မိဘတွေ ခေါင်းချခဲ့တဲ့ မြေကို နောက်ဆုံးအကြီမ်ရောက်ဖြစ်ခဲ့တာ လွန်ခဲ့တဲ့ ၆ နှစ်ကျော်လောက်ကပါ..။ ဇာတိမြေက ထွက်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတောအတွင်း ဒီတခေါက် အပါအ၀င် စုစုပေါင်း ၅ကြိမ် တိတိ ပြန်ဖြစ်ခဲ့တာမို့ တခါမှပြန်ခွင့်မရသူတွေနဲ့ နှိုင်းစာရင်တော့ တော်သေးတယ်ပြောရမယ် ထင်ပါရဲ့။ ဒါပေမဲ့....
ဖေဖေ့ နောက်ဆုံးအချိန်တွေမှာရော၊ မေမေ့ရဲ့ နောက်ဆုံးကာလတွေမှာပါ အနားနား မရှိနိုင်ခဲ့တဲ့ သမီး တယောက်..ဒီတခေါက်ကိုတော့ မဖြစ်မနေကြိုးစားလို့ မိဘတွေအတွက် အလှူဒါနလေး ပြုရအောင်.. မိဘတွေ ခေါင်းချခဲ့တဲ့.. ကျေးလက်လေး တခုဆီ ကို အခက်အခဲ တွေ အမျိုးမျိုး ကြားထဲက ကြိုးစားပြီး မရောက် အရောက် သွားဖြစ်ခဲ့တာပါ...။
မြန်မာပြည်က ထွက်ခဲ့တာ ကြာတဲ့သူတွေ အတွက်တော့မသိ... ဆက်စပ်မှုရှိတဲ့သူတွေကတော့.. မြန်မာပြည်ရဲ့ ဆက်သွယ်ရေး အခြေအနေကို ကောင်းကောင်းသိကြမယ် ထင်ပါရဲ့..။ ကျမရခဲ့တဲ့ ခွင့် ၃ ပတ်မှာ .. တပတ်ကျော်က လမ်းမှာ ပုပ်သွားခဲ့တာမျိုးပါ..။ သွားတဲ့ အချိန်က မြန်မာနှစ်သစ်ကူးနဲ့ ကပ်သွားတာမို့.. ပိုဆိုးတာထင်ပါရဲ့...။
ကြီးပြင်းခဲ့ရာမြေမှာ.. ဒီလောကြီးထဲမှာ တဦးတည်းသာ ရှိတော့တဲ့ ညီမလေးနဲ့ သူ့မိသားစု၊ ဆွေမျိုးတွေ ငယ်သူငယ်ချင်းတွေ.. အဖိုးအဖွားတွေ.. ဆရာ သမားတွေ နဲ့ တွေ့ ပြီး စကားတွေဖောင်ဖွဲ့.. အနားရပေမဲ့.. ဘလော့ထဲက မိတ်ဆွေတွေကို တကယ်ပဲ လွမ်းဆွတ်နေခဲ့တာပါ..။ Internet သုံးလို့ရတယ်ဆိုတဲ့နေရာတွေမှာ ဘလော့တွေ ဖွင့်ဖတ်ဖို့ ကြိုးစားခဲ့ပေမဲ့.. ခွင့်မပြုနိုင်ဘူးဆိုတဲ့ စာမျက်နှာလေးပဲ ထွက်ကျလာခဲ့တာမို့.. မချင့်မရဲ နဲ့.. လွမ်းပွဲကို ဆင်နွှဲခဲ့ရတာပေါ့..။ မြန်မာပြည်ထဲက ရေးတယ်ဆိုတဲ့.. ဘလော့ဂါလေးတွေ.. အထူးသဖြင့် ကိုဝင်းဇော် ကိုသတိရမိပေမဲ့ ဘယ်လို ဆက်သွယ်ရမလဲ မသိတော့.. လက်လျှော့ရုံကလွဲ လို့ ဘာမှ မတတ်နိုင်ခဲ့။
ထားပါတော့လေ... ဘာပြောပြော ခုတော့ ပြန်ရောက်ပါပြီ..။ ပြန်ရောက်တယ် ဆိုတာနဲ့.. တန်းစီစောင့်ကြိုနေတဲ့ အလုပ်တွေက.. ကျမကို မျက်စလေးတွေ ပစ်ပြနေကြတာမို့.. သူများဘလော့ဂ်လဲ သွားမဖတ်အား၊ ကိုယ့်ဘလော့နားလဲ မသီနိုင်.. မိတ်ဆွေတွေ လဲ နှုတ်မဆက်အား တဲ့ ကျမအဖြစ်ကို အားလုံး နားလည်ပေးကြဘို့ တောင်ပန်းချင်မိပါတယ်..။
