Sunday, November 22, 2009

ရင်မှာ..ဆောင်း.....


အချိန်တွေ အတော်လွန်ပြီး ခါမှ....
မပြောမဆို..
ကသုတ် ကရက်..
ကဆုန်စိုင်း.. ၀ုန်း ဒိုင်း ကျဲ လို့..
ရုတ်တရက်.. တံခါးခေါက်.. ပေါက်ချလာတဲ့... ဆောင်း....

လာချိန်တန်လျက်
မရောက်ခဲ့ ပဲ..
ရှိချိန်အလွန်..ပန်းဇွန် တွေ ငိုတော့မှ
ဥတ္တရ လေတွေ.. တပွေ့ တပိုက် နဲ့..
ခိုက် ခိုက် တုန် မလို..
လွင်ပြင်ကို ဖြတ်.. ယာယီ ခဏလေး .. လား.. ဆောင်း...

မင်း အလာ နောက်ကျခဲ့တော့..

မိုင်းသောင်းချီ အဝေးက
ထောင်ပေါင်း မရည်နိုင်တဲ့
လာနေကျ အနွေးလို ငှက်တွေ တောင်
ဆောင်းခိုဖို့အရေး..ဇဝေဇ၀ါ မရေ မရာ ဖြစ်လို့
နေရာသစ်ကို ခရီးဆက်သွားကြတယ် ဆောင်း ရေ့..

ဘာပဲ ပြောပြော..
အဖူး တွေ အသင့်နဲ့ စောင့်နေတဲ့
ဆောင်တော်ကူး ဂေါ်သဇင် တွေက
ပျော်နေကြ မှာတော့ အမှန်..

တော်ဝင် သဇင်တွေ ကသာ...
ရာသီ အို အတွက်.. မျက်နှာတွေ ညိုနေကြလေ ရဲ့..

မေမြို့ ပန်းတွေ
ချယ်ရီတွေ..
ဒေလီယာတွေ..
စိန်ချယ် တွေ..
သော်က တွေ....

အင်း... သူတို့ တွေ ရင်ထဲက အကြောင်းတော့
ငါ.. ကောင်း ကောင်း မသိခဲ့ဘူး ကွဲ့..

ခေတ်ပေါ် ဆောင်း.. အတု
ခေတ်ပေါ် နှင်း.. အတု..
နည်းပညာ.. ဆန်းဆန်း တွေ ရဲ့ အလယ်မှာ
အဲဒီ..ပန်းကညာတွေ က..
ဆောင်း.. အစစ်ကို မေ့ချင် မေ့နေ.. နိုင်သလို..
နှင်း.. အစစ် ကိုလဲ လွမ်း ချင်မှ လွမ်းကြတော့ မှာလေ...

ရာသီ .. ဆိုတာ..
စားသုံးသူ ဦးစားပေး ခေတ်ကြီး ထဲ..
တခါ တရံ များစွာ အတွက်...
မေ့လျော့ခြင်း ခံခဲ့ ရပြီ ကွဲ့ ဆောင်း ရဲ့....
(မင်း ကလဲ .. လာချင်မှ လာမယ် ဆိုတဲ့ အချိုး နဲ့
အချိန် မှ မလေး စား တော့တာ ကို..)

ပုံ ရိပ်အဟောင်းတွေ ထဲ မှာတော့
နှင်း ဝေတဲ့ ဆောင်းနံနက် တွေက
ရာဇ၀င် တွင်... လို့....

ဆောင်း ရယ်... နှင်း.. ရယ်... ကိုယ့် ချစ်သူ.. ရယ်......

နှင်း..........ငွေ ရောင်ဖြူလွ.. တူစွ သန္တာ ရယ်.....

ခရမ်းနု ရောင်.. နှင်း မှုန်လေးတွေ နဲ့ .. ပြည်မှာဆောင်း ရယ်.....


အိုး....
လှ လိုက်လေခြင်း...
ဆောင်း..သတင်း.. နှင်း. သတင်း တွေ...

ခုတလော ဆောင်း ကတော့..

တွန့် တွန့် တိုတို
မပြိုချင့် .. ပြိုချင်...
မာန ရှင်.. နှင်း ..ကိုတဲ့...မြှောက်ပင့် ပေးနေ ခဲ့..လို့...

အေးတော့ အေးချင် ပါရက်...
နှင်း မပြို တဲ့ ညတွေ များများ.. လာ......

အဲဒီ.. နှင်း မပြိုသော ညတွေ မှာ...
ငါ......... မင်း ကို.. လွမ်းရမလား... ဆောင်း.........................။


မမသီရိ
၂၂.၁၁.၀၉


ဓါတ်ပုံက အင်တာနက်ကပါ။

13 comments:

ညလင်းအိမ် said...

