Saturday, November 14, 2009

ချစ်တယ်.... ချစ်တယ်... ချစ်တယ်...

တကယ်ပေးချင်တယ်ဆို
ပေးလို့ရမဲံ့အရာတွေ အတွက်..
ဘယ်လို အကြောင်းတွေ ထောက်လို့..
ကျမ က သိမ်းထား ရမလဲ ကွယ်...


ကျမ နှလုံးသား မှာ ..
ပေါက်ပွားလာတဲ့ မေတ္တာတွေ ..ထုဆစ်ပုံဖေါ်လို့
ချစ်သူ ကို ချစ်ဖို့အရေး..

ကျမ ..က
ဧ၀ရက်တောင်ထိပ် .. တက်ဖူးဖို့ မလို...
အင်္ဂါဂြိုလ် လဲ သွားဖို့ မလို....
ဆာဟာရ ထဲ ဖြတ်စရာ မလို...
ပစိဖိတ် သမုဒ္ဒရာ ကူးစရာ မလို...
ဝင်ရိုး စွန်း လဲ ယွန်း စရာမလို...
ကြယ်စင်တွေ တက်ခူးစရာ မလို..
မိုး အရွာ စောင့်စရာ မလို..
နေအပူ စောင့်စရာ မလို...
နှင်း အဝေ.. စောင့်စရာ မလို...
မိုး အလင်း စောင့်စရာ မလို....
နေ အ၀င် စောင့်စရာ မလို....
လပြည့် ..လကွယ်.. စောင့်စရာ မလို....

သူ့ အလို လို... သူ့ ကို...
ချစ်လို့ ချစ်ခဲ့တယ်..
ချစ်လို့ ချစ်မိတယ်..
ချစ်မိလို့ လွမ်းရတယ်..
လွမ်း လို့ တမ်းတ တယ်..
တမ်း တရင်း... ချစ်မိ တယ်....

ရင်ထဲ မှာ ရှိသမျှတွေ..
နှလုံးသွေး လည်ပတ်... အသက် ရှူ ရှိုက်နေသမျှ...
အကုန် သွန် ပုံအော .. မင်း ကို..ချစ်ချ ပစ်လိုက်ပေမဲ့...

လျော့ လို့ မှ မသွား ပဲ ကွယ် ......
(တကယ်တမ်း ပြောရရင်...တိုးတောင် တိုးလာသေးတယ်...)

လူချင်း မဆုံ ဖြစ်သေးတာ တခုလေးနဲ့..
ကျမ က ဘာလို့ ချုပ်တီး ထားမလဲ...
ကျမ က ဘာလို့ ကပ်စီး နည်းမလဲ...

ချစ်တယ်..
ချစ်တယ်...
ချစ်တယ်...
ကဲ..... ချစ်တယ်....

ပေးချင်ရင် ပေးလို့ ရနေပါရက်...
ဘယ်လိုအကြောင်း ကို ထောက်လို့ မှ...
ကျမ သိမ်း မထား ပါဘူး.. ချစ်သူရယ်.....

ချစ်တယ်... ချစ်တယ်.... ချစ်တယ်.....။



မမသီရိ

13 comments:

kiki said...

အောင်မလေးဗျန့် ...
ဖတ်ရတာ နဲ့တင် အူတွေ အသည်းတွေ နှလုံးတွေ ကလီစာတွေ ဗြောင်းဆန်ကုန်ပြီ .....

ချစ်တတ် ချစ်တတ် ချစ်တတ် လိုက် ထှာ နှော် ..

( ရင်တုန် ပန်းတုန် နဲ့ ပြန်သွားတယ် ..
အသည်းယား ပြီးတော့ ... ဟင့် ..သွပ်ပြား မှာ အလာဂျီ ရှိတယ် လေ .. အဲ့လို စာတွေဖတ်လိုက်ရ ရင် .. .. ဆေးပြန်ကုပေးပါ မမသီရိ ..း )))))

ညလင်းအိမ် said...

“သူ့ အလို လို... သူ့ ကို...
ချစ်လို့ ချစ်ခဲ့တယ်..
ချစ်လို့ ချစ်မိတယ်..
ချစ်မိလို့ လွမ်းရတယ်..
လွမ်း လို့ တမ်းတ တယ်..
တမ်း တရင်း... ချစ်မိ တယ်....”


အဓိပ္ပါယ်ရှိတယ်ဗျ...

Welcome said...

