Wednesday, May 20, 2009

ဖီဒဲလ် ကပ်စထရို၏ ကမ္ဘာကျော်လျှောက်လဲချက် အပိုင်း (၃)

ကမ္ဘာကျော်ခဲ့တဲ့ ဒီလျှောက်လဲချက်ရှည်ကြီးကို ကပ်စထရို တင်သွင်းစဉ်က သူ့ အသက် ၂၇ နှစ်သာ ရှိပါသေးတယ်။ ဒီလျှောက်လဲချက် မိန့်ခွန်းရှည်ကြီးဟာ အဲဒီခေတ်တုန်းဆီက လွတ်လပ်ရေး လှုပ်ရှားနေကြတဲ့ ကိုလိုနီ တိုင်းပြည်တွေက လူငယ်တွေ နဲ့ နိုင်ငံရေး လှုပ်ရှားသူတွေအတွက် တန်းဖိုး ကြီးလှတဲ့ ရှေ့ဆောင်လမ်းပြ အဆိုအမိန့်တွေ ဖြစ်ခဲ့ပါတယ်။ အာဏာရှင်တွေ အုပ်စိုးနေတဲ့ တိုင်းပြည်တွေက အစိုးရတွေ အတွက် ရှက်လန့်တကြား၊ ကြောက်လန့်တကြား ဖြစ်သွားစေခဲ့ တဲ့မိန့်ခွန်း ရှည်ဆိုလဲ မှားမယ် မထင်ပါဘူး။ သူ့ရဲ့ လျှောက်လဲ ချက်က ၅ နာရီကျော်ကြာ်ခဲ့တာ မို့ ကမ္ဘာပေါ် က အရှည်ကြာဆုံး လျှောက်လဲချက်တွေ ထဲက တခုအပါ အ၀င်ပါ။ ကျမအနေနဲ့ ကတော့ အဲဒီအထဲကမှ ကျမ နှစ်သက် တဲ့ အစိတ်အပိုင်းတွေကို ပဲ ကောက်နှုတ်တင်ပြသွား ပါ့မယ်။ ဒီလျှောက်လဲချက်ရှည် ကြီးကို English လို မူရင်းအတိုင်း ဖတ်ချင်ရင်တော့ ကျမတင်ပြထားခဲ့တဲ့ အပိုင်း (၂) မှာ မှတ်ချက်ဝင်ပေးသွားတဲ့ ကိုမျိုးမြင့်မောင် ရဲ့ မှတ်ချက်ထဲက အတိုင်း ဒီမှာ (http://www.marxists.org/history/cuba/archive/castro/1953/10/16.htm) သွား ဖတ်နိုင်ပါတယ်။

...............................
.................................................
...............................

