Tuesday, September 08, 2009

ဆရာတော် အသျှင်ဥတ္တမ

(၁)

သမိုင်း ဆိုသောအရာ သည် လူသားတို့ဖြတ်သန်းခဲ့ရာ လမ်းကြောင်းပေါ်မှ ခြေရာများ၏မှတ်တမ်းဟု ကျမ ယုံမှတ်ထားပါသည်။ လူသားတဦချင်းစီဖြတ်သန်းရာ လမ်းကြောင်းဖြစ်သလို လူမှုအဖွဲ့အစည်းတခုလုံး၏ ပြောင်းလဲခြင်း ဖြစ်စဉ်ကို မှတ်တမ်းပြုထားခြင်းလည်း ဖြစ်နေပါချေသေးသည်။ လူ့သမိုင်းဦးအစ သမိုင်းဦးကာလ၊ သမိုင်းမတင်မီ၊ သမိုင်းမှတ်တမ်းရှိပြီး ကာလ ဟူ၍ ပညာရှင်တို့က သမိုင်းကို အပိုင်း အကန့် ပိုင်းခြား ထားပြီး.. ကျမတို့ မသိမီလိုက်သော အတိတ်ကာလ ဖြစ်ရပ်များကို ပြီးခဲ့သောသမိုင်းမှတ်တမ်းများအရ ကျမ တို့ သိကြရသည်။ သမိုင်းဆိုသော အရာ သည် အကောင်း အဆိုး ဒွန်တွဲ နေတတ်သကဲ့သို့၊ ကြေကွဲဖွယ်ရာ၊ သင်ခန်းစာ ယူစရာ၊ အတုယူစရာ၊ စိတ်ဓါတ်တက်ကြွဖွယ်ရာ မှတ်သားဖွယ်ရာများနှင့် ပြည့်နှက်နေတတ်သော်လည်း ရံဖန်ရံခါ တို့၌ ခေတ်အဆက်ဆက် အုပ်စိုးသူတို့ အကြိုက် သမိုင်းကို ပြုပြင်ရေးရခြင်း၊ ထို အုပ်စိုး သူ တို့ မနှစ်သက်သည့် အစိတ်အပိုင်းများ အားမှေးမှိန်စေခြင်း၊ ထင်ယောင်ထင်မှား ဖြစ်အောင် လွှဲပြီး မှတ်တမ်းစေခြင်း စသည်ဖြင့် မတရားသော သမိုင်းများလည်း ရှိတတ်ပေသေးသည်။

သို့ပါသော်လည်း ရာဇ၀င်ဟူသည် ရှုထောင့်ပေါင်းစုံ မှ ၀ိုင်းဝန်းမှတ်တမ်းတင်တတ်ကြသော အလေ့အထကောင်း တခု ကြောင့် မတရားအုပ်စိုးသူတို့ မည်မျှပင် ဖုံးကွယ် မှေးမှိန်စေသော်လည်းပဲ တချိန်ချိန်တွင် ပြန်လည်တောက်ပ အသက်ဝင်စမြဲ ဖြစ်ကြောင်း ဤကမ္ဘာပေါ်ဝယ် သာဓက များ စွာရှိနေပါသည်။


(၂)

မဆီမဆိုင် လက်ပံသား ဓားနဲ့ချိုင်တာတော့ မဟုတ်ပါဘူး၊ ပြောချင်တာက ကျမတို့ မြန်မာနိုင်ငံ လွတ်လပ်ရေး သမိုင်းအတွက် တော်လှန်ရေး မျိုးစေ့ အသိစိတ်ဓါတ် ချပေခဲ့သူ ပုဂ္ဂိုလ် ထူး တစ်ပါး ရဲ့ အကြောင်း ပြောချင်လို့ပါ။ သမိုင်းနဲ့ ချီပြီး ပြောရတာကတော့ နှစ်တွေ ရာချီ ရှည်ကြာခဲ့ပြီမို့.. မေ့မေ့ လျော့လျော့ မှေးမှေး မှိန်မှိန် မှုန်မှုန် ၀ါးဝါး ဖြစ်ခံနေရပြီမို့.. သမိုင်း.. လို့ အစချီ ရင်း ဟိုရောက် ဒီရောက် ရောက်သွား တာ ခွင့်လွှတ်ကြ ပါ။

မြန်မာနိုင်ငံ လွတ်လပ်ရေး သမိုင်း အကြောင်းပြောကြပြီဟေ့ ဆိုရင်.. သမိုင်းဝင် ဆရာတော်ကြီး ၂ ပါး ကို ကျမတို့ ဘယ်လိုမှ မေ့ထားလို့ မရနိုင်ကြပါ ဘူး။ ဆရာတော်ဦးဥတ္တမ နဲ့ ဆရာတော်ဦးဝိစာရ၊ အာဇာနည် ဆရာတော်ကြီး ၂ ပါး ရဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်ချက်တွေ ဟာ ဖြင့် အစဉ် သဖြင့် ဂုဏ်ဝင့် လို့ နေအုံး မှာပါ။

