Tuesday, September 22, 2009

သင်ဘယ်လို ငယ်ရွယ်ခဲ့သလဲ

အကယ်၍ ကလေးတယောက်သည် ဝေဖန်ကဲ့ရဲ့မှုများနှင့် ရင်ဆိုင်ကြုံတွေ့ပြီး ကြီးပြင်းခဲ့ရပါက
သူတပါးအား အပြစ်တင် ဝေဖန် ပုံချတတ်လာမည်။

အကယ်၍ ကလေးတယောက်သည် ရန်လိုခြင်းများနှင့် ကြုံတွေ့ ကြီးပြင်းခဲ့ရပါက
အခြားသူများ နှင့် ခိုက်ရန်ဒေါသ ဖြစ်တတ်လာမည်။

အကယ်၍ ကလေးတယောက်သည် ပြောင်လှောင်သရော်မှုခံခဲ့ရပြီး ကြီးပြင်းခဲ့ရပါက
ရှက်တတ်သူ ဖြစ်လာမည်။

အကယ်၍ ကလေးတယောက်သည် အားပေးမှုများ နှင့် ကြုံတွေ့ ကြီး ပြင်းခဲ့ရပါက
ယုံကြည်မှု အပြည့်အ၀ ရှိသူ ဖြစ်လာမည်။

အကယ်၍ ကလေးတယောက်သည် အရှက်ရစရာ ကိစ္စများနှင့် ကြုံတွေ့ ကြီးပြင်းခဲ့ရပါက
မိမိ ကိုယ် ကို အပြစ်ရှိသူအဖြစ် ထင်မြင်လာမည်။

အကယ်၍ ကလေးတယောက်သည် သီးခံ မှုများ နှင့်အတူ ကြီးပြင်းခဲ့ရပါက
သည်းခံ စိတ်ရှည်သူ တဦး ဖြစ်လာမည်။

အကယ်၍ ကလေးတယောက်သည် ချီးမွမ်း ခံရမှုများနှင့် ကြုံတွေ့ကြီးပြင်းခဲ့ရပါက
အခြားသူများအား တန်ဖိုးထား ဆက်ဆံသူ ဖြစ်လာမည်။

အကယ်၍ ကလေးတယောက်သည် တရားမျှတ သော ပတ်ဝန်းကျင်တွင် ကြီးပြင်းခဲ့ရပါက
တရားမျှတ စွာ စဉ်းစားတွေးခေါ် ပြုလုပ်တတ်သူ ဖြစ်လာမည်။

အကယ်၍ ကလေးတယောက်သည် လုံခြုံမှုရှိစွာနှင့် ကြီး ပြင်းခဲ့ရပါက
ယုံကြည်မှု ရှိသူ တဦး ဖြစ်လာမည်။

အကယ်၍ ကလေးတယောက်သည် မိမိကို ထောက်ခံ အားပေးမှု များ နှင့်သာ ကြုံတွေ့ခဲ့ရပါက
မိမိကိုယ်ကို နှစ်ခြိုက်သော၊ အကောင်းမြင်သော သူ ဖြစ်လာမည်။

အကယ်၍ ကလေးတယောက်သည် ချစ်ခင်ရင်းနှီးစွာ နှင့် လိုလားစွာ ဆက်ဆံမှုများ ရရှပြီး ကြီးပြင်းခဲ့ပါက
ဤကမ္ဘာလောက တွင် မေတ္တာကို ရှာဖွေ တွေ့ ရှိမည်။


(ကလေးများသည်.. တွေ့ ကြုံ ခံစား မှုများမှ သင်ယူ လာကြသည်။)

