Monday, November 09, 2009

ပိုင်စိုး ပိုင်နင်း

အတူတူနေဖြစ်ကြတဲ့အခါ ..

ရှင်.. ဂစ်တာတီးတော့..
ကျမ ဘေးက ထိုင်နားထောင်မယ်..
ကိုယ်နှစ်သက်တဲံ့ သံစဉ်တွေ ဆို
သီချင်းလေး လိုက်ငြီး ရင်း နဲ့...

ခဏနေကြာတော့..
ရှင့်ပုခုံးပေါ် ခေါင်းလေး မှီလို့..
ရှင့်ကျော ပြင် ဖွဖွလေး သိုင်းဖက် ထား ...

အိပ်ယာဝင်နောက်ကျတတ်တဲ့ ရှင့်ကို..
မျက်စောင်းထိုး လို့ ကျမ ဆူမယ်..
ရှင် အိပ်ပျော် တဲံ့ ချိန်ထိ ဘေးနား က ကျမ ထိုင်စောင့်ရင်း...
ရှင့် ရင်ဘတ်ပေါ် စောင်ကလေး လွှာပေးလို့..

မနက် မိုးလင်းတဲံ့ အချိန်..
အတင်းဆွဲ လို့ နှိုးထ..လေ့ကျင့်ခန်း လုပ်
ပျင်းကြောလေး နဲ့ ကျောဆန့် မနေနဲ့..
ရှင့် အတွက် ကော်ဖီ ခွက်ကလေး က စားပွဲပေါ်မှာ....


ခု လောလော ဆယ်မတော့..
ကျမတို့ ကြားက မိုင်တိုင်တွေ ကျဉ်းသွားအောင်..
ရှင်.. ရှေ့ ကို တလှမ်း စီ.. တလှမ်း စီ တိုး ခဲ့...
ကျမ လဲ တလှမ်း ချင်း တလှမ်းချင်း.. လှမ်း ခဲ့ မယ်...

(ခဏ... နော်.).. မှာ စရာလေးတွေ ရှိသေးတယ်..

စိတ်ညစ်စရာတွေ လာ လာ မပြောနဲ့
သိပ်ချစ်တာတွေ ပဲ ပြော...
ဝမ်းနည်းစေသော အကြောင်းတွေ မြှပ်နှံ သဂြိုလ် လိုက်တော့..
ဒီမှာ.. ရှင့်အတွက်.. နွေးထွေး တဲ့ ရင်ခွင်တခု ရှိနေပြီ....

အွန်လိုင်း ပေါ် ခဏခဏ မတက်နဲ့
အွန်လိုင်း မှာ အကြာကြီး မနေနဲ့..
ကောင်မလေး တွေ ပြုံး ပြုံး မပြ နဲ့..
တယ်လီဖုန်းပြောရင် အသံ တွေ မချိုနေစေနဲ့..
ကားမောင်းတာ ဂရုစိုက်မောင်း...
သစ်သီးတွေ များများ စား...
အိပ်ရေးပျက်မခံ နဲ့...
ကျန်းမာရေး ဂရုစိုက်..
ဒေါသ မထွက်အောင်နေ..
အစွန်းလေး ပါး လွတ်အောင် ကျင့်..
ဝမ်းမနည်းအောင် ကြိုးစား...
လမ်းသွားတဲ့ ခါ ခေါင်း ငုံ့မထားနဲ့..
ဆံပင်တွေ သေသေသပ်သပ် ဖြီး..
စီးကရက်သောက်တာ ဖြတ်လိုက်ပြီလား.
(မဖြတ် ရသေး ရင် ဖြတ်လိုက်တော့..)..
အရက်သောက်တာ မကြိုက်ဖူး...
အဆီများ တဲ့ အစား အသောက်တွေ ရှောင်..
အရာရာ ကို ရင်ဆိုင်နိုင်အောင်ကြိုးစား...


အရေးအကြီးဆုံးက..
ကျမ.. ရှင့်ကို ချစ်တယ်...
အဲဒါ ... ဘယ်တော့မှ မမေ့လေ နဲ့......။

PS:
ရှင်စားချင်နေတယ် ဆိုလို့..
ကျမ ချဉ်ပေါင်ကြော်ဖို့ ရယ်..
ပဲပြုတ် ပြုတ်တတ်ဖို့ရယ် လေ့ကျင့်နေပါတယ်..
အတူတူ နေကြတဲ့ အခါ.. ချက်ကြွေးချင်လို့ပါ......။



မမသီရိ

16 comments:

Welcome said...

မကြီးကတော့
စိတ်ထားလေး လှလိုက်တာ
အားကျပါတယ် ....

Mogok Thar said...

ကျနော်လည်း ချဉ်ပေါင်ကြော်နဲ့ ပဲပြုတ်ကြိုက်တယ်။ ဧည့်သည် လာလုပ်မယ်ဗျို့

Ree Noe Mann said...

