Saturday, November 21, 2009

ငယ်ငယ်တုန်းက ရူးဖူးတယ်..း)




အရွယ်ငယ်ငယ် အပျိုပေါက် ဘ၀မှာ သူ့ ကို စွဲလမ်းဖူးတယ်..း)
ခုတော့ မဟုတ်တော့ပါဘူး နော်.. ( မရွှေဇီးကွက်.. ရေ....း)...

အဲဒီ တုန်းက တောင်ခြစ် မြောက်ခြစ် ခြစ်ခဲ့တာတွေ ပါ..
ပုံတပုံ ရဲ့အောက်ခြေမှာ တွေ့ တဲံ့ နေ့ စွဲ (၂၈.၁၀.၈၇) အရ ဆိုရင်.. ဒီပုံတွေ ကျမ ဆွဲဖြစ်ခဲ့တာ နှစ်ပေါင်း ၂၀ ကျော် ခဲ့ပြီ... အစွဲအလမ်းကလဲ ကြီး.. စာရွက်သေးသေး လေးတွေ ပါ သိမ်းတတ်သူမို့.. သွားလေရာ သယ်တတ်တဲ့ စာရွက်ဟောင်းပုံ ထဲ က ပန်းချီ ဖိုင် ထဲ မှာ ရှိနေတဲ့ ပုံလေးတွေ ပါ...

ငယ်ငယ် တုန်း က ခိုး ကြိုက်ခဲ့တာ မှန်ပေမဲ့... (...း).... ) ခုတော့ သူ့ လုပ်ရပ်တွေ ကို လေးစား တာမို့ ဂုဏ်ပြု ရင်း တင်ပေးလိုက်တာပါ..


အောက်က ပုံလေးကတော့ ဇီးထုပ်မှာ ပါခဲ့တဲ့ ပုံ..



ဒီ ပုံကတော့ မဂ္ဂဇင်း ထဲ ပုံ တပုံ ဖြတ်ပြီး ညှပ်ထား နေမှာ.. ပါ...း)....



ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ ကျန်းမာ ရွှင်လန်းပြီး.. လူသားအကျိုးပြု လုပ်ငန်းများ ဆထက်ထမ်းပိုး သယ်ပိုး ဆောင်ရွက် နိုင်ပါစေ ကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်.....။


အားလုံးကို ချစ်ခင်လေးစားတဲ့


မမသီရိ

17 comments:

:P said...

အဲဒီဆီးထုတ် စားဖူးတယ်.. ကျော်သူလွယ်အိတ်လို့ ခေတ်စားတဲ့ လွယ်အိတ်ကို လွယ်ထားတာလေ..။

ဇော်ထွန်း said...

မမသီရိ
အဲဒါဘယ်သူလည်းဟင် မင်းသားတွေဆို မသိဘူး
မင်းသမီးတွေဘဲ နဲနဲ သိလို့ ပါ

kiki said...

(ဦး) ကျော်သူ မင်းသား စဖြစ်ကာစ က သရုပ်ဆောင်တာတွေရော ၊ စကားပြော သိပ်မပီတာရော ကြောင့် သိပ်မကြိုက် မိခဲ့ဘူး မမသီရိရေ ..
ခု အသက်အရွယ်ရလာတော့ ငယ်ငယ်တုံး ကလို မချောတော့ပေမဲ့ သူ့ လုပ်ရပ် နဲ့ အတွေးအခေါ်တွေကြောင့် လေးစားမိရင်း လေးစားရင်းနဲ့ ပါပဲ ။

မမသီရိ က အသိမ်းအဆည်းကောင်းတယ်နော် ။ခုဒီပုံတွေဟာ နောင်တနေ့ မှာ တန်ဖိုး မဖြတ်နိုင်တဲ့ အရာတွေ ၊
သမိုင်းပြတိုက်မှာ ထားလို့ ရမဲ့  အထောက်အထားတွေ ။
ဖြစ်ချင် ဖြစ် လာမှာ ....

~ဏီလင်းညို~ said...

အစ်မသီရိရေ...
ပန်းချီလည်းဆွဲတတ်တာပဲနော်...
စွယ်စုံရတာပဲဗျာ...။
ကျွန်တော်လည်း...ကိုကျော်သူကို လေးစားနေဆဲပါခင်ဗျာ....။

Yu Ya said...

မမသီရိရေ.. လေးစာတယ်ဗျာ...အဟီး။

yu ya

လင်းဒီပ said...

ကိုကျော်သူကို သရုပ်ဆောင်ထားတဲ့ကားတွေ ကြိုက်တယ်..။
အခု လေးစားတယ် ။

Ree Noe Mann said...

တီလေး

အဲအချိန်ဆို ငယ်ငယ်က ၆နှစ်သားပဲရှိသေးတယ်ဗျ

တူတော်မောင် ငယ်ငယ်

tz said...