ဆောင်းက အလာနောက်ကျနေလို့လား
နောက်ကျနေတာတောင် ရောက်မလာသေးလို့လား...
ကဗျာလေးက အဓိပ္ပါယ်အများကြီးဆောင်တယ်...

မမသီရိ ဆောင်းကို လွမ်းတာကော ဟုတ်လို့လား...

း)

လေးစားလျက်
ညရဲ့ကောင်းကင်

ကျော်ညိုသွေး said...

မေမြို့ ပန်းတွေ
ချယ်ရီတွေ..
ဒေလီယာတွေ..
စိန်ချယ် တွေ..
သော်က တွေ....

အင်း... သူတို့ တွေ ရင်ထဲက အကြောင်းတော့
ငါ.. ကောင်း ကောင်း မသိခဲ့ဘူး ကွဲ့..


အဲ့ဒါလေးကြိုက်တယ် အစ်မ။

kiki said...

လွမ်းချင်ရင်လည်း လွမ်းလိုက်ပါ မမသီရိ ရယ် ...
ဆောင်းကို လွမ်းသလို နဲ့ သူလွမ်းနေတာ က တယောက် မဟုတ်လား ..သိနေတယ် နော့ ။

ဂေါ်သဇင် နဲ့  တော်ဝင်သဇင် က ဘာတွေ ကွာတာလည်း ဟင် ... ဆင်းရဲ ချမ်းသာ ကွာကြတာလား လို့  ..း)

kaungkinpyar said...

လွမ်းပါ မမ..း)
ဒီမှာတော့ ဘာဆောင်းမှ မလာဘူးးး..း(

Anonymous said...

ကဗျာလေးက သိမ်မွေ့တယ်.. ရင်နာဖို့ကောင်းတယ်

မီယာ said...

မင်း ကလဲ .. လာချင်မှ လာမယ် ဆိုတဲ့ အချိုး နဲ့
အချိန် မှ မလေး စား တော့တာ ကို.. ဆိုတာ ဟုတ်ပါ့ မမရေ... ရာသီတွေလည်း ဖေါက်ပြန် နေလိုက်ကြတာ

ရွှေရတုမှတ်တမ်း said...

ဆောင်းတွင်းမှာ မိုးရွာနေတယ်ဗျာ..
ပန်းကလေးရေ..ခေတ် မှာ ရေးချ ဖြုတ်လိုက်အုန်း

Nge Naing said...

သူများတွေမှာ ဆောင်းဝင်ချိန် ကျွန်မတို့ဆီမှာတော့ နွေဝင်နေတယ် မမသိရိရေ..

Yu Ya said...

ကျွန်တော်လည်း ဆောင်းကို သဘောကျတယ် မမသီရိရေ.. အေးတဲ့ ရာသီဥတုကို နှစ်သက်တာပါ။

yu ya

ဆောင်းယွန်းလ said...

မသီရိရေးခဲ့တဲ့ကဗျာတွေထဲမှာ ဒီကဗျာကိုအကြိုက်ဆုံးဇြစ်သွားပြီဗျာ....အရမ်းလှတဲ့ကဗျာလေးတပုဒ်ပဲဗျာ...
ကျနော်ယူသွားပြီဗျို့...ခွင့်ပြုမပြုတော့မသိ.....

~ဏီလင်းညို~ said...

ဟာဗျာ...
ဖတ်ပြီးတော့..စိတ်ထဲမှာတစ်မျိုးလေးဖြစ်သွားတယ်...။
အစ်အသီရိက ကဗျာရေး..သိပ်ကောင်းဗျာ...။
(ဒီမှာတော့ မိုးရွာနေတယ်ဗျာ..အခုတစ်လော...)

ခြေလှမ်းသစ် said...

နှင်းမပြိုမှတော့ ဆောင်းကိုပဲ လွမ်းလိုက်တော့မယ် မသီရိရေ ..

လင်းဒီပ said...

ဒီကဗျာလေးထဲက မော်ဒန်ဆောင်းကို ထိတွေ့မိတယ်...

တကယ်ဆောင်းဆန်တဲ့ ဆောင်း အစ်မရေးတဲ့ ပြည်မှာဆောင်းလို ဆောင်းမျိုးတော့ မတွေ့ရတော့တာ ကြာပေါ့...

အခုရောက်နေတဲ့ နေရာမှာဆို နှင်းအတုတွေနဲ့..ဆောင်းအတုကြီး..။