ကလေးသူငယ်ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တခု မှာ လေ့လာ ခဲ့ရပြီး ကျမတို့ ရဲ့ Project တချို့မှာ ထည့်သုံးနေတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ ကျမတို့ ရဲ့ မိသားစု ၀င်ကလေးတွေ၊ ကျမတို့ ထိတွေ့ဆက်ဆံနေရတဲ့ ကလေး တွေ ကို ဘယ်လိုကြီးပြင်းလာစေချင်သလဲဆိုတာ ပုံဖော်ပြီး သူတို့ ငယ်ရွယ်စဉ် ဘ၀မှာ ကျမတို့ ပြုစု ပျိုးထောင်ပေးသင့်ပါတယ်။ ပြီးတော့ ကျမတို့ တွေ ဘယ်လိုငယ်ရွယ်ခဲ့ သလဲ လို့ အချိန်ယူ စဉ်းစားပြီး ကျမတို့ မကြိုက်ခဲ့တာ မျိုးတွေ ကို သူတပါးအပေါ် အထူး သဖြင့် ကလေးတွေအပေါ် မပြုမိစေဖို့လဲ သတိထားကြရမှာပါ။ ကလေး တွေ ဆိုတာ အနာဂတ်ရဲ့ ရတနာတွေ မဟုတ်ပါလား..။

ဒီ အချက်အလက်လေးတွေ ခု ပြန်ဖတ်မိတော့ အတွေး ၂ မျိုး ၀င်လာမိတယ်။

ဟို လူကြီးတွေ ငယ်ငယ် က ဘယ်လို ကြီး ပြင်းခဲ့ပါလိမ့်...။

အသက်ကြီးလာတော့ အချိန်တိုင်းလွမ်း .. အား အား ရှိ လွမ်း နေပြီး.. အလွမ်း ကဗျာတွေ ရေးနေတဲ့ ကဗျာ ဆရာ တွေ က ဘယ်လို ငယ် ရွယ်ခဲ့ ပါလိမ့်.. လို့....း))) .. (အဲဒီထဲ ကိုယ် လဲ ပါတယ် ရှင့်..း).... )။


အားလုံးကို ချစ်ခင်လေးစားတဲ့

မမသီရိ

14 comments:

Nge Naing said...

မမသီရိရေ
ကျွန်မကတော့ ငယ်ငယ်က အလွမ်းတွေ၊ အကြမ်းဖက်မှုတွေကြားမှာပဲ ကြီးပြင်းလာခဲ့ရပေမယ့် အခုချိန်မှာတော့ အလွမ်းတွေကို လစ်လျူရှုထားသလို ဒေါသအဖြစ်မြန်တဲ့ စိတ်ကိုလည်း ကိုယ့်ရဲ့မျိုးဆက်ကို ကူးမှာစိုးလို့ နူးညံ့သိမ်မွေ့အောင် ထိန်းချုပ်နေပါပြီ။

Anonymous said...

နောက်ဆုံးပိတ်အိတ်နဲ့လွယ်ပဲ ဆော်ထည့်လိုက်တာ.. ခွိ..
တားတားတို့ကတော့ ခလေးပဲချိုဒေါ့ အလွမ်းကဗျာချယာဒွေဒဲ.. ပါဝူးး.. ငွှါးငွှါး... :P

kiki said...

ဟုတ်ပ မမသီရိရေ ..
ကလေးဘဝမှာ နေခဲ့ ရတဲ့ ပတ်ဝန်းကျင်ပုံရိပ်တွေ က
သူ့ စိတ်၊ အတွေးနဲ့ ၊အကျင့်တွေကို အရောင်ဆိုးပေးလိုက်တာ ပဲနော် ။

ဟို လူဂျီးတွေ ငယ်စဉ်ဘဝ က ဝေဖန်ကဲ့ ရဲ့ ခြင်း ၊ ရန်လိုခြင်းတွေ အပြည့်ရှိတဲ့ သူတွေကြားမှာ နေခဲ့ ရတာလား ။ လှောင်ပြောင်သရော်မှု မခံခဲ့ ရတာလား ။
ပြီးတော့ သူ့ အောက်က ရှစ်မျိုး လုံး မရှိကြတဲ့ ပတ်ဝန်းကျင်ကြောင့်လား ။။

