Saturday, September 26, 2009

မျက်ပြေ ကဗျာ


ကျမအတွက်...တဲ့

သူရေးခဲ့တဲ့ ပန်းချီကားလေး…


သူ့နှလုံးသွေးတွေ အပြာရောင် အသွင်ပြောင်း

ကောက်ကြောင်းဖွဲ့ ဆေးတွေချယ်..

ချစ်ခြင်းတွေ ဖလှယ်လို့..

စိမ်းညို့ တဲ့ တောင်တန်းကြီးတွေ တောင် ပြာပြာမှိုင်း..

ပန်းရိုင်းတွေ အားလုံး လဲ အပြာရောင်ပွင့်

ပင်လယ်ကြီး ကလဲ အမှောင်ထဲ မှာ ကို ပြာလဲ့

လသာတဲ့ ညကလဲ ပြာ….

အ၀ါရောင် ကြယ်တွေတောင်

အပြာရောင် ကောင်းကင်အောက်မှိန်ခဲ့…

နေရာတကာ.. ဒီအပြာတွေ...

..

ချစ်ခြင်းနဲ့ သူရေးတဲ့ အပြာရောင် ပန်းချီကား..

ကျမ ဥယျာဉ် တံခါးဝ

ကျမ အတွက် သူ… တိတ်တိတ်လေး လာ ချ ထား တာ..


တွေ့ဖြစ်အောင် ကျမ တွေ့ခဲ့ တော့..

ပျော်ဝင်ခဲ့ ပါပေါ့ ဒီ အပြာရောင်တွေထဲ..


ရှက်သွေး နီနီ စွက်

သူ့ကျောလေး ကို သိုင်းဖက် ခိုက်..

သူ့ နှလုံးသား အသံ ကြားလိုက်..

ကျမ ကိုယ်တိုင်က သူ့ ပန်းချီကား


သူ့စုတ်ချက်များ အတိုင်း

ကျမရဲ့ဘ၀ အစိတ်အပိုင်း အကုန်လုံး

အမုန်းမပြို.. အပြုံးချိုတွေနဲ့သာ ရှင်သန်သွားတော့မှာ

တကယ် သေချာခဲ့ ပြီ မို့….


သူ့အပေါ်ပြုထားတဲ့ ကျမရဲ့ ကျိန်စာ တွေ..

မဆိုင်း ယခု.. ပြေပါစေ……


မမသီရိ

၂၄.၉.၂၀၀၉

11 comments:

Nyi Nyi said...

ဖတ်နေတဲ့ကျွန်တော်လဲပြာသွားပါတယ်။

Nyi Nyi said...
This comment has been removed by the author.
Unknown said...

ခံစားမှုတွေကို စကားလုံးနဲ့ ပုံဖော်ထားတာ အရမ်းကို ထိမိတယ်ဗျာ....

မမသီရိရေ...
မဆိုင်းမတွ မျက်ပြေပါစေဗျာ...

Nge Naing said...

မမသီရိရေ သိပ်ကောင်းတယ် ငြိမ်းချမ်းရေးကို ဦးတည်နေပြီပေါ့နော့်။ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပါစေ။
ခင်မင်လျက်
ငယ်နိုင်

kiki said...

အား ပါး ပါး .....
ဖတ်ရင်း နဲ့ လူတောင် အရည်ပျော်သွားတယ် မမသီရိ ရေ ..
အပြာရောင်ကြိုက်တဲ့သူချင်း လာတွေ့ နေပါပြီ ...

ကျိန်စာတွေ ပြေသွားတာ အကောင်းဆုံးပါပဲနော်...
ပန်းချီကားလေး နဲ့ အတူ ချမ်းမြေ့ နိုင်ကြပါစေ ..

လင်းဒီပ said...

ချစ်သူ မျက်ပြေပါစေတော့ပေါ့ အစ်မ..:P

လင်းဒီပ said...
This comment has been removed by the author.
ဆောင်းယွန်းလ said...

သူ့အပေါ်ပြုထားတဲ့ ကျမရဲ့ ကျိန်စာ တွေ..
မဆိုင်း ယခု.. ပြေပါစေ……
ကျိန်စာတွေ ပြန်ပြယ်ခိုင်းပြန်ပြီလား မသီရိရေ..
မျက်စိတောင်လည်လာပြီဗျာ...

စည်သူ said...

တားတားကတော့ ဘာမှတိဘူး..

ကဗျာက ကောင်းတယ်မမမမမမမမသီရိရေ..
ကိုတွေများ ရေးတတ်ချင်လိုက်တာ..

ရှက်သွေး နီနီ စွက်

သူ့ကျောလေး ကို သိုင်းဖက် ခိုက်..

သူ့ နှလုံးသား အသံ ကြားလိုက်..

ကျမ ကိုယ်တိုင်က သူ့ ပန်းချီကား..

ဟီးဟီး.. စက်ဘီးစီးနေကြတာထင်တယ်..းP

ပျော်ရွှင်ခြင်းနှင့်
စည်သူ။

Anonymous said...

မမရယ် ...... အဲလိုလေးပဲ ဆုတောင်းပေးလိုက်ပါ။

Sonata Cantata said...

မမသီရိရေ..မန့်တောင်မန့်ရဲတော့ဘူး...မန့်လိုက်ရင် ရေးတတ်(ချွဲတတ်)လွန်းတဲ့ မမသီရိကို မနာလိုတာတွေ ပေါ်ကုန်မစိုးလို့း)