အဲဒီဆရာတော် ၂ ပါးထဲက ဗမာ့ခေတ် ဦးဘရင် ရေးသား ပြုစု ခဲ့တဲ့ ဆရာတော်ဦးဥတ္တမ ရဲ့ အတ္တုပတ္တိကို နိုင်ငံခြားရောက် ရခိုင်မျိုးချစ်လူငယ်တစုကပြန်လည်ပြီး ကွန်ပျူတာ စာစီ ကာ ၉.၉.၂၀၀၉ နေ့မှာ ကျရောက်မဲ့ နှစ် ၇၀ ပြည့် ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ်အဖြစ် e-book စာအုပ်တအုပ် ပြုလုပ်ခဲ့ပါတယ်။

ဆရာတော်အသျှင်ဥတ္တမ ရဲ့ ဒီ အတ္တုပတ္တိ စာအုပ်ဟာ နှောင်းလူငယ်တွေ အတွက် သိမှတ်ဖွယ်ရာ အဖိုးတန်ရတနာ စာအုပ်တအုပ်ဆိုတာ ယုံမှားသံသယ ရှိဖွယ် မရှိပါဘူး။ ဒီစာအုပ်ထဲမှာ ဆရာတော်ရဲ့ နိုင်ငံရေး အသိ၊ နိုင်ငံရေး အမြင်နဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုတွေဟာ ယနေ့ထိတိုင် ခောတ်မီနေဆဲဆိုတာ တွေ့ ကြရမှာပါ။ ဒီစာအုပ် ကိုဖတ်နေရင်း၊ မြန်မာ့လွတ်လပ်ရေး ခောတ်ဦးဟာ ဆရာတော်ဦးဥတ္တမ က စခဲ့တယ် ဆိုတာ ကို လဲ ဒီစာအုပ်ထဲမှာပါတဲ့ မှတ်တမ်းမှတ်ရာ ဖော်ပြချက်တွေက ပိုမို သိလာခဲ့ရတဲ့ အပြင်. ဆရာတော်သာ မပေါ်ထွန်းခဲ့ရင် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုဟာလဲ ဒီလောက်ထိ မြန်လေပါ့မလား လို့ အတွေးတွေ ပွားစေခဲ့ရပါတယ်။

စာအုပ်တအုပ်လုံး က အနှစ်တွေချည်းပဲမို့ ကိုယ်တိုင်ဖတ်တာ ပိုပြီး ကောင်းမယ် လို့ ယူဆတဲံ့ အတွက် ဒီမှာ ထုတ်နှုတ် မဖေါ်ပြတော့ပါဘူး၊ ဆရာတော်ရဲ့ ထေရုပတ္တိ အကျဉ်းနဲ့ ဆရာတော့် လုပ်ဆောင်ချက် အကျဉ်းကို တော့ မေအိခင် (လယ်ဝေး) ရဲ့ လမင်းခင် ဘလော့မှာ သွား ဖတ်နိုင်ပါတယ်။

စာအုပ်စီစဉ်သူများရဲ့ အမှာစာ အရ . ဒီစာအုပ်က မူလစာရေးသူ၊ ထုတ်ဝေသူ များ ရဲ့ ခွင့်ပြု ချက် မရနိုင်ခဲ့ဘူးလို့ သိရပါတယ်။ ဒါပေမဲ့ လဲ ကျမ အနေနဲ့ကတော့ ကျမ ဘလော့ ကိုလာဖတ်တဲ့ ဘယ်သူမဆို တယောက် ဖြစ်စေ နှစ်ယောက်ဖြစ် ဘယ်သူ ဖတ်ဖတ် သိသင့် တဲ့ စာအုပ် တအုပ်လို့ ယူဆတဲ့ အတွက် မိတ်ဆက်ပေးလိုက်ပါတယ်။

အစတုန်းကတော့ ဒီမှာပဲ တင်ပေးမလို့ပါပဲ။ ဒါပေမဲ့ စာမျက်နှာ ၁၅၉ မျက်နှာ ဖြစ်နေလို့လား လို့လားတော့ မသိပါဘူး တင်မရ ဖြစ်နေတာနဲ့ မတင်ပေးနိုင်တော့ပါဘူး။ အကယ်လို့ စိတ်ဝင်စားသူ များရှိရင် ma.lay751@gmail.com ကို လှမ်းတောင်းလို့ ရပါတယ်။