ချိနဲ့ပြီးအချုပ်အနှောင်ခံနေရသည့်ကျနော်တို့၏တရားစီရင်ရေး

ဂုဏ်သရေရှိတရားသူမင်းခင်ဗျား..၊ တခါဖူးမျှမကြားဖူးသေးတဲ့ အခြေအနေတရပ်ကတော့ ပေါ်ပေါက် နေပါတယ်။ အာဏာပိုင်တွေက တရားခ့တယောက်ကို တရားရုံးရှေ့ ခေါ်ထုတ်ဖို့ ကြောက်ရွံ့ နေကြ ပါတယ်။ လက်နက်မပါတဲ့ တကိုယ်တည်းသီးခြားချုပ်နှောင်ထားခြင်းခ့နေရတဲ့၊ မဟုတ်မတရား စွပ်စွဲခြင်း ခံနေရတဲ့ အကာအကွယ်မဲ့ လူတယောက်ရဲ့ ယုံကြည်ချက်နဲ့ စိတ်ဓါတ်ကို ကြောက်လန့်တကြား ဖြစ်ပြီး တုန်လှုပ်နေတဲ့ အာဏာပိုင်အစိုးရ အဖွဲ့ရှိ ဒီအစိုးရဟာ တိုင်းပြည်ကိုသွေးနဲ့ရင်းပြီး အကြမ်းဖက် အုပ်စိုးနေတဲ့ အာဏာကို အကြမ်းဖက်ရယူထားတဲ့ အစိုးရဖြစ်ပါတယ်။ ဒီအစိုးရဟာ ကျနော့ဆီက အခွင့် အရေး မှန်သမျှကို ရုပ်သိမ်း ပိတ်ပင်ခဲ့ရုံမက၊ ကျနော့ကို တရားခံ အဖြစ်သူတို့စွဲဆိုထားတဲ့ အမှုကိုတောင်မှ တရားခွင်တင်ဘို့ ငြင်းဆန်ခဲ့တဲ့ အစိုးရဖြစ်ပါတယ်။ ဒီအချိန်ဟာ ပုဂ္ဂလိက တဦးချင်း လွတ်လပ်ခွင့်တွေကို ရုပ်သိမ်းထားတဲ့ကာလ၊ ငြိမ်ဝပ်ပိပြားရေးအမိန့် ကြီးကို အစွမ်းကုန်အသုံးပြုပြီး၊ ရေဒီယို သတင်းစာ စတဲ့ ဌာနတွေကိုလဲ ဖြတ်တောက် စစ်ဆေးချုပ်ချယ် နေတဲ့ ကာလဖြစ် နေရက်နဲ့ ဒီလိုကာလမျိုးမှာ တရားခံတယောက်ရဲ့အသံ တရားခံ တယောက်ရဲ့စကားကို အကြောက်ကြီး ကြောက်နေရလောက်အောင် ဒီအာဏာရှင်အစိုးရဟာ ဘယ်လောက်တောင်တုန်လှုပ် ချောက်ခြားဖွယ် ကောင်းတဲ့ ရာဇ၀တ်မှုကြီးမျိုးတွေကို ကျူးလွန်းပြီးပြီလဲ ဆိုတာကိုတော့ စဉ်းစားကြည့် ရင်မြင်နိုင်ကြမှာပါ။ အုပ်စိုးသူအစိုးရ ရဲ့ဆန္ဒအရ၊ တရားစီရင်သူတွေရဲ့ အားနည်းချက်အရ၊ ဥပဒေမဲ့နည်းလမ်းတွေ လျှို့ဝှက်လုပ်ကြံဖန်တီးချက် အမြောက်အများတွေရဲက အကျိုးရလဒ်ကတော .................. ခုဒီတရားခွင်မှာ ကျနော်ပြောသမျှစကား တွေ ဘယ်သူတွေကမှ မလေ့လာနိုင်အောင် မသိရှိနိုင်အောင်၊ ကျနော့အသံတွေကို ပိတ်ဆို့စီမံထားပါပြီ.....ဒီလိုဆိုရင် ကျနော်တို့ ဘာလို့ တရားလွှတ်တော်အဆောက်အဦကြီးကို ဘာကြောင့်ထားဘို့ လိုအပ်မှာလဲ။ ........လူကြီးမင်းများကို ကျနော်တခု သတိပေးရပါလိမ့်မယ်.ဒါကတော့ အစောင့်စစ်သားတွေ လှံစွပ်နဲ့ ထောက်ပြီး ၀ိုင်းရံထားတဲ့ ဒီအခန်းကျဉ်းလေးကနေ တရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်တာဟာ ပညာမဲ့ရာ ကျလွန်းပါတယ်။ လူကြီးမင်းတို့ရဲ့ ဥပဒေကျင့်ထုံးက .. တရားခွင်ဟာ ပြည်သူ့ရှေ့မှောက်မှာစစ်ရမယ်၊ အများပြည်သူ နားထောင်ခွင့်ရှိရမယ်.. လို့ပြဌာန်းထားတယ်ဆိုတာ ကျနော်သတိပေးပါရစေ။ ခုတော့ တိုင်းသူပြည်သားတွေ အမှုစစ်ဆေးတဲ့ ဒီတရားခွင်နေရာကို မလာရောက်နိုင်အောင် တားမြစ်ခြင်းခံနေရပါတယ်။ ဒီကိုဝင်ရောက်ခွင့်ပြုတဲ့ ပြည်သူရယ်ဆိုလို့ အစိုးရရှေ့နေ ၂ ယောက်ရယ်၊ ကျနော့ပြောဆိုချက်မှန်သမျှ မရိုက်နှိပ်ဖို့ တားဆီးပြီး ဖြတ်တောက် ပိတ်ပင်ခြင်းခံထားရတဲ့ သတင်းစာတွေက သတင်းထောက် ၆ ယောက်ရယ် သာပဲ ဖြစ်ပါတယ်။ ကျနော့ရဲ့ တရားနာ ပရိတ်သတ်ဆိုလို့ ဒီအခန်းနဲ့ စင်္ကြ တလျှောက်မှာ ရှိနေတဲ့ စစ်သား စစ်ဗိုလ် ၁၀၀ လောက်သာ ရှိတယ်ဆိုတာ ကျနော်တွေ့ရပါတယ်။ သူတို့ရဲ့ လေးလေး နက်နက် နားထောင်မှုနဲ့ ယဉ်ကျေး သိမ်မွေ့မှုကို ကျနော် ကျေးဇူး ဥပကာရ တင်ရှိပါတယ်။ ကျနော့ ဆန္ဒအရ ပြောရရင် ဒီနေရာမှာ၊ ကျနော့ ရှေ့မှာ စစ်တပ်ကြီး တခုလုံးကို ရှိစေချင်ပါတယ်။ တနေ့ကျရင် အာဏာငန်းဖမ်းပြီး အကြင်နာမဲ့တဲ့ လူတစုရဲ့ လက်ချက်ကြောင့်၊ သူတို့ရဲ့စစ်ဝတ်စုံတွေပေါ်မှာ ပေကျံနေ တဲ့ ရှက်ကြောက်ဖွယ်ရာ သွေးစက် သွေးကွက်တွေကို ဒီစစ်တပ်ကြီးက ဒေါသအမျက်ချောင်းချောင်း ထွက်ပြီး ဆေးကြော သုတ်သင်ပစ်လိုက်ကြပါ လိမ့်မယ်။ ဒီမြင့်မြတ်တဲ့ စစ်သားတွေရဲ့ ပုခုံးပေါ်မှာ မတရား ဇက်ခွစီးကြတဲ့လူတွေဟာဖြင့် အဲဒီနေ့မှာ ကျဆုံးရမှာ ပါပဲ။ ပြည်သူတွေက ဒီမြင့်မြတ်တဲ့စစ်သားတွေပေါ် ခွစီးထားသူတွေကို ဆောလျင်စွာကပင် ဆွဲချသင့်ပါ တယ်။
(စာမျက်နှာ ၃၀၊ ၃၁၊ ၃၂၊ ၃၃)


