Thursday, September 24, 2009

ဝါကျွတ် အိပ်မက်


မိုးယွန်းတော့မည်

သော့သော့ကလေး မြောက်လေအေးလည်း

လွင်ဆော့ သာသာ နော့ပြီ ကို….


လန်းလွန်းလှသည်

ထုံထုံ ကြည်အေး ကြာပန်းလေးလည်း

ကန်လုံးဖွေးဖွေး ပွင့်ပြီ ကို….


လင်းလက် တွဲသီ

ဆောင်းဦး ကြိုငေး နှင်းစက်အေး လည်း

မြက်ဖျား တွဲ ချိတ် စွဲ ပြီ ကို..


ဖူးစာ ဖက်ညီ

စိတ်မှန်းရည်ခဲ့ မောင် မယ် ဖွဲ့လည်း

ဝါကျွတ် အိပ်မက် .. လည်ချင်း ယှက်ဖို့

လက်ချိုး တွက် ရည် .. ရင်တွေ ဖို……။


မမသီရိ

၂၃.၉.၂၀၀၉


ဝါလ ကင်းလွတ် သီတင်းကျွတ်မဲ့ ရက် က နီးသထက် နီးလာခဲ့ပြီ

ဝါကျွတ်ရက်ကို မျှော်တွက်နေကြတဲ့ ချစ်သူလက်ရှိ အပျိုကြီး လူပျိုကြီး ချစ်သူစုံတွဲများ

အပျိုလေး လူပျိုလေး ချစ်သူ စုံ တွဲများ

စိတ်ကူးနဲ့ သာ ရူးနေကြရ တဲ့.. လူလွတ်များ…

အားလုံး အတွက် ရည် ရွယ် ထားတဲ့. ၀ါကျွတ်လက်ဆောင် ကဗျာလေး ပါ….

အဆင်ပြေ ပျော်ရွှင် နိုင်ကြပါစေ…။


ဝါကျွတ် အိပ်မက်

မိုးယွန်းတော့မည်
သော့သော့ကလေး မြောက်လေအေးလည်း
ထွေးဆော့သာသာ နော့ပြီ ကို….

လန်းလွန်းလှသည်
ထုံထုံကြည်အေး ကြာပန်းလေးလည်း
ဖွေးဖွေးကန်လုံး ပွင့်ပြီ ကို….

လင်းလက်တွဲသီ
ဆောင်းရည်ကြိုငေး နှင်းစက်အေးလည်း
မြက်ဖျားတွဲချိတ် စွဲ ပြီ ကို..

ဖူးစာ ဖက်ညီ
စိတ်မှန်းရည်ခဲ့ မောင်မယ်ဖွဲ့လည်း
မက်ဆဲ အိပ်မက်
လက်ချိုးတွက်ရည် .. ရင်တွေ ဖို……။

မမသီရိ

ကဗျာဆိုတာ ဆိုလို့ကောင်းရင် ပြီးရော လို့ သဘောထားပြီး

စည်းလွတ် ၀ါးလွတ် ရေးတတ်သူ ကျမရဲ့ ကဗျာလေး ကို

ကဗျာဆရာ မောင်ငယ် လင်းဒီပ . ပြန်ပြင်ရေးထားတာပါ

သူ ပြန်ပြင်ရေးတော့ ပို ..ဆိုလို့ ကောင်းသွား သလိုပဲ နော့..

ကျေးဇူးပါ မောင်လေး ရေ... နောက်လဲ .. မတော်တရော်တွေ တွေ့ ရင်

ပြင်ရေး အုံး နော်..း)...


အားလုံးကို ချစ်ခင်လေးစားတဲ့

မမသီရိ

11 comments:

Unknown said...

ဝါကျွတ်ခါနီးမှ ပြည့်စုံတို့ ကံကောင်းလိုက်ပုံများ...

နောက်ထပ်ဆုံနိုင်ခွင့်တော့ ရှိအုံးတော့မလားပဲ...

ကံကိုလည်း အပြစ်မဖွဲ့ချင်ပါဘူး...

ကံဆိုတာ အလုပ်ပဲနော်...

ညာသူတိုင်းချစ်... ချစ်သူတိုင်းညားကြပါစေဗျာ...

