Thursday, May 14, 2009

လူဆိုး

ပန်းနုလွှာ ပါးပြင်ထက်..
နံ့သာစက် လိမ်းကာချယ်...
ချစ်စဖွယ် နုကာထွေး
ပါးကွက်လေး မှုံပျယ်ပျယ်

လူလစ်ရင် ခိုးနမ်းတတ်
ပြောရကြပ်မေ့မောင်ရယ်
လူသိမှာ တကယ်စိုးတာမို့..
အပိုရှာ ဆောင်ကာ ထားပါရ
နံ့သာထုံ...
ပန်းမှုံကြုပ် ကို.. ၀ှက်တတ်နေတယ်..။


မမသီရိ

(တခါတုန်းကျမပြောဖူးတယ် ထင်ပါရဲ့.. ကျမဘယ်သွားသွားသယ်တဲ့အထဲမှာ.. စိတ်ကူးပေါ်တဲ့ အခိုက်တွေ ချချ ရေးထားမိတဲ့.. ကဗျာစာရွက် အတိုအစတွေ.. မှတ်စုစာအုပ်တွေ ပါတယ်ဆိုတာလေ..။ ခုတလော အလုပ်က အတော်လေးများနေတော့ စာတွေရေးဖို့ အာရုံစူးစိုက်လို့ မရနိုင်တဲ့ အပြင်.. အချိန်ကလဲ လုယူချိန်တောင် မရသလောက်ရှိနေတာမို့.. Tag ကြွေးတွေ တောင်မဆပ်အားပါဘူး.။ အွန်လိုင်းမှာ လာနှုတ်ဆက်သူတွေ ကိုလဲ အားနာနာ နဲ့ bye ပြောရတာ များနေပြီ.. ဒီကြားထဲ ..အလုပ်နဲ့ ဆက်စပ်နေတဲ့ မှတ်တမ်းဟောင်းလေး တခု ပြန်ရှာရင်းနဲ့.. စာရွက်ဟောင်း နဲ့ မှတ်စု ဟောင်း ထုပ်ကြီး ဖွမိရက်သား ဖြစ်သွားတာမို့.. မနေ့ညက အိပ်ချိန် ၄ နာရီတောင် ပြည့်မယ်မထင်.. အပေါ်မှာ ဖေါ်ပြထားတဲ့ ကဗျာလေးက အဲဒီစာရွက်ဟောင်းတွေထဲ က ထွက်ကျလာတဲ့ စာရွက်ပိုင်းလေးထဲက ကဗျာ တပုဒ်ပါ.. အဲဒီမှာ တပ်ထားတဲ့ နေ့စွဲက ၂၈.၅.၁၉၉၀ လို့ ရေးထားမို့.. တချို့ ဘလော့ဂါလေးတွေ မွေးကင်းစပဲ ရှိအုံးမယ်ထင်ရဲ့.နော်.. ဒီကဗျာ ဖတ်ပြီး အထင် ထပ်မကြီးဘို့ ကြိုပြောနေတာပါ...း)..။ ကိုယ့်ကိုကိုယ်သေချာ တာ တခုကတော့ အဲံဒီအချိန် မှာ ရီးစား မရှိခဲ့တာ အသေအချာ...။ အဲဒီတုန်းက.လူကောင်ထွားထွားကောင်မလေးတွေအတွက်ဆိုရီးစားရနိုင်တဲ့အသက်အရွယ်ဖြစ်ပေမဲ့ သေးသေး ပုပုညှက်ညှက် ကျမအတွက်ကျတော့ ရီးစားဆိုတာ... ။

ရီးစား မရှိပဲ ဒီလိုကဗျာမျိုး ရေးနိုင်သလား လို့ မေးလာသူ ရှိရင်လဲ မေးခံရတာလွဲလို့ ကျမမှာ အဖြေမရှိပါ...။


အင်း.. ရီးစား ရှိနေတဲ့ ဘလော့ဂါ ညီမလေး အတွက်တော့.. ကွက်တိဖြစ်နေမလားပဲ ..နော်...း)... ဒါပေမဲ့ ဒီခောတ်ကြီးမှာက မပျက်နိုင်တဲ့ မိတ်ကပ်တွေ.. မပျက်နိုင်တဲ့ နှုတ်ခမ်းနီတွေ ရနေပြီ ဆိုတော့.. ကျမ ကဗျာလေးက ခောတ်နဲ့မှ ညီပါသေးရဲ့လား လို့...း)...။


အားလုံးကိုခင်မင်လေးစားတဲ့

မမသီရိ

10 comments:

တလနွန် said...

အမရေ ကဗျာကို ဖတ်ရင်း ရှက်စဖွယ် မျက်နှာလေးနှင့် မြန်မာဆန်ဆန်ကောင်မလေးတစ်ယောက်ကို
မြင်ယောင်မိတရ်။။ ကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ပါ အမ။

ခင်မင်ခြင်းနှင့်
တလနွန်

ပြာသို said...

မနမ်းဖူးဘူးကော အဲ့တာကျ လူလိမ္မာပေါ့နော့်း)

reenoemann said...

ဘယ်သူပြောလဲ ခေတ်မမှီဘူး လို့
မှီမှ မှီ အမရေ။
နမ်းချင်ပင်မဲ့ နမ်းဖို့ နှလုံးသားက မရှိဖြစ်နေတယ် ဗျာ
ခက်ရော..........

မောင်လေး

kaungkinpyar said...

မမ ဘယ်နားမှာ ၀ှက်ထားတာလဲ ပြောပြနော်

သီဟသစ် said...

မမသီရိရေ..

ဟောင်းပေမယ့်ကောင်းနေဆဲ လို့ပြောနိုင်တဲ့ ကဗျာလေးပါ..
:D

လင်းဒီပ said...

ဟီး...:P

သားထူး said...

ဟောင်းပေမယ့်လည်း ကောင်းနေဆဲပါ မသီရီ

ဂျူနို said...

ဘာပြောရမယ် မသိဘူး။ ကျမက မိတ်ကပ် နုတ်ခမ်းနီ မသုံးတတ်ဘူး။ အရင်ကလည်း သနပ်ခါးမလိမ်းဘူး။
ဆယ်တန်းရောက်တဲ့ထိ အဖေက သွေးပေးပြီး ကိုယ်တိုင်လိမ်းပေးရင်တောင် လမ်းမှာ တစ်ခါထဲ ဖျက်ပစ်လိုက်တယ်။
အဲ့ဒီလို ဘာမှ မလိမ်းလို့ ညိုပြီးလှလို့ တဲ့ ကိုကိုက ချစ်သွားတယ်။

ခုလည်း ဘာမှ မလိမ်းတော့ ဘလာ ဘလာ ၀င်လုပ်လိုက်တယ်။

Moe Cho Thinn said...

နံ့သာ မထုံတတ်သူမို့ အားနာမိတယ် :)

Anonymous said...

မမသီရိရေ .. လူဆိုးဆိုတဲ့ကဗျာလေးကို သဘောတကျ ဖတ်သွားတယ်ဗျာ.... ကြိုက်တယ