Saturday, March 14, 2009

ကျန်နေသေးသော လမ်းတပိုင်းအတွက်

လမ်းမပေါ်မှာ
...
မနိုင်ဝန်တွေ.. တနင့်တပိုးနဲ့
လောကရဲ့ လမ်းများထက်..
နှစ်ပေါင်းများစွာ..
အထီးကျန်စွာ... လျှောက်လှမ်းလာခဲ့ရ..
ဒဏ်ရာတွေနဲ့ခေါက်ရိုးကျေနေတဲ့..
နေ့တွေ
ညတွေ
.......
ရာသီတွေ ပေါင်းစပ်လိုက် တဲ့ အခါ..
...
အသိုက်လေး တခြမ်းပဲ့နဲ့
မလုံခြုံ တဲ့ .. အုံ့မှိုင်းခြင်းရဲ့ အောက်..
ကိုယ်နဲ့ မဆိုင်သလို ရှိနေခဲ့တဲ့...
မေတ္တာဆိုတဲ့ အရာတွေ...
ကိုယ်နဲ့မဆိုင်တဲ့.. ချစ်ခြင်းတရားတွေ က.
ဟိုး.... ဝေးဝေး မှာ....
သီးသန့်လမ်းလျှောက်လို့...
တကဲ့ကို... ကိုယ် နဲ့ မဆိုင်စွာ....
လောက ရဲ့ လမ်းမ တခုပေါ် က... ငါ......။
.................................................................

ဆန္ဒ (၁)

..

ငါ...

ကတ္တီပါဖိနပ် မလို..

ရွှေထီးလဲမဆောင်း

အဟောင်းတွေ အသစ်ဖြစ်ဖို့

ခံယူချက်တွေ ရောင်းစား တဲ့ အထဲတော့ မ၀င်လို..

..

ငါ...

လင့်ခရူဇာ မစီး..

တိုက်ကြီးလဲ မလို..

ပိုပိုသာသာတွေး..

ချိုချို သာသာလေး ပြောပြီး..

နောက်ကျော ဓါးနဲ့ ထိုး..

အန္ဓ လူအမျိုးတော့ မဖြစ်လို....

..

ငါ...

ထောင်သောင်း အနန္တ..

ပူပန်သောကတွေ ပြည့်ဝ

ချစ်စရာရှိရင် ချစ်ကြ

မုန်းစရာရှိတာ မုန်းကြ

အစွန်းတရား တဖက်ဆီထိမကျ..

ကြည်နူးစရာများလဲ မျှဝေ ခံစား..

သာမန်လူတန်းစားက

လူသားဆန်တဲ့..

လူတယောက်အဖြစ်ပဲ.. ရ ရလို...။

..

..

ဆန္ဒ (၂)

ဘဝ

ပုံစံတကျ.. ရှိချင်မှ ရှိတတ်တယ်

လောကဓံရှစ်ပါး
ဘ၀များကို.. လွှမ်းမိုးချုပ်ကိုင်..
ယိုင်ချင်ယိုင်.. နဲ့ချင်နဲ့
လူ ပီသ ဘို့အတွက်
လမ်းမှန်ကဖဲ့ မထွက်..
အိမ်အပြန်
ဘ၀အမှန်ပါဘို့
စိတ်ကောင်းထား မေတ္တာယှဉ်..
မဇ္ဈိမ သံယောဇဉ်..
မတုန်ယင်တဲ့ ခြေလှမ်းတွေနဲ့...
ကျန်နေတဲ့ လမ်းတပိုင်း
အနက်ရှိုင်းဆုံး..
ရဲရဲ...
... ဆက်လျှောက် သွားမယ်...။
..
..
မမသီရိ (၁၅.၃.၂၀၀၉ အတွက် အမှတ်တရ)

18 comments:

လင်းဒီပ said...

ကျန်နေသေးတဲ့လမ်းတစ်ပိုင်းဆိုတာတော့ အမှန်ပါပဲ အစ်မရေ...
လိပ်ပြာသန့်သန့်လေး နေချင်တယ်..
လိပ်ပြာသန့်သန့်လေး သေချင်တယ်..
ဧည့်သည်လို ခဏလေးရောက်လာတုန်းမှာ အကုသိုလ်တွေ မနိုင်မနင်း သယ်မသွားချင်ဘူး..

မမသီရိ said...

ကျေးဇူးပါ မောင်လေး ရေ

Anonymous said...

အစ်မရေ......
အဲဒီကဗျာကိုတော်တော်လေး ကြိုက်တယ်...။
ရေးထားတာလေးကောင်းတယ်...။
ချိုချိုသာသာလေးပြောပြီး....
နောက်ကျောကိုဓားနဲ့ထိုး....
အန္ဓ လူအမျိုးတော့ မဖြစ်လို...
ဆိုတာလေးကို သဘောကျပါတယ်...။

မမသီရိ said...

စိတ်စမ်းရေ က မောင်လေး ရေ
ကျေူးဇူး တင်ပါတယ် နော် ..

သီဟသစ် said...

စိတ်ကောင်းထား မေတ္တာယှဉ်..
မဇ္ဈိမ သံယောဇဉ်..
မတုန်ယင်တဲ့ ခြေလှမ်းတွေနဲ့...
ကျန်နေတဲ့ လမ်းတပိုင်း
အနက်ရှိုင်းဆုံး..

ရဲရဲ...
... ဆက်လျှောက် သွားမယ်...။

အဲဒီ စာသားလေး အကြိုက်ဆုံးပဲ မမသီရိရေ
စာဖတ်ပြီး အားရှိသွားပြီ

ဦးဂင်ကြီး said...

