Thursday, September 10, 2009

ချစ်သူ့ကျိန်စာ

မင်းကိုချစ်ခဲ့တာ အမှန်တရား

ငါ ဘယ်တော့မှ စွန့်မသွားဘူး ချစ်သူရေ့…


မင်းကြောင့်ကျတဲ့ မျက်ရည်

ဆည်ပေါင်တာရိုး ကျိုးပလေ့စေ

ငါ သုတ်ဖို့ မကြိုးစား ဒီတိုင်းပဲ ထား ထား မယ်..


မင်းကြောင့်ရတဲ့ ဒဏ်ရာ

နှလုံးသွေးစက်တွေ ဖြာပစေ ပေါ့

ငါလျှာနဲ့ မလျှက် ထွက်မြဲတိုင်း ထွက်ပါစေ ငါ ဒီအတိုင်း ကြည့်နေမယ်

မင်း ပြေးချင်သလောက်ပြေး

ဝေးဝေး တော့ မရောက်နိုင်

မင့်အရိပ် တိုင်ကွယ်နောက် ငါ ရောက်နေမှာ အသေအချာ..



ငါ့ မျက်လုံး စိမ်းစိမ်း

မင့် အိပ်မက်တွေ ဆီက ဘယ်တော့မှ တိမ်းမထွက်စေရ

ငါ့ နာကျည်းမှု သီချင်းတွေ မင်း အနားမှာ အမြဲ ဝေနေစေ လို့

ငါ့ ၀မ်းနည်းခြင်း အငွေ့အသက်

မင့်ကို ထာဝရ ထွေးဖက်ထားစေ့မယ်

ငါ့တမ်းတ ခြင်း ကဗျာတွေနဲ့ မင်း ထာဝရ ကြေကွဲနေစေရမယ်

ငါ့ ရင်ထဲက အလွမ်းတွေအတွက် မင့် နောက်ဆုံး ထွက်သက်ထိ ပေးဆပ်ရမယ်..





ဘာမှ မတောင်းဆိုပါဘူး အကြိမ်ကြိမ် ငါ ပြောရက်နဲ့

တချက်ပြန်ပြုံး ပြဖို့ မင်း တွန့်တိုခဲ့

ငါ့ ပေးဆပ်ခြင်းများ မင်းတန်ဖိုး မထားတတ်ခဲ့

ငါ့ ချစ်ခြင်းတရား.. မင်း တန်ဖိုး မထားတတ်ခဲ့

ငါ့ ဂရုစိုက်ခြင်း များ မင်း ပေါ့တန်စွာ ခံယူခဲ့

ငါ့ သတိရခြင်းများ မင်း ဥပေက္ခာ ပြုထားခဲ့

ငါ့ လွမ်းဆွတ်ခြင်းများ မင်း မသိယောင်ပြုထားခဲ့

အားလုံး အတွက်.. အားလုံး အတွက်..

မင်း.. တဘ၀စာ ပြန်ပေးဆပ်ရတော့မယ်


အနေဝေးနေတာပဲလို့ ကြိတ်ပြီး ဖြေတွေး မတွေးနေနဲ့

ခုပဲ နောက် လှည့်ကြည့်လိုက်

ရောက်နေပြီ မင်း အနား မှာ… အဲဒါ ငါ့ ၀ိဥာဉ် လေ…


ငါ့ ရဲ့ လှောင်ပြုံး

ငါ့ ရဲ့ မျက်ရည်ကြားက ရီမော သံ သဲ့သဲ့

ငါ့ ရဲ့ ပူဆွေးခြင်း အသက်ရှူသံ တိုးတိုး

ငါ့ရဲ့ ပြန်အဖတ်ဆည်မရတော့တဲ့ နှလုံးသား

မင့် ကို အမြဲခြောက်လှန့်စေ တော့မယ်

မင်း.. တမြည့်မြည့် .. ခံစားစေရမယ်…

မင်း.. ဘယ်တော့မှ ….

အဲဒီ ခြောက်လှန့်ခြင်း အိပ်မက်က ရုန်းမထွက်နိုင်စေရ..


မင်းကို ချစ်တဲ့ ငါ့အချစ်က အမှန်တရား

အဲဒါ ငါ့ ရဲ့ သစ္စာ စကား


အဲဒီချစ်ခြင်း တရားကြောင့် ပဲ

မင်း…. ………. ငါ့ ကျိန်စာ မိပါပေါ့ ချစ်သူ ….။


မမသီရိ

၁၀.၉.၂၀၀၉

12 comments:

kiki said...

အချစ်ကြီးလို့  အမျက်ကြီးတာလား မမသီရိရေ ..

