Wednesday, December 30, 2009

နှစ်သစ်ဆုမွန်

နှစ်ကူးတော့မည်..
မှုံရီအတိတ်.. တဆိတ်မှုန်ဝါး
ကောင်းလား.. ဆိုးလား...
ဝေးသွား မပီ .. ကျန်ခဲ့ပြီ....

လာမည့် တနှစ်..
ဖြစ်မည့်အကြောင်း.. ကောင်းခြင်းသာ စုံ
ကုံလုံကြွယ်ဝ.. လိုတာ ရလို့..
ဆန္ဒဖို့ ညီ.. မင်္ဂလာပီတိ..
တ..တိုင်း ပြည့်စေ.. ဆုမွန်ချွေ သည်...

ချစ်သော မိတ်ဆွေ အား လုံး သို့...........။


ချစ်ခင်ရသော မိတ်ဆွေအားလုံးအတွက် နှစ်သစ်ကူးလက်ဆောင်ပါ။

မမသီရိ

23 comments:

tin min htet said...

မင်္ဂလာနှစ်သစ် ဖြစ်ပါစေ မသီရိ ..
တောင်းတဲ့ဆု မတောင်းတဲ့ဆု အားလုံးပြည့်ပါစေ ..

ညလင်းအိမ် said...

မမသီရိ...

ပျော်ရွှင်သော မင်္ဂလာ နှစ်သစ်ဖြစ်ပါစေသတည်း...
လိုအင်ဆန္ဒ မှန်သမျှလည်း ကုံလုံကြွယ်ဝပါစေသတည်း...

Welcome said...

နှစ်သစ်မှာ
စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံလို့
ဘ၀လိုအင်တွေ ဆန္ဒနဲ့ တစ်ထပ်တည်းကျစေဖို့
ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်

လေးစားလျက်

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

နှစ်ကူးအတိတ်
တဆိတ်မှုန်ဝါး
အကောင်းမရှိ ဆိုးဘိ၏------၊
လာမည့်တနှစ်
ဖြစ်မည့်အကြောင်း ကောင်းခြင်းသာစုံ
ကုံလုံကြွယ်ဝ မိန်းမရလို့ 
ပေးတဲ့ဆုနဲ့ ပြည့်ပါစေ-----၊

မမသီရိရေ
တနေ့ ခင်းလုံးထိုင်စောင့်နေတာတောင် ပထမ မရသေးဘူး ရှေ့ က ရေးတဲ့သူတွေက ထမင်းမစားဘဲ ထိုင်စောင့်နေကြတာထင်တယ်

Ree Noe Mann said...

တီရေ

နှစ်သစ်ဆုမွန်ကို လာဖတ်သွားတယ်။

နှစ်သစ်မှာ ပျော်ရွှင်ပါစေ တီ။

ဒါနဲ့ စကားမစပ် ဟိုးတလောက

ရေးထားတဲ့ ကဗျာလေး ငယ်ငယ်ဆီမှာ ပြန်တင်မယ်နော်။

တီကို အကြောင်း လာကြားတာပါ။

ဇာနည်မောင် said...

မမသီရိရေ ဒီည နှစ်သစ်ကဗျာရေးမလို့ တကယ့်လို့ ကျနော့ blog ကိုအလည်ရောက်ခဲ့ရင် comment ပေး ဘူးတယ်ရှိအောင် တခါလောက်တော့ comment ရေး ခဲ့ပေးပါနော်

ကိုလူထွေး said...

ထပ်တူတကွ
တ.. တိုင်း ပြည့်စေ
ဆုမွန်ချွေပါတယ် ဗျာ...

းဝ)

Nge Naing said...

နှစ်သစ်ကူးလက်ဆောင် လာယူသွားပါတယ်။ ကျွန်မလည်း ညက ၂၀၀၉ ခုနှစ် နှစ်ဟောင်းကို နှုတ်ဆက်ထားပါတယ်။ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။

Moe Cho Thinn said...

မမလဲ ချစ်ခင်သူနဲ့အတူ ပျော်ရွှင် ကြည်နူးရတဲ့ နှစ်သစ်မင်္ဂလာ ဖြစ်ပါစေ။

Anonymous said...

နှစ်သစ်ကူးလက်ဆောင် အတွက် ကျေးဇူးပါ။
စိတ်ချမ်းသာ ကိုယ်ကျန်းမာသော လိုရာဆန္ဒ ပြည့်ဝသော မင်္ဂလာရှိသော ၂၀၁၀ ဖြစ်ပါစေ။

မအယ်

ATN said...

Happy New Year ပါ ညီမရေ...

~ဏီလင်းညို~ said...

အစ်မသီရိရေ...
အစစ အဆင်ပြေသာယာချမ်းမြေ့ပြီး...မင်္ဂလာရှိတဲ့ နှစ်သစ်ကိုပိုင်ဆိုင်နိုင်ပါစေခင်ဗျာ...။
ခင်မင်တဲ့
ဏီလင်းညို

ခြေလှမ်းသစ် said...

မသီရိ ရေ နှစ်သစ်မှာ ဘာမှ မလိုချင်ဘူး တခုပဲ ... ဒီမို

ရွှေရတုမှတ်တမ်း said...

နှစ်ကူးလက်ဆောင်ရရှိကြောင်းပါ

ကလူသစ် said...

Happy New Year !!!!!!!!!!!

ကိုရင်နော်ခင်လေးငယ် said...

ပေးတဲ့ဆုနဲ့ပြည့်ပါစေမကြီးရေ..

ပျော်ရွှင်ချမ်းမြေ့ပါစေ

ချစ်တဲ့

မီယာ said...

မမ ပေးတဲ့ ဆုနဲ့ တကယ်ပဲ ပြည့်ပါစေ လို့...
နှစ်သစ်မှာ အကောင်းဆုံးတွေနဲ့ပဲ ဆုံရ ကြုံရကြပါစေ

ချစ်ကြည်အေး said...
This comment has been removed by the author.
ချစ်ကြည်အေး said...

နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ....မမရေ.....

Sonata Cantata said...

ပန်းနုရောင်အိမ်ကလေးကို လာကတည်းက ရင်တွေခုန်နေတာ...
မမသီရိပေးတဲ့ နှစ်သစ်ကူး ကဗျာချိုချိုလက်ဆောင်လေးပွေ့ယူသွားပြီ

အရုပ်ကလေး said...

ရောင်ခြည်ပျိုးပျက် အလင်းဖြန့်မဲ့ အနာဂတ်များအဖြစ် ထပ်တူ ပိုင်ဆိုင်ပါစေ ..။


ခင်မင်စွာ
idulize(အရုပ်ကလေး)

ကောင်းကင်ပြာ said...

မမ ဆီက နှစ်ကူးလက်ဆောင်လေး လာယူ တာ နောက်ကျနေတယ်..း)

မေ့သမီး said...

မမ နှစ်သစ်မှာပျော်ရွှင်ပါစေ။ ပျောက်နေတာကြာပြီနော။် နေကောင်းလား။