ရဲရဲသာဆက်လျှောက်ပါ ငါ့ညီမရေ အတွေးလေးကောင်းပါ့ဗျာ အားပေးလျှက်ပါ။

JulyDream said...

ကျန်နေသေးတဲ့ ဘီအီးတစ်ပိုင်း လို့ ရုတ်တရက် ဖတ်မိသွားတယ်။ ဘီအီး ကြိုက်တတ်တဲ့ သူငယ်ချင်းတွေကိုတောင် ဘာမဆိုင် ညာမဆိုင် သတိရမိသေးတယ်။

မွေးနေ့မင်္ဂလာမှာ ပျော်ရွှင်ပါစေဗျာ။
ကူညီပံ့ပိုးပေးနိုင်တဲ့ သူတောင်ကောင်းတွေနဲ့ ဘ၀ခရီးလမ်းမှာ တွေ့ဆုံနိုင်ပါစေ...
ရဲရဲလျှောက်တဲ့ ခရီးလမ်းမှာ ခလုတ်မထိ ဆူးမငြိပါစေနဲ့ဗျာ။

(ပေးတဲ့ဆုနဲ့ တလုံးတ၀တည်း ပြည့်ပါစေ)
ဒါကတော့ မွေးနေ့ရှင်ကိုယ်စား ပြောတာပါ။

ကောင်းကင်ပြာ said...

လာ ...မမ တူတူလျှောက်ရအောင်နော်၊

ATN said...

Happy Birthday!!!
Many Happy Returns!!!
You are getting ...... !!!.... :)

ဆောင်းယွန်းလ said...

အိမ်အပြန်
ဘ၀အမှန်ပါဘို့
စိတ်ကောင်းထား မေတ္တာယှဉ်..
မဇ္ဈိမ သံယောဇဉ်..
မတုန်ယင်တဲ့ ခြေလှမ်းတွေနဲ့...
ကျန်နေတဲ့ လမ်းတပိုင်း
အနက်ရှိုင်းဆုံး..

ရဲရဲ...
... ဆက်လျှောက် သွားမယ်...။

ကဲ...ရဲရဲဆက်လျှောက်ကြမယ်လေ...
အင်မတန်မှ မွန်မြတ်သန့်စင်ပြီး လှပတဲ့ ဆန္ဒလေးတွေပါပဲ မသီရိရေ...ကဗျာထဲက စကားလုံးတွေရော အသုံးအနှုန်းနဲ့ တည်ဆောက်ပုံရော
ကာရန်တွေရော အကြောင်းအရာပါ အားလုံးကောင်းမွန်လှပနေတဲ့ ကဗျာတပုဒ်ပါပဲ မသီရိရေ

ဆောင်းယွန်းလ said...

ပျော်ရွှင်ဖွယ်ရာမွေးနေ့မှသည်...နောင်နှစ်ပေါင်းများစွာအထိ ရွှင်လန်းချမ်းမြေ့စွာနဲ့ ဖြောင့်ဖြူးသာယာတဲ့ ဘဝခရီးကို လျှောက်လှမ်းနိုင်ပြီး
အလုံးစုံသော လိုအင်ဆန္ဒတွေလည်း ပြည့်ဝနိုင်ပါစေလို့
ဆုတောင်းပေးပါတယ် မသီရိရေ...

Anonymous said...

မမ ငယ်ငယ်တုန်းကအဲဒီလိုကဗျာမျိုးတစ်ပုဒ် ရေးဖူးတယ်။ လူသေရင်တောင် နာမည်မသေတဲ့သူဖြစ်ချင်တယ်ဆိုပြီး။ မမမွေးနေ့လား။ ကိုဆောင်းမန့်တာတွေ့မှ သိတယ်။ နောင်နှစ်ပေါင်းများစွာကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ။ အချစ်တွေပြည့်စုံတဲ့ဘ၀ကိုရပြီး လွမ်းဆွေးတမ်းတရခြင်းမှ ကင်းလွတ်ပါစေနော်။

ချစ်တဲ့

မီယာ said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ မမရေ... အောင်မြင်ခြင်းတွေ ရှေ့ဆက် အများကြီး ရပါစေ

မမသီရိ said...

မွေးနေ့အတွက် ဆုတောင်းပေးသူတွေ အားလုံး
ကျေးဇူး အရမ်း တင်ပါတယ်..

Welcome said...

အစ်မရေ တိုက်ပွဲသံကဗျာလေးတွေ
ထဲထဲဝင်ဝင်ဖတ်သွားပါတယ်။

လေးစားစွာနဲ့

Welcome said...

ပျော်ရွှင်တဲ့ မွေးနေ့လေးဖြစ်ပါစေနော်
မွေးနေ့ကစလို့ ဘ၀နဲ့ဆန္ဒတစ်ထပ်တည်း ကျနိုင်စေဖို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

လေးစားစွာဖြင့်

kay said...

သြော- မွေးနေ့မှန်း မသိရပါလား..
ခုမှ သူများတွေ ဆုတောင်းထားလို့-
အမှီ လိုက် ဆန္ဒပြုလိုက်ပါတယ်။
ပျော်ရွှင် အဓိပ္ပါယ် ပြည့်ဝတဲ့ ဘ၀ တပိုင်းကို ဆက်လက်ပိုင်ဆိုင်ပါစေ။း)

Anonymous said...

မိုးချိုသင်း: ဒါဆို မမနဲ့ ချိုသင်းနဲ့ တရက်တည်းပေါ့။ ပိုခင်သွားပြီ မမရေ..:)