ဒါကတော့ http://drlunswe.blogspot.com/2009/09/blog-post_09.html ဒေါက်တာလွဏ်းဆွေ ဘလော့ မှာ တင်ထားတဲ့ ဆရာတော့် နှစ် ၇၀ ပြည့် ဂုဏ်ပြု ဆောင်းပါး ပါ။


ဒီစာအုပ် ကို စီစဉ်ခဲ့ကြတဲ့ စီစဉ်သူတွေ နဲ့ စာအုပ်ဖြစ်မြောက် အောင် အဖက်ဖက် က ၀ိုင်းဝန်း ကြိုးပမ်းခဲ့ကြသူတွေ အားလုံးနဲ့၊ ဒီစာအုပ်ကို ကျမဆီ ပို့ပေးတဲ့ ထိုင်းနိုင်ငံမှာ ပညာ သင်ကြားနေတဲ့ ကျမရဲ့ သားတော်မောင် ဥပဇင်း အရှင်ဝရသာမိ ကို ကျေးဇူး မှတ်တမ်း တင်ပါတယ်။

အာလုံးကိုလေးစားချစ်ခင်သော

မမသီရိ

12 comments:

စည်သူ said...

၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁ နော်..

စည်သူ said...

ဟေ.... နောက်ဘူလေးလဲ...

စည်သူ said...

ဟား..ဟား..ဟား.. တားတားပဲ...

ဘုရား တရား သံဃာ.. ပေါ့

စည်သူ said...

ဟုတ်ပါတယ် မမမမသီရိ.. ဟုတ်ပါဘူး.. ခေါ်တာ အကျင့်က ပါနေပြီး..း)

အရမ်းကို ကောင်းတဲ့ လုပ်ဆောင်ချက်ပါ..
ကျွန်တော် မဖတ်ဖူးပါဘူး..

အနည်းအကျဉ်းတော့ သိပါတယ်..
အခုခေတ် လူငယ်တွေဆို သိမှာတောင် မဟုတ်တော့ပါဘူး..

သမိုင်းဆိုတာကလည်း ပြန်လည် မဖော်ပြနိုင်ရင် တိန်မြှုပ် သွားတတ်ပါတယ်..

အခုလိုပြန်လည် ဖော်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..

မမမမမမမမမမမသီရိ
ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
စည်သူ။

kiki said...

ခုလို မြန်မာ့လွတ်လပ်ရေးအတွက် မျိုးစေ့ချပေးခဲ့တဲ့ ဆရာတော်ကြီး နှစ်ပါး ရဲ့ အကြောင်းလေးတွေ နောင်လာနောက်သားများကို လက်ဆင့်ကမ်းပေးတဲ့ မမသီရိ ကို ကျေးဇူးတင်ပါတယ် ..

ဟုတ်ပါတယ်နော် ။ သမိုင်းဆိုတာ ဖျောက်ဖျက်မေ့လျော့ထားရမဲ့ အရာမဟုတ်ပါဘုး

ခင်မင်လျှက်
ကိကီ..

kyalkalay said...

ကျေးဇူးပါ

မမသိရိက ဘုရားအမလား ဟင်?

ဒါဆို အမေ ပဲခေါ်တော့မယ်

ခြေလှမ်းသစ် said...

အမသီရိရေ သမိုင်းထဲမှာ တန်ဖိုးရှိတဲ့ အဇာနည်တွေကို စစ်အစိုးရက ဖျောက်နေချိန်မှာ ကျနော်တို့က ဖော်ထုတ်ပေးရမှာပါ ... ဒါသမိုင်းပေးတာဝန်လို့ ယူဆမိပါတယ် ...

ကိုရင်နော်ခင်လေးငယ် said...

မကြီးရေ..
အသေအချာဖတ်မယ်..
မျှဝေပေးတာ ကျေးဇူးပါ...
ဒီလိုစာတွေက မပျောက်မပျက် လက်ဆင့်ကမ်းနေရမယ့် စာမျိုးတွေပါပဲ..

ချစ်ခင်စွာဖြင့်.

kay said...

ကောင်းတယ်..မမသီရိ..ကျေးဇူးပဲ။း)

သီဟသစ် said...

မမသီရိရေ

လေးစားကြည်ညိုစရာ
ဆရာတော် အသျှင်ဥတ္တမ အကြောင်းဖတ်ရလို့ ကျေးဇူးပါခင်ဗျာ

ခင်မင်စွာဖြင့်
သီဟသစ်

လင်းကြယ်ဖြူ said...

မှတ်သားစရာတွေမို့
မှတ်ထားလိုက်ပါတယ်ခင်ဗျာ..
ပျော်ပါစေ..

ဆောင်းယွန်းလ said...

ကျေးဇူးပါမသီရိရေ