Friday, November 06, 2009

ညီညီ


ညီညီရေ..
ရှေးဟောင်း၈ရိတွေရဲ့
နတ်ဘုရားလေး တပါး ဟာ မင်း ပဲပေါ့....
ကြေးဝါ ရောင် အသား အရည် နဲ့
ခွေကောက်ကောက် ဆံ နွယ်တွေ..
နေခြည်မှာ ဆို ရွှေ အို ရောင်လက် လို့...

လင်း လဲ့ မျက်ဝန်း ပြာ ပြာ မှာ...
ကော့ ညွှတ်နေတဲ့ မျက်တောင်တွေ...
မဲ နက် တဲ့... မျက်ခုံး တန်း နဲ့...
ဆုတောင်း ကောင်းခဲ့တဲ့ ကလေး...
သွား ကလေး တွေ ဖွေးဖွေး ဥလို့ စီ...
ညီ ညာ ပါ ပေ့...
နီထွေး နှုတ်ခမ်းပါး ကလေးက ထော်ထော်..

မေမေ ရေ.. လို့အော် ခေါ်တဲ့ အခါ...
နိုက်တင်ဂေးလ် ငှက်ကလေးရဲ့ အသံသာ သလိုပဲ လို့...
ညီညီ့ မေမေ က ထင် သတဲ့....

တန်ဆောင်မုန်း လ..
နက္ခ စုံ ညီ ၀န်းရံ ခ စား...
လပြည့် နား ရဲ့ တဖက်.. ခု လို တရက် မှာပေါ့
မေမေ က ညီညီ့ ကို...
အပြုံးချိုချို တွေနဲ့ . ထွေးပွေ့ ခဲ့တာ ကွဲ့....

ညီညီ ရေ...
ညီညီ့ မေမေ ပြောတဲ့ စကား.... ကြားနေပါ သေး ရဲ့..
မေတ္တာ မပါ တဲ့.. .ည.. အပြာ တွေ ကြောင့်...
ဆောင့် ကြီး အောင့်ကြီး... လွယ်ခဲ့ရတဲ့ သား....
သူ့ ၀မ်း ကြာ တိုက် ကြား ရောက်လာပြန်တော့..
သူ့  ဘ၀ မှာ ညီ ညီ ကလေးလေး သာ
အရေး ကြီး ဆုံး ဖြစ်ခဲ့ ပါ သတဲ့.....


အဖေ ဆိုတာ တွယ်တာစရာ လို့
သိခွင့် မရခဲ့ သူလေး မို့..
အသနား ကလဲ ပို ရပါ သ တဲ့....

ဒါပေမဲ့ .. ညီညီ ရယ်...
မေမေ က နေ...
မေမေ .. က လ...
ညီညီ့ ဘ၀ မှာ အမြဲ သာ နေပေး တာ..

မေမေ ရဲ့ သီ ချင်း..... မေမေ ရဲ့ ကဗျာ
ညီညီ ရဲ့ နှလုံးသား မှာ အမြဲ သီကုံး ပေးနေ မှာ....

မေမေ ဟာ... ညီညီ လိုနေ သရွေ့
ညီညီ့  ကမ္ဘာ သာ ဖြစ် နေစေ့ ပါ မတဲ့......


လေး နှစ် မှ သည်...
ရာချီ တဲံ့ ထိ...
ရွှင် လန်း ကျန်းမာ.. ရတနာ သား ကောင်း...
မေမေ့ နားဒေါင်း တရံ ပမာ....
မေမေ့ အနားမှာ
အလင်း တွေ ဝေဖြာ စေမဲ့......သား ကလေး ညီညီ .. ...ပျော် ပါစေ....။


ဘယ်ဘ၀ က ၀င်စားလေသလဲ မသိ... စကား တတ်စ ကတည်းက စစ်ဗိုလ်ချုပ်ပဲ လုပ်မယ်ဆိုတဲ့ အပြောက တပြားသားမှ မလျှော့ သူကလေး..။ သူ့ အမေ က တော့.. စစ်ဆိုရင် ရေ တောင် စစ်မသောက် ချင်သူပါတဲ့...း)... အနာဂတ် မှာ ဘာတွေ ဖြစ်လာမယ် ဆိုတာ မသိကြပေမဲ့... ဘ၀ ရဲ့ အကောင်းတကာ့ အကောင်းဆုံးတွေ ပဲ ရပါစေ... ညီညီ ရေ.......


မမသီရိ

9 comments:

kiki said...

ပဟေဋိ အဖြေညှိရတော့မှာလား မမသီရိရဲ့ 
ညီညီ့ အဖေ .... ???
ဆောင့်ကြီးအောင့်ကြီး ???
မေတ္တာ မပါတဲ့ ည အပြာ ???

တွေးစရာတွေချည်းပါလားး
မဟုတ်မှ လွဲရော ...
မသောက်ချင်တဲ့ ရေစစ်ကြောင့်နဲ့တူပါရဲ့ နော် ။
ညီညီလေး အဖေ့သွေးပါလာရင်တော့..
အင်းလေ .. ခုမှ ၄ နှစ်သားလေးဆိုတော့ စောင့်ကြည့်ကြရုံပဲပေါ့ ....
ပြည်သူချစ်တဲ့  ပြည်ချစ်သားလေးသာ ဖြစ်ပါတော့ ။။ ရ တာ နာ လေး မဖြစ်ပါရစေ နဲ့  ။

မိုးခါး said...

း)
မမကိကိလိုပဲဆုတောင်းသွားပါတယ် မမသီရိ
သားကောင်းရတနာလေး ဖြစ်ပါစေး))

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

မမသီရိ
လာဖတ်တယ်ဗျ

~ဏီလင်းညို~ said...

ညီညီလေးရဲ့ အတွက် ကဗျာဖတ်သွားတယ်...။
(သူ့ဆန္ဒကို ဦးစားပေးလိုက်ပါနော်ဗျ...။ ကြီးလာရင်ပြောတာပါ...။)

Anonymous said...

It is a pity, that I can not participate in discussion now. It is not enough information. But this theme me very much interests.

Anonymous said...

I consider, that you are not right. I suggest it to discuss.

Anonymous said...

You, casually, not the expert?

Anonymous said...

Your idea is very good

Anonymous said...

Completely I share your opinion. It is good idea. It is ready to support you.