ အလုပ်ပြောင်းတော့မလို့ဆို...
ကိုယ်စားလှယ်ခ ယူတယ် ပြောလို့...း)

းဝ)

~ဏီလင်းညို~ said...

အစ်မသီရိရေ...
ကဗျာလေးကို ငြိမ့်ငြိမ့်လေး လာခံစားမိတယ်...။
ဒီထဲက သူမလို မိန်းကလေးမျိုးနဲ့တော့ တွေ့ချင်မိသား...း))
တစ်ကယ့်ကို ချစ်တတ်လွန်းလို့ပါဗျာ...။
ကျွန်တော့်ပတ်ဝန်းကျင်ငယ်ငယ်လေးမှာတော့ အတော့်ကိုရှားနေတာ အမှန်ပဲလေ....။
(ကိုကြီးကျောက်နော်.....ဟွင်းးးးးး)
ခင်မင်တဲ့
ဏီလင်းညို

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ဟုတ်တယ် မမသီရိရေ
ညကအိမ်မက်ထည်း မှာ အဲလို ကောင်မလေးတယောက်က ချစ်တယ်လို့ လာပြောသွားလို့ 
ထင်တော့ထင်သား
ကိုဇော်ထွန်း