မပြည့်စုံသေးတဲ့
ပြည့်စုံ (ဝေါသားလေး)

kiki said...

ဪ ......ဟူးးးးး
သီတင်းတခါ ကျွတ်ပြန်ပြီပေါ့နော် ......
အပျိုကြီး လူပျိုကြီး ..အပျိုသိုးကြီး လူပျိုသိုးကြီး တွေအတွက် ဘာမှ သိပ်မထူးခြားတော့ပါလား ..

အပျိုလေး လူပျိုလေး တွေသာ ကြိုးစား နိုးကြား ကြပါလေတော့ ကွယ် ...

မမသီရိ ရဲ့  ဝါကျွတ်လက်ဆောင်လေး အတွက်တော့ ကျေးဇူးတင်စရာ ကောင်းလှပါ၏ ...
(ဟိ ..မချင့် မရဲ မချိပြုံးလေး နဲ့ သာ ပြုံးရပါတော့မည် ) ..
ရှာပေးးး ရှာပေးး ရှာပေးးးးး
မာမီရယ် ရှာပေးကွယ် လို့တောင် သီချင်းမဆို နိုင်လောက်အောင်ပါဘဲ ... ဟင့် ..

ကိုရင်နော်ခင်လေးငယ် said...

မကြီးရေ ကဗျာလေးက ချစ်စရာ ကောင်းလိုက်တာ..

ချစ်ခင်စွာဖြင့်..

Yu Ya said...

မမသီရိရေ... ၀ါကျွတ်ကဗျာလေး ခံစားသွားပါတယ်ခင်ဗျာ။

yu ya

JulyDream said...

အဟွတ် အဟွတ်... မျောက်မမကြီး

အဲဒါ လက်ဖွဲ့လားဟင်... ဒါလေးနဲ့တော့ ရမယ် မထင်နဲ့နော်။ အဟက်...

စည်သူ said...

မမမမမမမမမမမမမမမမမမမမမသီရီရေ..
လွမ်းသွားတယ်ဗျာ...

ဒါပေမယ့်..
အဲဒီအလွမ်းတွေကလေ..
မြစ်ရေပမာ
တသွင်သွင်
စီးဆင်းသွားခဲ့ပြီဗျာ..

လွမ်းစရာတွေ
ဆွေးစရာတွေကလည်း
ရေခဲတုံးကြီးပမာ
အရည်လည်း
ပျော်ကျကုန်ပါပြီး

လွမ်စရာတွေကလေ
ထွန်းညှိလိုက်တဲ့
ဖယောင်းတိုင်ငယ်ပမာ
လောင်စာကုန်လို့
မီးညိမ်းသွားခဲ့ပြီဗျာ..

ခင်မင်စွာဖြင့်
စည်သူ။

Anonymous said...

သီးတင်းကျွတ်ချိန်ဆို သူ့ကိုလွမ်းတယ်.. ခုတော့လည်း အတိတ်က အတိတ်ပါပဲလေ.. သူများတွေ ၀ါကျွတ်မှာ ပျော်နိုင်ပြုံးနိုင် လက်ထပ်နိုင်ကြပါစေ...

သုခုမလေဒီ said...

ဝါကျွတ်အိမ်မက်ဆိုတဲ့အတိုင်း အိမ်မက်တွေပဲမက်နေရ တော့မယ်ထင်တယ် မမသီရိရယ်...။
ဝါကျွတ်တိုင်း ငယ်ငယ်ကပျော်ခဲ့တာလေးတွေကိုတော့ အမှတ်ရသား ။
ကဗျာလေးခံစားသွားတယ်။

လင်းဒီပ said...

အမှတ်တရပေါ့နော် အစ်မ
အစ်မရဲ့ ဝါကျွတ်ကဗျာလေးမှာ ကျွန်တော်လည်း ဝင်ရေးခွင့်ရတာ...။

လင်းဒီပ said...
This comment has been removed by the author.
လင်းဒီပ said...

အစ်မ ကျွန်တော် ဒီကဗျာလေး ဘလောဂ့်မှာ တင်ချင်လို့ ယူသွားတယ်နော် ။ :)