ကျမ မရှိတုန်း. တင်ထားခဲ့တဲ့ ကဗျာလေးတွေ မှာ comment တွေ ၀င်ပေးခဲ့ကြတဲ့ သူတွေ.. c-box ထဲမှာ လာရောက်နှုတ်ဆက်ခဲ့သူတွေ အားလုံးကျေးဇူးတင်ပါတယ်.. တဦးချင်းပြန်ပြီးနှုတ်မဆက်နိုင်သေးတဲ့အတွက်လဲ ထပ်ပြီးတောင်းပန်ပါရစေအုံး..။
မမကိုချစ်တယ် ဆိုတဲ့စကားလုံးလေး တွင်တွင်သုံးပြီး နောက်တခေါက်ထပ်ပြီးလာ Tag ထားတဲ့ ညီမလေး ကောင်းကင်ပြာ ရေ.. မမကြိုးစားပြီး ရေးပေးပါ့မယ်နော်.. ခုလောလော ဆယ်တော့ ခဏလေးတော့ စောင့်ပါအုံး လို့..။
ကျမရဲ့ ကဗျာတွေအတွက် ၀ိုင်းပြီးခံစားပေးကြတဲ့.. ညီမတွေ.. မောင်လေးတွေ ကိုတော့... ကိုJulyDream သုံးခဲ့စကားလုံး ပြန်သုံးချင်မိရဲ့.... ချင့်ယုံ... လို့...း).. ကျမကို အထင်မကြီးလိုက်ကြပါနဲ့.....ကဗျာဆိုတာ.. တကယ်တော့ ကဗျာပါပဲနော်..။
အားလုံးကို ချစ်ခင်လေးစားတဲ့
မမသီရိ

11 comments:
အမပြန်ရောက်လာပြီဆိုတော့ ဘာပါလာလဲ။
ကျွန်တော် လာစားမယ်။
ပါလာတာပြောအုံးနော်။
စာ စစ်မေးမဲ့ သူမရှိလို့ လွမ်းနေတာ ခုမှပဲ
နေသာထိုင်သာရှိတော့တယ်။
ကဲ ကဲ နားလိုက်ပါအုံး နော် မမသီရိ။
မွေးရပ်မြေးပြန်ပြီး ကျွန်တော်တို့ ကိုလည်း သတိရနေတယ်ဆိုလို့
ဝမ်းသာရပါတယ်ဗျာ။
ခင်တဲ့
မောင်လေး Ree Noe
ပြန်ရောက်လာပြီးဆိုတော့ စာကောင်းပေကောင်းတွေ ဖတ်ရတော့မယ်ပေါ့နော် မသီရီရေ...
ဝမ်းမြောက်ဝမ်းသာ လာလည်ပါတရ်။
ခင်မင်ခြင်းနှင့်
တလနွန်
မမ ချစ်မမ နေကောင်းရဲ့လား၊ အားလုံးအဆင်ပြေခဲ့လား၊ အေးအေးဆေးဆေး အနားယူပါဦး၊ မလောပါဘူး၊ လွမ်းလို့ လာလာအော်တာ၊ ဖြေးဖြေးမှ ရေးနော်
ပြန်ရောက်ပြီတဲ့ဟေ့.ပျော်စရာကြီး
ပြန်လည်ကြိုဆိုပါတယ်
ကဗျာလှလှလေးတွေကို စောင့်နေမယ်
မမ...ပြန်ရောက်ပြီင်္ပေါ့ နေကောင်းတယ်ဟုတ် ။
ပျော်စရာကြီး မမရယ်။
မွေးရပ်မြေကို ပြန်ရတာ၊ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့ရတာ နည်းတဲ့ ကုသိုလ်လား။
အေးအေးဆေးဆေး နားပါ မမ။
ဒါနဲ့ ကဗျာက ကဗျာချည်းသပ်သပ် ဟုတ်ပါ့မလား။ ချင့်ယုံ သွားတယ်။
အိမ်အပြန်မှာ ပျော်လာမှာပေါ့နော် ..း)
အချိန်တိုင်း ပျော်ရွှင်ပါစေး)
ဘာလက်ဆောင်တွေ ပါခဲ့တုန်းး)
မမသီရိ ပြန်ရောက်ပြီဆိုလို့ လာနှုတ်ဆက်တာ..ခရီးပန်းနေဦးမှာပေါ့...အလုပ်တွေ အမြန်ဆုံး အသားကျပါစေနော်...
ပြန်ရောက်တယ်ဆိုလို့ လာနှုတ်ဆက်ပါတယ်..။
့ပင်ပန်းနေမှာပေါ့နော်...။
Post a Comment