ကြောက်လှပါတယ် ဒီလို ကျိန်စာတွေတော့

ဘဝဆက်တိုင်း ဒီကျိန်စာမျိုး ကျိန်သူရော သင့်သူရော မဖြစ်ပါရစေနဲ့  ..

စိတ်တွေလျှော့ ဦးနော် မမရေ ..

အငိုမျက်လုံး အပြုံးမျက်နှာ မျိုးလည်း မကြည့်ရက်ပါဘူး မမရေ ..

အဆင်ပြေ ပျော်ရွှင်ပါစေ....လို့ 

Yu Ya said...

မမသီရိရေ... ကျိန်စာသင့်တဲ့ ချစ်သူကို တချိန်ချိန်မှာ ကျိန်စာပြယ်စေမယ့် ဂါထာလေးတော့ လက်ဆောင်ပေးသင့်ပါတယ်နော်။

yu ya

လင်းဒီပ said...

ချစ်သူ့ကျိန်စာက စာလုံးတိုင်း စာလုံးတိုင်းကို မျက်လုံးတွေက ပြန်ကြည့်နေတော့ ဖတ်ရင်း ဖတ်ရင်း လန့်လန့်လာတယ်...
ကြောက်နေရပြီ မျက်လုံးတွေ ဆိုသလို ဖြစ်နေပြီ...တင်ပြပုံ ဆန်းတယ်..။

ကောင်းကင်ပြာ said...

မမ အဲ့ကျိန်စာတွေ ပြန်ဖျက်လိုက်ပါ မမရယ်၊ မမ မျက်လုံးလေးတွေ ငိုနေတာ ကြည့်ပြီး ရောငိုချင်လာတယ်၊ ဖျက်နော် မမနော်း)

ခြေလှမ်းသစ် said...

အမရေ အချစ်ကြီးလို့ အမြက်ကြီးတာလား ကဗျာလေးက အဆိပ်အရမ်းပြင်းတယ်ဗျ .. ကိုယုယပြောထားသလို ကျိန်စာပြေမယ့် တခုခုတော့ ထားပေးပါအုံးဗျာ ..

ကိုအောင် said...

ချစ်သူ့ ကျိန်စာတွေကို ဖတ်သွားပါတယ် မမသီရိ။

မိုးစက်ပွင့်လေး said...

မမရေ...ချစ်သူ့ကျိန်စာတွေက ပျင်းလိုက်တာ..
ဖတ်လို့ ကောင်းတယ်..

စည်သူ said...

တားတားက အရဲ ကြောက်တယ်ချိုမှ ဘဲဟာကိုဟာဘဲဟာကိုမှဘဲဟာ..ဟီး..ဟီး

မမမမမမမမမမမမမမမသီရိရေ..
အဲလောက်တောင်ပဲလားဗျာ...

အဟင့်.. အဟင့်... နိုနဲ့နော်..

Nge Naing said...

ကဗျာလေးကို လာခံစားသွားပါတယ်။ ဒါပေမယ့် တကယ်ချစ်တဲ့သူကို ကျိမ်စာမတိုက်သင့်ဘူးလို့ ထင်တယ်။ ကျိန်စာနေရာမှာ မေတ္တာပဲထားလိုက်ရင် အပူအေးသွားမှာပါ။

သီဟသစ် said...

အားပါး
မျက်ရည်တွေ လိမ်းကြံထားတဲ့ ကျိန်စာကို လာဖတ်သွားပါတယ် မမသီရီရေ

ဆောင်းယွန်းလ said...

အဲဒီချစ်ခြင်း တရားကြောင့် ပဲ
မင်း…. ………. ငါ့ ကျိန်စာ မိပါပေါ့ ချစ်သူ
ချစ်ခြင်းမျက်ရည်တွေနဲ့ပြည့်နေတဲ့ကျိန်စာက ဘဘကြီးတွေအတွက်လားမသီရိရေ..သိနေတယ်နော်

ငြိမ်းဝေ said...

่Gunter Grass ရဲ့ကဗျာတွေကို ကျနော်လည်းများများစားစားတော့မဖတ်ဖူးပါဘူး။သူ့ က
ဗျာတချို့ တော့ Google မှာဝင်ကြည့်ရင်ရမလားပဲ။သူ့ 
ကဗျာစာအုပ်တအုပ်ပဲကျနော့်မှာရှိပါတယ်။ကျနော့်စာတွေလာ
ပြီးဖတ်တာ။အားပေးတာကျေးဇူးတင်ပါတယ်။ခင်ဗျားဆီကို
လည်းမကြာမကြာ ကျနော်ရောက်ပါတယ်။နှုတ်တော့မဆက်ခဲ့မိဘူး။ခင်ဗျားကဗျာ
တွေက အရမ်းနုပြီး ခံစားချက်ပေါ်ပါတယ်...