Monday, March 16, 2009

ဘလော့ဂါ ကိုအောင်သာငယ် မွေးနေ့

သူဟာ..
ဟိုတစ်ချိန်ခါတုန်းကတော့..
ကောင်းကင်မေမေရဲ့
တောက်ပတဲ့ ကြယ်လေးတစ်ပွင့်..

ခုများတော့လဲ..
သူကိုယ်တိုင်..
ကြယ်ကလေးတွေကိုထွေးပွေ့ထားတဲ့
ကောင်းကင်ပြာကြီး လေ....။

သူဟာ..ဟို တစ်ချိန်တစ်ခါတုန်းကတော့..
ယုံကြည်ချက်တွေအတွက်
သူချစ်တဲ့ အမေ့ကိုခွဲ
အလင်းတွေထဲ ရဲရဲကြီး ပြေးဝင်..
အသွင် အသစ် စာမျက်နှာတွေဖွင့်ဘို့ အတွက်...
ဒေါနရဲ့ရင်ငွေ့ကို လှုံ
သောင်ရင်းရဲ့ ရေကြည်ကိုသောက်ခဲ့တဲ့
ဇာမဏီငှက်ကလေး တစ်ကောင်..

ခုများတော့လဲ..
ဟိုးအမြင့်တစ်နေရာဆီ
ပျံသန်းဘို့ရာ
အစွမ်းကုန်အားယူနေတဲ့
(ဘယ်တော့မှ မသေဆုံးနိုင်တဲ့)
ဖီးနစ်ငှက် တစ်ကောင်ပေါ့..............။

သူဟာ..
သူ့တိုင်းပြည်ကလေးက
သစ်မြစ်ကလေးတွေကိုတောင်ချစ်တယ်
သူ့အမေကိုချစ်တယ်
ကဗျာတွေကို ချစ်တယ်..
ဂီတ ကိုချစ်တယ်
သံစဉ်တွေကို ချစ်တယ်
မိုးကောင်းကင်ကြီးကိုချစ်တယ်
ပင်လယ်ပြာပြာ ကို ချစ်တယ်
တောင်တန်းတွေကို ချစ်တယ်..
လပြည့်ညကို ချစ်တယ်
နီရူဒါကို ချစ်တယ်..
နီရူဒါရဲ့ ကဗျာတွေကို ချစ်တယ်
လွတ်လပ်မှု ကိုချစ်တယ်..
သူ့ငှက်ကလေးတွေကိုချစ်တယ်
ပြီးတော့...
နှင်း.... ကိုချစ်တယ်.......။

သူ့ရင်ထဲမှာ
ကဗျာတွေနဲ့ နူးညံ့နေတဲ့
နှလုံးသား တစုံ ရှိတယ်..
အမှန်တရား ကိုမြတ်နိုးတဲ့
နှလုံးသား တစုံ ရှိတယ်
ထိရှကြေကွဲ လွယ်တဲ့
နှလုံးသား တစုံရှိတယ်
ဂီတ သံစဉ်တွေဖွဲ့ သီနေတဲ့
နှလုံးသား တစုံရှိတယ်..
.........

ဇာမဏီငှက် ကလေးရေ..
မွေးနေ့ပေါင်းများ စွာ ကို
ပျော်ရွှင်စွာ ဖြတ်သန်းနိုင်စေကြောင်း..
ဆုမွန်ချွေ တောင်း လိုက်ပါရဲ့...

နှစ်ပေါင်း ရာချီ တဲ့ တိုင်......။

၁၇.၃.၂၀၀၉ မှာ ကျရောက်တဲ့ အကို အောင်သာငယ် ရဲ့ မွေးနေ့ မင်္ဂလာမှ သည် မွေးနေ့ပေါင်းများစွာကို အကို ချစ်သော ငှက်ကလေးများ၊ အကိုချစ်သော နှင်း နဲ့ အတူ ပျော်ရွှင်စွာ ဖြတ်သန်း နိုင်ပါစေ..။ အကိုချစ်သော မိသားစု နဲ့ အမြန်ဆုံး ပြန်ဆုံနိုင်ပါစေ..။

.....................................................................................................
မမသီရိ

11 comments:

ကောင်းကင်ပြာ said...

အကို့အတွက် ကဗျာလေး က လဲ လှလိုက်တာ၊ မမ နဲ့ အတူ ဆုတောင်းသွားတယ်နော်

ATN said...

မွေးနေ့ဆုတောင်းနဲ့ မွေးနေ့လက်ဆောင်အတွက် ကျေးဖူးအထူးပါ ညီမလေး...း)

khin oo may said...

happy birthday ကိုအောင်သာငယ်။

လင်းဒီပ said...

ကိုအောင်သာငယ်ကြီး ကျန်းမာပျော်ရွှင်ပါစေ..
မွေးနေ့ဆုတောင်းကဗျာလေးရေးတဲ့
မမသီရိလည်း ကျန်းမာပျော်ရွှင်ပါစေ...

ကိုရင်နော်ခင်လေးငယ် said...

တစ်ရက်ကြီး တစ်ရက်ငယ်
နှစ်ယောက်လုံးကို နှုတ်ဆက်ပါတယ်..

Happy Birthday..!!!

Anonymous said...

မမ ကဗျာလေးဖတ်ပြီးမှ အန်ကယ့်ကို ပုံဖော်ကြည့်လိုက်တော့ ပိုပိုလေးစားမိတယ် ဟုတ်တယ် အန်ကယ်က အိပ်တန်းပျောက်တဲ့ ငှက်ပေမယ့် ဟိုးအမြင့်တစ်နေရာဆီ
ပျံသန်းဘို့ရာ
အစွမ်းကုန်အားယူနေတဲ့
(ဘယ်တော့မှ မသေဆုံးနိုင်တဲ့)
ဖီးနစ်ငှက် တစ်ကောင်ပေါ့....

မွေးနေ့မှာ ပျော်ရွှင်ပါစေ အန်ကယ်ရေ့ ။

Welcome said...

အစ်မနဲ့ ထပ်တူ ဆုတောင်းလိုက်ပါတယ်။
နွေးထွေးပျော်ရွှင်တဲ့ မိသားစုလေး အမြန်ပြန်လည် ဆုံဆည်းနိုင်စေဖို့ပါ .. ..

လေးစားလျက်

ဆောင်းယွန်းလ said...

အကိုကြီးအောင်သာငယ်ကတော့ မသီရိရဲ့ဆုတောင်းကဗျာလေးအတွက် ဝမ်းသာကြည်နူးသွားမှာ အမှန်ပဲ...ကျနော်လည်း ကိုအောင်သာငယ်အတွက် မသီရိနဲ့ထပ်တူတောင်းဆုပြုပေးပါတယ်...ကွဲကွာနေတဲ့ အကိုတို့မိသားစုတွေ အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ကြပါစေဗျာ...

Anonymous said...

မွေးနေ့ကဗျာလေးကို လာဖတ်ပါတယ်.......။
အကို အောင်သာငယ်ရဲ့မွေးနေ့အတွက်လဲ ဆုတောင်းပေး
ခဲ့ပါတယ်......။ပျော်ရွှင်နိုင်ပါစေ..............။

Anonymous said...

အစ်ကို ကိုအောင်သာငယ်..
မွေးနေ့ကစလို့ အမြဲကျန်းမာချမ်းသာပါစေ....

sin dan lar

Kaung Kin Ko said...

မသီရိ ရဲ့ ကဗျာလေးဖတ်ပြီး ကိုအောင်သာငယ်အတွက် ဆုတောင်းပေးသွားပါတယ်။