မိန်းကလေးအချစ်က လေးနက်မှန်း ရိပ်မိသားပဲ

tin min htet said...

ချစ်တယ် .. ချစ်တယ် .. ချစ်တယ်
(ဒါကြောင့်)
ချက်တယ် .. ချက်တယ် .. ချက်တယ်
(ပဲပြုတ် နဲ့ ချဉ်ပေါင်ကြော်)

စိတ်ဆိုးရင် ဝိတ်တိုးပါစေ :P

tin min htet said...

ခုန ရန်စခဲ့တာ ..
မမသီရိ အခုတလော ကဗျာတော်တော်ရေးသလို၊ တော်တော်လည်း ကောင်းနေတယ်။ အကြောင်းတခုတော့ ရှိမယ်။

~ဏီလင်းညို~ said...

အစ်မရေ...
မမြင်ဖူးတဲ့...အဲ့ဒီအစ်ကိုကြီးကိုယ်စား...၀မ်းသာမိတယ်ဗျာ...။ အစ်မ သိပ်ချစ်တတ်တာကိုး...။
(ချဉ်ပေါင်ကြော်ရင်တော့ နည်းနည်းကျွေးနော်...ဗျ...။)

ခင်မင်တဲ့

ဏီလင်းညို

kaungkinpyar said...

ဧ၀ရက်တောင်ထိပ် .. တက်ဖူးဖို့ မလို...
အင်္ဂါဂြိုလ် လဲ သွားဖို့ မလို....
ဆာဟာရ ထဲ ဖြတ်စရာ မလို...
ပစိဖိတ် သမုဒ္ဒရာ ကူးစရာ မလို...
ဝင်ရိုး စွန်း လဲ ယွန်း စရာမလို...
ကြယ်စင်တွေ တက်ခူးစရာ မလို..
မိုး အရွာ စောင့်စရာ မလို..
နေအပူ စောင့်စရာ မလို...
နှင်း အဝေ.. စောင့်စရာ မလို...
မိုး အလင်း စောင့်စရာ မလို....
နေ အ၀င် စောင့်စရာ မလို....
လပြည့် ..လကွယ်.. စောင့်စရာ မလို....

ဘာမှ မစောင့်တော့ဘူးးးးးးး

Moe Cho Thinn said...

မမ အချစ်ကို ဒီက ယုံပါတယ်။

ဟိုလူကြီး မပြောခင် ကြိုပြောလိုက်ပြီ။

ဆောင်းယွန်းလ said...

ပေးချင်ရင် ပေးလို့ ရနေပါရက်...
ဘယ်လိုအကြောင်း ကို ထောက်လို့ မှ...
ကျမ သိမ်း မထား ပါဘူး.. ချစ်သူရယ်.....

မသီရိကတော့လုပ်ချလိုက်ပြန်ပါပြီ...ပီပြင်တယ်ဗျာ
အင်း....ဟိုလူကြီးဆိုတာ ဘယ်လူကြီးပါလိမ့်......

စည်သူ said...

ချစ်တယ်..
ချစ်တယ်...
ချစ်တယ်...
ကဲ..... ချစ်တယ်....

ပေးချင်ရင် ပေးလို့ ရနေပါရက်...
ဘယ်လိုအကြောင်း ကို ထောက်လို့ မှ...
ကျမ သိမ်း မထား ပါဘူး.. ချစ်သူရယ်.....

ချစ်တယ်... ချစ်တယ်.... ချစ်တယ်.....။

ခိခိခိ... ဖြေးဖြးပြောပါ မမသီရိရယ်..

ပီစီပါ ပွင့်ထွက်လာမှကြောက်တယ်..း)

ခင်မင်စွာဖြင့်
စည်သူ

သီဟသစ် said...

မမသီရိရေ

ရှင်းလင်းရိုးသားတဲ့ ချစ်ခြင်းတစ်ခုကို မြင်လိုက်ရပါတယ် ခင်ဗျာ

ရွှင်လန်းချမ်းမြေ့ပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

ရွှေရတုမှတ်တမ်း said...

ကိုကြီးကျောက်လည်း..နေ့တိုင်း..ချစ်တယ်..ခြစ်တယ်..
ခြစ်တယ်...သခွါးသီးတွေ..

Nge Naing said...

မမသီရိကလည်း ချစ်တတ်လိုက်တာ။ ဒီလောက် ချစ်တတ်တာတောင် အခုထိ အပျိုကြီးဖြစ်နေတယ်နော့်။