ဘယ်ကျူးဘားပြည်သူတွေက သူတို့ရဲ့ဂုဏ်ရောင်ပြောင်မှုကို မထိမ်းသိမ်းပဲ နေပါ့မလဲ

................................................. ကျနောတို့ဟာ တပ်မတော်က စစ်သားရဲဘော်တွေကို ဖိနှိပ်စိုးမိုးသူတွေရဲ့ အလံကိုဖြုတ်ချပြီး၊ လွတ်လပ်ရေးတံခွန်အလ့ကို လွှင့်ထူဖို့ လက်ကမ်းရပါလိမ့်မယ်။ လူတစုရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ မဟုတ်ပဲ တမျိုးသားလုံးရဲ့ အဓိက အကျိုးစီးပွားကိုသာ ကာကွယ်ဖို့ လက်ကမ်းရပါလိမ့်မယ်။ သူတို့ရဲ့ လက်နက်တွေကို နောက်ပြန်လှည့်ပြီး ပြည်သူတွေကို ပစ်ဖို့ မဟုတ်ပဲ၊ ပြည်သူတွေရဲ့ ရန်သူတွေကို ပစ်ဖို့ ဖြစ်ပါတယ်။ ပြည်သူတွေဆိုတာ သူတို့ရဲ့ သွေးရင်းသားရင်း မိဘရင်ေးတွဖြစ်တယ်။ သူတို့ကိုယ်တိုင် ပြည်သူတွေနဲ့ လက်တွဲလာ ဖို့ ဖြစ်ပါတယ်။ သူတို့ဟာ ကျနော်တို့ရဲ့ ညီရင်း အကို များ ဖြစ်ကြပါတယ်။ အာဏာပိုင်တွေက သူတို့ကို မျက်မှန်စိမ်းတပ်ထားပြီး ပြည်သူတေါကို အစိုးရရဲ့ ရန်သူများအဖြစ်ဆန့်ကျင်ခိုင်းတာကို သူတို့ ပြုလုပ်မဲ့အစား၊ ကိုယ့်တိုင်းပြည်ရဲ့ ပျောရွှက်ချမ်းမြေ့မှုအတွက်ရယ်၊ ကြီးပွား တိုးတက်ဖို့ အတွက်ရယ် ကိုယ့်အသက်ကို စွန့်လွှတ်စတေးရာမှာ အလွန်မွန်မြတ်ပြီး အလွန်အဖိုးတန်တဲ့ အတွေးအခေါ်ရဲ့နောက်မှာ ချီတက်ဖို့ ဖြစ်တယ်။ ကျနော်တို့ နောက်မှာ စစ်သားရဲဘော်ပေါင်းများစွာလိုက်လာ လိမ့်မယ်ဆိုတာ သံသယရှိနေသူတွေကို ကျနော်စကား တခွန်းမေးလိုက်ချင်ပါရဲ့.... ...အဘယ်ကျူးဘားပြည်သူဟာ သူတို့ရဲ့ ဂုဏ်ရောင်ပြောင်မှုကို အမြတ်တနိုး မထိမ်းသိန်းတတ်ဖူးလဲ၊ အဘယ်နှလုံးသားဟာ လွတ်လပ်ရေး အရုဏ်ဦးမှာ တက်ကြွတောက်လောက်မှု မရှိဘူးလဲ...........