အစ်မသီရိရေ..
တော်လိုက်တာ ဆွဲထားတာ
မိုက်တယ် :)

ဂျူနို said...

မမသီရိ
မအယ် ကျိကျိလည်း ကျော်သူ ကြိုက်တယ်။ ခုလည်းကြိုက်မှာပဲ။

တပြည်သူ မရွှေထား ကောင်းတယ်လေ။ ယူလည်း နွားပဲတဲ့ ဟိဟိ။

ကိုချစ်ဖေ said...

မမသီရိ ကျနော်တို့လည်း အဲ့လို ရူးဖူးပါတယ်
မမသီရိ က ခုထိသိမ်းထားနိုင်တာတော့ ချီးကျူးပါတယ်
ဗျာ.

ဒဏ္ဍာရီ said...

အင်း မမကတော့ စွယ်စုံပဲနော် ပန်းချီဆွဲတာလည်း တူလိုက်တာ။ အောက်က ဓါတ်ပုံမပြတာကို ကျော်သူပုံမှန်း သိတယ် မမ ..း)

ခင်မင်လေးစားလျှက်

rose of sharon said...

ခုထိအောင်သိမ်းထားနိုင်တာ တော်တော်ထိန်းသိမ်းတတ်တာဘဲနော်

ညလင်းအိမ် said...

ကိုကျော်သူကတော့ လေးစားစရာပါ...
လူတကာ မလုပ်နိုင်တဲ့ အလုပ်ကိုလုပ်နေတာဆိုတော့ ချီးကျူးပါတယ်...

မမသီရိကလည်း ပုံဆွဲတော်တယ်နော်..
ကို့ကို့ ပုံ (သို့) မောင်မောင့်ပုံ လည်းဆွဲဖူးမှာပဲနော်....
ပြပါအုန်းဗျို့း)

Anonymous said...

ကျော်သူလို့တောင်မထင်ဘူး.. ငယ်ရုပ်ကို မဖမ်းတတ်လို့.. အဲ့လောက်လည်းကြိုက်ဘူး သူ့ကို။
အင်းပေါ့ တီတီတို့ခေတ်ကိုးး.. :P

Nge Naing said...

ကျွန်မက အနုပညာကို ဖန်တီးလို့ မတတ်ပေမဲ့ ခံစားလို့တကယ်တတ်ပြီး အနုပညာရှင်တွေရဲ့ အရည်အချင်းကိုလည်း ခန့်မှန်းတာ သိပ်မှန်တယ်။ ကျွန်မ ငယ်ငယ်တုန်းကရော အခုရော ကျော်သူ သရုပ်ဆောင်တာကို သိပ်ကြိုက်တယ်။ အဲဒီတုန်းက ကျော်သူ၊ စိုးသူ၊ ပြေငြိမ်း၊ သတိုးစော အတူတူ ရှေ့ဆက်နောက်ဆက် ပေါ်တဲ့အထဲမှာ ကျော်သူကို အကြိုက်ဆုံးပဲ။ ကျော်သူပဲ ရေရှည်တည်မြဲမယ်ဆိုတာလည်း ခန့်မှန်းထားတယ်။ အဲဒီတုန်းက ကျွန်မနဲ့ အသက်ရွယ်တူ မိန်းကလေး အတော်များများက စိုးသူမှစိုးသူ ဖြစ်နေကြတယ်။ နောက်တော့ ကျွန်မခန့်မှန်းခဲ့တဲ့ အတိုင်း ကျော်သူပဲ တခြားသူတွေထက် အနုပညာမှာ ပိုပြီးအောင်မြင်လာတာ နအဖ မပိတ်ပင်ခင်အထိပဲ။ ကျော်ရဲအောင်နဲ့ ရဲကိုကို အတူတူ ပေါ်တုန်းကလည်း သူများတွေ ရဲကိုကိုမှ ရဲကိုကို ဖြစ်နေချိန်မှာ ကျွန်မက ကျော်ရဲအောင်ကိုပဲ ကြိုက်တယ်။ ရဲကိုကိုက ခဏလေး ရေပန်းစားပြီး ပျောက်သွားပေမယ့် ကျော်ရဲအောင်ကတော့ အခုထိ ပရိတ်သတ်ရှေ့မှာ ရှိနေတာကို တွေ့ရတယ်။

kaungkinpyar said...

ကျော်သူ ကြိုက်တယ် မမ..း)

ခြေလှမ်းသစ် said...

အမရေ ကိုကျော်သူကို ရုပ်ရှင်မှာလဲ ကြိုက်တယ် လူတော် တယောက်အနေနဲ့လည်း မြန်မာပြည်မှာ အလေးစားရဆုံးအနုပညာရှင်တယောက် အနေနဲ့လည်း နှစ်သက်မိပါတယ်ဗျာ