တီလေး

အရမ်းအရမ်းကို မိုက်သလား မမေးနဲ့။

ပြောတက်လိုက်တာ မှာတက်လိုက်တာနော်။

ငယ်ငယ်လည်း ချဉ်ပေါင်ကြော်နဲ့ ပဲပြုတ်ကြိုက်တယ်။

ချစ်တဲ့ တူတော်မောင်
ငယ်ငယ်

kiki said...

မမသီရိ ရဲ့  "ရှင် " ဆိုတဲ့  လူကြီး က ကံထူးသူကြီးပါလား ..
အားကျစရာတွေနော် ..
အဲ့ဂလောက်တောင် ဂရုစိုက်တယ်...
မှတ်ထား အုံးမှပဲ ....း))
ပဲပြုတ် နဲ့ ချဉ်ပေါင်ကြော် ကို ၊
သွပ်ပြား လည်းစားချင်ပါတယ် ...
ကျွေးပါအုံး မမရေ ...

Anonymous said...

အမရေ...ဆရာလုပ်တာမဟုတ်ပါဘူးနော်။ စောင်ကလေး လွှားပေးလို့  လို့  ရေးရမယ်ထင်ပါတယ်။ စိတ်ညစ်စရာတွေလည်း ပေးပြောလိုက်ပါဗျာ။ မဟုတ်ရင် သူရင်ဖွင့်စရာ လူမရှိပဲဖြစ်နေမှာပေါ့။ ကဗျာလေးက အရမ်းချစ်စရာကောင်းတယ်။

jeujue

Unknown said...

သီရီရေ..............
စီးကရက်တော့ပြတ်သွားပါပြီ..
အရက်က လက်ကျန်နှမြောလို့ ကုန်အောင်ဖြတ်လိုက်ဦးမယ်နော်.........

ရွှေရတုမှတ်တမ်း said...

ပညတ်ချက်တွေ
နဲနဲလောက်လျော့ပေးလိုက်ပါပန်းကလေးရေ.....
ဒါမှတဖက်ကလူလည်း အသက်ရှုချောင်မှာ

ကျော်ညိုသွေး said...

:( သူများတွေများ ကံကောင်းလိုက်တာ
ဟွန့်။

ညလင်းအိမ် said...

ကဗျာလေးက တမျိုးလေးပဲ...
ဖတ်လို့ကောင်းတယ်...
နောက်မှ ကဗျာတွေလာဖတ်တော့မယ်...
(၉၂ ပုဒ်တောင်)

အဲဒီဟင်းနှစ်မျိုးကျွန်တော်လည်း ကြိုက်တယ်ဗျ.. :)

ကောင်းကင်ပြာ said...

ချစ်မမ သီရိကတော့ လန်းချက်၊ ဟတ်ထိတယ်ဆိုတာ အဲ့ ကဗျာမျိုးပဲ..ကြိုက်စ်

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ဟုတ် မမသီရီ
အပေါ်က မမကောင်းကင်ပြာ နဲ့ တူတူဘဲနော်

ဆောင်းယွန်းလ said...

ပိုင်စိုးပိုင်နင်းတဲ့.....
ပြောတတ်လိုက်တာနော် မသီရိတို့များ...
ပညတ်ချက်တွေကလည်းများလှပါဘိ....

~ဏီလင်းညို~ said...

မမသီရိရဲ့ ကဗျာလေးဖတ်ပြီးတော့ စိတ်ထဲမှာ နွေးထွေးမှုတစ်ခုခံစားလိုက်ရတယ်ခင်ဗျာ...။
(အဲ့ဒီ“ရှင်” အတွက် လည်းဝမ်းသာပေးမိပါ၏။)
ခင်မင်တဲ့

ဏီလင်းညို

ဂျူနို said...

မမသီရိရေ
တယ်လည်း ချစ်တတ်ပါလားဝေ။

သူ့မှာ စိတ်ညစ်စရာတွေ ရှိနေရင်တော့ လာပြောပါစေ။
နို့မို့ဆို အသက်ရူကြပ် နေမှာပေါ့။

စောင်ခြုံပေးပြီး သူအိပ်ပျော်မှ ကိုယ်အိပ်ရရင် မလွယ်ပါလားမမချစ်တတ်သူကြီးရေ။

မအယ်

Anonymous said...

http://thet-wai-blog.blogspot.com/2009/10/blog-post_29.html
ဖတ်ကြည့်ပါ...

သက်ဝေ said...

ပိုင်စိုးပိုင်နင်း တဲ့...
ပိုင်စိုးပိုင်နင်း ဆိုတာ ချစ်တဲ့စိတ်ကို အခြေခံတာမို့ ကိုယ်တကယ် ချစ်ခင် နှစ်သက်တဲ့သူကိုမှသာ ပိုင်စိုးပိုင်နင်း လုပ်ချင်ကြတာမျိုးနော်...