တွေးရခက်ကြီးပါ မမသီရိရေ ..
ပို့ စ်လေး .. ကြိုက်ပါ၏ ။
ဆက်တွေးစရာတွေ ရှိသေးရင် မျှပါအုံး ..
ဒါမျိုး ဆို သိပ်ကြိုက် ဆိုတော့ ကိုယ့်ကိုယ်ကိုလည်း ဘယ်အဆင့်ထဲ ထဲ့ ရမလည်း လို့  ...

မိုးစက်ပွင့်လေး said...

ညလေးလဲ ငယ်ငယ်က မလွမ်းတတ်ပါဘူး မမရယ်.. အထုမှ အလွမ်းတွေ တတ်နေတယ်..အဟိ...

Nyi Nyi said...

ဟုတ်ပ...ဗျာ.. နောက်ဆုံးကျတော့မှလုပ်ချလိုက်တာ...

Yu Ya said...

မမသီရိရေ.. ကျွန်တော်ကတော့ သီးခံမှုများနှင့် ကြီးပြင်းခဲ့ရသူတွေထဲ ပါမယ်ထင်တယ်ဗျ.. အခုထက်ထိတော့ စိတ်ရှည်သည်းခံတတ်သူထဲမှာ ပါနေသေးတယ်..

yu ya

မီယာ said...

မမရေ NO လို့ မပြောရဲတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရလို့ ခုဆို တော်တော် ဒုက္ခရောက်ရတယ်။ စဉ်းစားစရာ တခုပဲ

စည်သူ said...

မှတ်သာားစရာလေးတွေပါ မမသီရိရေ..

ကျွန်တော်ဆိုလည်း.. ငယ်ငယ်ကတည်းက သီးခံလာရတာဆိုတော့ သည်းခံတတ်တဲ့ထဲ ပါမယ် ထင်တာပဲ..

.................

ကလေးတွေဆိုတာ အနာဂါတ်ရဲ့ ရတနာတွေ မဟုတ်ပါလား..

ဟုတ်ပါတယ် ဆရာမ..

ဆရာမရေ.. သားသားတို့က ကြီးလာရင် ဘယ်လိုရတနာတွေ ဖြစ်မှာလဲဟင် ဆရာမ..

အော်.. သားသားကလည်း ရတနာဆိုတာက သားသားလေးတို့ ဆရာမတို့ ဝတ်ထားတဲ့ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား စတဲ့ ရတနာတွေကို ပြောတာမဟုတ်ဘူး သားရဲ့..

ဟော်.. သားသားတို့က စာကြိုးစားရင် ကြိုးစားသလို ဆရာဝန်ကြီးတွေ.. အင်ဂျင်နီယာကြီးတွေ ဖြစ်လာလို့ရှိရင် နိုင်ငံခြားထွက် အလုပ်လုပ်လို့ ရတာပေါ့.. အဲ.. ဆရာမမှားလို့
နိုင်ငံအတွက်.. ပြည်သူတွေအတွက်.. အကျိုးရှိမှာမို့လို့ သားသားတို့.. သမီးတို့တတွေကို
တန်ဘိုးရှိတဲ့ ရတနာနဲ့ ခိုင်းနှိုင်းထားတယ်လေ..

အဲဒါကြောင့် သားကောင်းရတနာ သမီးကောင်းရတနာလို့ ပြောတာ သားရဲ့

ဟုတ်ကဲ့ပါဆရာမ...

မမသီရိဆီ ရောက်လာရင် ပြောရင်းပြောရင်းနဲ့ အဲလိုဖောက်လာတာ..

ဆောင်းယွန်းလ said...

