Wednesday, September 02, 2009

ချစ်ခြင်းအားဖြင့်


ချစ်ခြင်းအားဖြင့်..
သူ့အလင်းတွေသာ
ကျမခြယ်မှုန်းခဲ့တယ်.....။

ချစ်ခြင်းအားဖြင့်..

သူ့သတင်းတွေသာ
ကျမ သယ်ဆောင်ခဲ့တယ်...။

ချစ်ခြင်းအားဖြင့်..

သူ့သီချင်းတွေသာ
ကျမ သီဆိုခဲ့တယ်...။

ချစ်ခြင်းအားဖြင့်..

သူ့နှလုံးသား ဟာ
ကျမ ကဗျာ ဖြစ်ခဲ့တယ်...။

ချစ်ခြင်းအားဖြင့်..

သူ့မိုးကောင်းကင်
ကျမ ခုံမင်ခဲ့တယ်...။

ချစ်ခြင်းအားဖြင့်..

သူ့အတွက်ကဗျာတွေ
ကျမ အပ်ကြောင်းထပ်ခဲ့တယ်..။

ချစ်ခြင်းအားဖြင့်..

သူ့ပန်းကလေးတွေ
ကျမ စီရေ ခဲ့တယ်...။

ချစ်ခြင်းအားဖြင့်..

သူ့သမိုင်းကြောင်းများသာ
ကျမ အောင်းမေ့ခဲ့တယ်..။

ချစ်ခြင်းအားဖြင့်..

ကျမ ဘ၀..
ကျမ နှလုံးသား

ကျမ အကြောင်းများ..

နှင်းအပ် ပူဇော် သူ့အဖော်ဖြစ်ခွင့်
ရခဲ့ချင်ပေမဲ့...

ချစ်ခြင်းအားဖြင့်..
ချစ်သောအကြောင်းကြောင့်

ချစ်မိသည့် အတွက်မို့

ကျမ ဘ၀ မှန်ကူကွက် ကလေးရယ်


အထီးကျန် နွမ်းလျ...
အလွမ်းနဲ့သာ ယက်ခြယ်.. ကျမ ပျော်နေပါတော့မယ်....။




မမသီရိ

11 comments:

sugar said...

Excellent!!!

kiki said...

ဪ.... အားမလျှော့ နဲ့ လေ မမသီရိ ရယ် ..

ချစ်ခြင်းအားဖြင့် ပါဆိုပြီး
ဘယ်ရောက်ကုန်ပြီလဲ အဲဒီ အားအင်တွေ က..

လွမ်းနေနဲ့ တော့ ..
အချစ် နဲ့  စစ် မှာ အားလုံးတရားတယ် ..
ကိုယ်လိုချင် နေ တာ .... ကြိုးစားမှပေါ့ နော့  ..
စစ်ကူ ရှိတယ် .. ပြော .. ဘာလုပ်ပေးရမလဲ ..
( ဟီးး ကြောက်တယ် .. စစ်တော့ တိုက်ရဲ ပါဘုး )

ခင်မင်စွာဖြင့်
ကိကီ

Anonymous said...

ပေးဆပ်ချစ်ပေါ့..

Anonymous said...

း) ကောင်းပါပေတယ်ဗျာ..

လင်းဒီပ said...

“ဘ၀မှန်ကူကွက်ကလေး”
ဆိုတာလေး မိုက်တယ်ဗျာ..။
အဲဒီအသုံးလေး ခိုးသွားပြီ..:P

kyalkalay said...

khit :D khit:D khit:D

ကိုအောင် said...

ကဗျာတွေ လာဖတ်တယ် မမသီရိရေ၊ အားပေးလျက်ပါ၊
အရောက်နောက်ကျတာတွေ အတွက် ခွင့်လွှတ်နော်။

ဆောင်းယွန်းလ said...

ချစ်ခြင်းအားဖြင့်ဆိုတဲ့ခေါင်းစဉ်ကစပြီးချစ်စရာကောင်း
နေတော့တာပါပဲမသီရိရေ...
ချစ်ခြင်းအားဖြင့်လွမ်းနေရခြင်းသည်လည်း ချစ်ခြင်းကိုခိုင်မြဲစေတဲ့ ကြိုးတချောင်းဖြစ်ပါပေသည်။

မီယာ said...

မမရေ ကဗျာခေါင်းစဉ်လေးက အစ ကြိုက်တယ်... ရွတ်လို့ ကောင်းလို့ တခေါက် ထပ်ရွတ်လိုက်သေးတယ်...

မေ့သမီး said...

မမရေ ချစ်ခြင်းအားဖြင့် လွမ်းနေတာချင်းတူတယ်သိလား။ :D

Nge Naing said...

မမသီရိရေ မအားလို့ မရောက်ဖြစ်တာ ကြာတော့ အခုရောက်ဖြစ်တဲ့အချိန်မှာ ကဗျာတွေကို အတိုးချပြီး လာဖတ်သွားပါတယ်။ အရင်က ကဗျာဖတ်လို့ မတတ်ပေမယ့် ဘလော့ဂါဖြစ်လို့ နှစ်လပြည့်ခါနီးမှာတော့ ကဗျာတွေလည်း ဖတ်လို့တတ်၊ ခံစားလို့ တတ်လာပါပြီ။

ကဗျာတွေ အားလုံးက သိပ်ကောင်းပါတယ်။ ဖတ်သူရင်ထဲအထိ ကူးစက်စေပါတယ်။ ရင်ထဲက ထွက်လာတဲ့ ကဗျာတွေဆိုရင်တော့ လူ့ဘ၀တိုတိုလေးမှာ သမုဒယ ဝေဒနာတွေကို ဒီလောက်အထိ အမှတ်တရ မသိမ်းထားသင့်ဘူးလို့ အကြံပြုချင်ပေမယ့် အနုပညာအရ စပ်ထားတဲ့ကဗျာတွေဆိုရင်တော့ တကယ်ကို အနုပညာမြှောက်ပါတယ်။ စာဖတ်သူကို တကယ်ကို ကူးစက်ခံစားစေတဲ့ ကဗျာတွေ ဖြစ်တယ်ဆိုတဲ့အကြောင်း မှတ်ချက်ပေးသွားပါရစေ။