.။...။.............။..................။...........................။.............. .ပြည်သူလူထုကြီးဟာ ခေတ်မီလက်နက်တွေနဲ့ အကြမ်းဖက် အုပ်စိုးထားတဲ့ လွှမ်းမိုး အုပ်စိုးမှုကို အကူအညီမဲ့ ဖြုတ်လို့မရနိုင်ဘူး ဆိုတဲ့ ဒဏ္ဍာရီပုံပြင်ကို ပျက်ပြားအောင် ကြိုးပမ်းမှုတွေ ရှိလာပါပြီ။ ..........။...........။ ....လက်နက်မဲ့ ပြည်သူတွေကို ခွန်အားချိနဲ့ပြီး အကြွင်းမဲ့အနုံချာဆုံး ဘ၀ ရောက်အောင် အညံ့ခံ အရှုံးပေးအောင်. ကိုယ်စိတ်နှစ်ပါး ဗုံးဗုံးကျအောင် စစ်ရေးအင်အားပြပွဲတွေ နဲ့ ဖန်တီးလုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ ပြည်သူတွေက သူတို့ရဲ့ အခွင့်အရေးတွေကို ပြန်လည်ရယူမယ်လို့ သူတို့ဆုံးဖြတ်ချက်ချပြီးတဲ့ တချိန်မှာတော့ ဘယ်လက်နက်မျိုး၊ ဘယ်လို အကြမ်းဖက်မှုမျိုးကမှ ပြည်သူလူထူကို ချေဖျက် ဟန့်တားလို့ ရမှာ မဟုတ်တော့ပါဘူး၊...။
(စာ ၃၄၊ ၃၅)


ဆက်လက်ဖေါ်ပြပါမယ်၊ ကပ်စတရိုရဲ့ လျှောက်လဲချက်က စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ နိုင်ငံပြန်လည်တည်ထောင်ရေး၊ စသဖြင့် ရှုထောင့်ပေါင်းစုံက တင်ပြပေးထားတာမို့ အတော့်ကိုရှည်တာပါ.. လျှောက်လဲ ချက်တခု လုံးက လဲ အဓိပါယ်ပြည့်ဝ နေတော့ တချို့ကို အကျဥးချုံးဖို့တောင် မနည်းစဉ်းစားနေရပါတယ်၊ ပြီးတော့ အချိန်အခက်အခဲ ကြောင့် ပြတ်တောင်း ပြတ်တောင်း တင်ပြပေးနေရတာ နားလည်ပေးကြဖို့ တောင်းပန်ချင်ပါတယ်။ စောင့်ဖတ်ပေးကြတာ လဲ ကျေးဇူး အထူးတင်ပါတယ်..။


မမသီရိ

2 comments:

မိုးခါး said...

မမသီရိရေ
ကျေးဇူးတင်ပါတယ် ..း)

Unknown said...

လုပ်လုပ် အစ်မ..။ မြန်မြန်..။ ဖတ်ရတာ တို့လို့ တွဲလောင်းကြီး ဖြစ်နေပြီ...။