ဟိုလူကြီးတွေဘယ်လိုကြီးပြင်းလာခဲ့ကြတယ်ဆိုတာ
ကျနော်လည်းခုထိတွေးမရသေးဘူး မသီရိရေ...
ရေးချက်ကတော့ပိုင်တယ်ဗျာ..ကွက်တိကိုထိတာပဲ
ကျနော်တို့ကတော့ ယဉ်ယဉ်လေးရူးနေကြတဲ့ အလွမ်းရူးတွေပေါ့ဗျာ...
ဒါကြောင့် ကဗျာတပုဒ်တောင် စောစောကပဲရေးထားသေးတယ်...အားရင်လာဖတ်ကြည့်ပါဦး

မိုးခါး said...

မမသီရိရေ
ညီမလည်းသိချင်တယ်
ဟိုလူဂျီးတွေ ဘယ်လိုများငယ်ရွယ်ခဲ့ပါလိမ့်လို့
ဟိုကောင်လေးတွေ ဘယ်လိုငယ်ရွယ်တုန်းလည်းလည်း သိနိုင်တယ်နော် .. :P

သိင်္ဂါကျော် said...

ကလေးတွေကို မှန်မှန် ပြုစု ပျိုးထောင်နိုင်ဖို့ ဟာ သိပ်ကို အရေးကြီးပါတယ်....

လင်းဒီပ said...

ကျွန်တော်လည်း ကိုယ့်ကိုယ်ကို ပြန်မေးမိတယ် ဘယ်လိုငယ်ရွယ်ခဲ့ပါလိမ့်..။
အင်း အစ်မ နောက်ဆုံးအဆုံးသတ်လေးမှာ မေးထားသလိုပါပဲ..ကြေကွဲလွမ်းဆွတ်ဖွယ်တွေနဲ့ပဲ ကြီးပြင်းခဲ့ရတယ် ထင်ပါရဲ့..။

kiki said...

မမသီရိ: ဗေဒင်ဟောတ မှားတယ် ဆို ပြန်လာအော် လို့ ရတယ် နော် .. :)
23 Sep 09, 20:19
မမသီရိ: ကိ က. ဘယ်လို ကြီးပြင်းခဲ့မလဲ လို့ မှန်းကြည့်တော့.. လောက ကြီးကို အကောင်းမြင်တဲ့ ပတ်ဝန်းကျင်၊ အရာရာ ကို ဟာသဥာဏ် ရွှင်စွာနဲ့ သုံးသပ်တဲ့ပတ်ဝန်းကျင်၊ အမှန်တရားချစ်မြတ်နီုးတဲ့ ပတ်ဝန်းကျင်မှာ ငယ်ရွယ်ဖူးသူလေး

.....................................
ဒီဗေဒင်လေး မှန်တယ် (ကိုယ့်ဟာကိုယ် ထင်ထားတာ..) ..
အမှတ်တရလေး ပြန်လာ ထဲ့ပေးထားပါတယ် မမသီရိရေ ..
ခုလို အချိန်ကုန်ခံပြီး ဗေဒင်တွက်ပေးလို့  ကျေးဇူးကုဋေ ..
အဟက် ..ပိုက်ဆံ မကုန်ပဲ တင်လို့ ရတဲ့  ကျေးဇူးမို့  အများကြီး အားကြီး ဘုံးဘောလအော ကျေးဇူးတွေ တင်လိုက်ပါတယ် ..း)) ။
နောင် ..အလွမ်း ကဗျာတွေ ရေးချင်လာရင် ထပ်လာမေး မယ် နော် .. ( လိုရ မယ်ရ ဖါး ထားလိုက်တာ ..ဟိဟိ)

sonata-cantata said...

မမသီရိရေ ဒီအချက်လေးတွေ သတိထားရမယ်။ (အခုတော့ သားနှစ်ယောက်ကို ထိန်းကျောင်းနေရလို့၊ နောက်ဆို မူကြိုကျောင်းဖွင့်ချင်လို့...ကျေးဇူး)